သံဖြူဇရပ်-ရေးကားလမ်းတွင် စစ်တပ်နှင့် PDF သုံးကြိမ် တိုက်ပွဲဖြစ်

မွန်ပြည်နယ်  သံဖြူဇရပ်-ရေးကားလမ်းဝန်းကျင်က ရွာတွေနားမှာ နိုဝင်ဘာ ၁၉ ရက်က စစ်ကောင်စီတပ်နဲ့  တိုက်ပွဲ သုံးကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတောင်ညိုပြည်သူ့ပြောက်ကျားအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

မနေ့မနက် ၉ နာရီခွဲကျော်လောက်က ရေးမြို့ကနေ သံဖြူဇရပ်ကို တက်လာတဲ့ စစ်ကား ၇ စီးကို  ကွမ်ကြိုက်နဲ့  ကနင်ကမော့ရွာကြားမှာ ပထ မ အကြိမ် ချုံခို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး  မနက် ၁၁ နာရီကျော်လောက်မှာတော့ သံဖြူဇရပ်မြို့ကနေ လမ်းကင်းလာတဲ့ စစ်ကားသေး ၁ စီးနဲ့  ဝဲခမီကျေးရွာနားမှာ ဒုတိယအကြိမ် ထိပ်တိုက်တွေ့ဆုံ ပစ်ခတ်ခဲ့သလို နေလယ် ၁ နာရီဝန်းကျင်မှာ ရေးမြို့ ကနေ သံဖြူဇရပ်ကို တက်လာတဲ့ စစ်ကား ၇ စီးကို ဘေးလမိုင်းရွာနားမှာ တတိယအကြိမ် ချုံခိုတိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တိုက်ခိုက်မှု သုံးခုမှာ စစ်ကောင်စီတပ်သား ၈ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ခိုက်မှု ၃ ကြိမ်အတွင်း ဒေသခံပြောက်ကျားအဖွဲ့တွေဘက်က ထိခိုက်ကျဆုံးမှုကိုတော့ ထုတ်ပြန်ချက်ထဲမှာ မဖော်ပြထားပါဘူး။

အခုလို သံဖြူဇရပ်-ရေးကားလမ်းပေါ်မှာဖြစ်ခဲ့တဲ့ မကြာခဏ တိုက်ခိုက်ခံရမှု၊ သေဆုံး ဒဏ်ရာမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ခုချိန်ထိ တစုံတရာ သတင်းထုတ်ပြန်တာ မရှိသလို သီခြား အတည်လို့လည်း မရခဲ့ပါဘူး။

မနေ့ကအဲဒီလမ်းပိုင်းမှာ ခရီးသွားခဲ့သူ တဦးက “စစ်တပ်နဲ့ PDF တွေ တိုက်ပွဲဖြစ်နေတယ် ကြားတယ်။ ခရီးသွားကားတွေ ပိတ်မိနေတယ်။ စစ်ကား ၂ စီးလောက် ပျက်စီးတာ မြင်ရတယ်။ ထိခိုက် သေဆုံးတာတော့ ရှိနိုင်တယ်။ လမ်းက ညလောက်မှ ပြန်ပြီးသွားလာလို့ရတယ်” ပြောပါတယ်။

သံဖြူဇရပ် – ရေး ကားလမ်းပေါ်ရှိ ပိန္နဲတော၊ ငှက်ပျောတောကျေးရွာနဲ့ အနီးအနားက ကျေးရွာတွေ၊  သံဖြူဇရပ် – ဘုရားသုံးဆေလမ်းပေါ်က ဇီးနှစ်ပင်၊ ဦးခွေး(ဒေါ်ယိမ်း)ရွာ ၊ရဲတံခွန် ကျေးရွာနဲ့ အနီးအနားရှိရာဘာခြံတွေနဲ့ ဂျပန်တောင်ခြေဝန်းကျင်က ရာဘာခြံတွေမှာ နေထိုင်ကြတဲ့ ဒေသခံ ၂၀ လောက် ပြီးခဲ့တဲ့ရက်တွေက ဖမ်းဆီးခံထားရပါတယ်။

သံဖြူဇရပ်-ရေး ကားလမ်းပေါ်က  ဦးခွေး(ဒေါ်ယိမ်း) ကျေးရွာမှာ ရွာလုံးကျွတ်နီးပါး ထွက်ပြေး တိမ်းရှောင်နေရပြီး ရွာသားအများစုကတော့ ရွာ ကို မပြန်လာရဲကြသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s