ကရင်ပြည်နယ်တွင် ၁၅ ရက်တာ တိုက်ပွဲအ တွင်း စစ်ကောင်စီ တပ်သား ၃၆ ဦး သေဆုံး

ကရင်ပြည်နယ်၊ မူတြော်ခရိုင်အတွင်း နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်းဘအကြမ်းဖက် စစ်ကောင်စီဘက်မှ ၃၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် မူတြော်ခရိုင်၊ KNU အမှတ် ၅ တပ်မဟာလက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲ၊ တပ်စု၊ တပ်စိတ်များအကြား နိုဝင်ဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရင်ဆိုင် တိုက်ပွဲပေါင်း ၅၈ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လက်ဝေခံအဖွဲ့ BGF မှ ၃၆ ဦးသေကာ ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အမှတ် ၅ တပ်မဟာဘက်မှ ၃ ဦး သေဆုံးကာ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဉ်မှ နိုဝင်ဘာ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့တွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်ပါးစေ BGF တပ်မှ အပြစ်မဲ့ ပြည်သူများ၏ လယ်ယာခြံမြေများနှင့် ကူးလူးသွားလာသည့် လမ်းများပေါ်သို့ အမြောက်လက်နက်ကြီး ၂၉ လုံးကို ရည်ရွယ်ချက်ရှိရှိနှင့် တမင်ပစ်ချခဲ့ပြီး ဝေဟင်တပ်မှ ဂျက်တိုက် လေယာဉ် ၃ ကြိမ်ပျံဝဲလာပြီး နေရာ သုံးနေရာသို့ ဗုံးသီး ၁၂ လုံး လာရောက်ဗုံးကြဲခဲ့၍ နေအိမ်အဆောက်အအုံအချို့ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် လက်ပါးစေ BGF တို့ အမှတ် ၅ တပ်မဟာအုပ်ချုပ်ရာဒေသအတွင်းရှိ ကျေးရွာများနှင့် လယ်ယာမြေများသို့ လေ ယာဉ်ဗုံးသီးနှင့် အမြောက်လက်နက်ကျည် ၄၁ လုံးတိတိ ပစ်ခတ်ခဲ့ပြီး လူ့အခွင့်အရေးများကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s