မြစ်ကြီးနားတွင် မူးယစ်ဆေးဝါးသုံးစွဲသူ ပိုများလာပြီး ပစ္စည်းခိုးယူခံရမှုများဖြစ်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲမှု ပိုများလာပြီး ရပ်ကွက်နေအိမ်တွေမှာ  ပစ္စည်းခိုးယူခံရတာတွေ ဖြစ်နေတယ်လို့ ဒေ သခံတွေက ပြောပါတယ်။ 

မူးယစ်ဆေးဝါးသုံးစွဲသူတွေထဲမှာ အသက်မပြည့်သေးတဲ့  ၁၈ နှစ်အောက် လူငယ်တွေလည်း ပါဝင်တယ်လို့ ရမ်ပူရပ်ကွက်မှာ နေထိုင်သူတဦးကပြောပါတယ်။

“မူးယစ်ဆေးဝါးသုံးဆွဲသူတွေကတော့ အရွယ်စုံတယ်။ အချို့ဆို အသက်မပြည့်သေးတဲ့ ကလေးတွေတောင် တွေ့ရတယ်။ သက်ဆိုင်ရာက လာဖမ်းတာတွေလည်းမရှိဘူး။  ဆိုင်ကယ် ခြံအပြင်မှာ ရပ်ထားရင် မကြာဘူးပျောက်သွားတယ်။ အချို့ cctv တပ်ထားတဲ့ဟာ ပြန်ကြည့်ရင် နံပါတ်ဖိုးထိုးပြီး ဆိုင်ကယ်ယူစီးသွားတာတွေ့ရတယ်။ ဘယ်ကသူတွေလဲ ဆိုတာတော့ မသိရဘူး ပြန်လည်းမရပါဘူး။” 

အေးမြသာယာရပ်ကွက် ရထားသံလမ်းအနီးမှာလည်း မူးယစ်ဆေးဝါး  လာရောက်သုံးစွဲကြတာရှိနေပေမယ့် သက်ဆိုင်ရာက အရေးယူဆောင် ရွက်တာ မရှိဘူးလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“အသက် ၁၆ နှစ်လောက်က စပြီး ၅၀ ကျော်လောက်ထိ တွေ့ရတယ်။ အများအားဖြင့်တော့ မနက် အစောပိုင်းနဲ့ ညနေမှောင်ရီပျိုးစတွေမှာ အုပ် စုလိုက်လာပြီး ဖိုးထိုးကြတာ။ အဲ့အချိန်ဆို အဲ့ဒီနား မိန်းကလေးတွေ မသွားရဲဘူး။ ညဘက်တွေ မီးပျက်ရင် မီးကြိုးပါ ဖြုတ်ခိုးတယ်။ ဆိုင်ကယ်ကတော့ ရပ်ကွက်ထဲပျောက်တာ အတော်များပြီ။ ဒီနေရာမှာ မူးယစ်ဆေးသုံးစွဲမှုတွေ ပြုလုပ်နေတာကိုလည်း လာရောက်ဖမ်းဆီးတာ မတွေ့ရဘူး။”

၂၀၁၉ ခုနှစ်အထိ မြို့နယ် လူထုအခြေပြု မှုးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တွေက လှုပ်ရှားမှုတွေ ရှိပေမယ့်လည်း နောက်ပိုင်းမှာတော့ ကိုဗစ်ရောဂါနဲ့နိုင်ငံရေးအခြေအနေကြောင့် မှုးယစ်ဆေးဝါးကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်အတွင်း  လှုပ်ရှားမှုတွေ ပြုလုပ်တာမရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s