ကယားပြည်နယ်၌ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး သေဆုံး၊ ပြည်သူ ၂၈ ဦး ဒဏ်ရာရ

ကယား(ကရင်နီ)ပြည်နယ်မှာ စစ်ကောင်စီတပ်သားတွေက အရပ်သားတွေ၊ စစ်ရှောင်တွေ နေထိုင်ရာ နေရာတွေကို လက်နက်ကြီးနဲ့ နေစဉ် ပစ် ခတ်နေတာကြောင့် သီတင်း နှစ်ပတ်အတွင်း ကလေးငယ် တယောက် အသက်ဆုံးရှုံးခဲ့ပြီး ပြည်သူ ၂၈ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC က ထုတ်ပြန်ပါတယ်။ 

စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၁ ရက်မှ ၁၅ ရက်အထိ လွိုင်ကော်မြို့မှာ နေအိမ် ၃၈ လုံး ပျက်စီးကာ အရပ်သား  ၁၂ ယောက် ဒဏ်ရာရခဲ့သလို ဒီးမော့ဆို မှာ နေအိမ် ၁၃ လုံး ပျက်စီးပြီး အရပ်သား ၁ ယောက်သေဆုံး၊ ၈ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ ဖရူဆိုမြို့မှာ နေအိမ် ၃ လုံးနဲ့ ဖယ်ခုံမြို့မှာ  နေအိမ် ၇ လုံး ပျက်စီးကာ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်ဟာ အရပ်သားတွေ၊ စစ်ရှောင်တွေ နေထိုင်ရာနေရာကို လက်နက်ကြီးနဲ့ ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ လူ့အခွင့်အရေးကိုချိုးဖောက်၊ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်တယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC က အ ပြင်းအထန် ရှုတ်ချထားပါတယ်။

ဒါအပြင် နိုင်ငံတကာ သံတမန်တွေဟာလည်း စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေမှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နှုတ်ဆိတ်မနေဘဲ လူသားချင်းစာနာမှုနဲ့ ထိရောက်တဲ့ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို လုပ်ဆောင်ဖို့ KSCC က တိုက်တွန်းထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s