စစ်ကြောင်းထိုးရန်ထွက်လာသည့် စစ်ကောင်စီတပ် ဖောကားကို ကာကွယ်ရေးတပ်ဖွဲ့ မိုင်းဆွဲပြီးနောက် ပစ်ခတ်တိုက်ခိုက် ၁၀ ဦးသေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီတပ် ဖောကားကို မိုင်းဆွဲပြီးနောက် ပစ်ခတ်တိုက်ခိုက်ရာ ၁၀ဦး သေဆုံးကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) တာဝန်ခံက မဇ္စျ်ိမကို ပြောသည်။

ဝက်လက်မြို့တွင်ရှိသည့် စစ်ကောင်စီတပ်မှ အင်အား ၃၅ ဦးခန့် လိုက်ပါစီးနင်းလာသည့် ဖောကားသည် ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီ ၄၀ မိနစ်အချိန်က ခေါတောကျေးရွာကို စစ်ကြောင်းထိုးရန် လာရောက်စဉ် ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ ဝက်လက်မြို့ပေါ်ကနေ ခေါတောရွာဘက်ကို စစ်ကြောင်းထိုးဖို့လာတဲ့ စစ်ကောင်စီတပ်ပါ။ ဖောကားနဲ့ အင်အား ၃၅ ဦးခန့်ပါတယ်။ ရွာအရှေ့ဘက်အရောက်မှာ မိုင်းဆွဲတိုက်ခိုက်လိုက်တာဖြစ်ပါတယ်” ဟု PAFD တာဝန်ခံက မဇ္စျိမကို ပြောသည်။

စစ်ကြောင်းထိုးရန်လာရောက်သည့် စစ်ကောင်စီတပ် ဖောကားကို ကာကွယ်ရေးတပ်ဖွဲ့က ပဒေသာမိုင်း ခြောက်လုံးဖြင့် မိုင်းဆွဲပြီးနောက် ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ရေးတပ်ဖွဲ့၏ မိုင်းဆွဲမှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖောကားမှာ လမ်းဘေးကို ထိုးကျခဲ့ပြီး ကားပေါ်တွင် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ ၁၀ဦး သေဆုံးခဲ့ကြောင်း PAFD တာဝန်ခံက ပြောသည်။

“ မိုင်းဆွဲလိုက်တော့ ကားက ထိုးကျသွားတယ်။ အဲ့အချိန်မှာ သူတို့ကလည်း ပစ်တယ်။ ကျွန်တော်တို့ကလည်း ပြန်ပစ်တယ်။ သတင်းအတိ အကျရတာက ခွေး(စစ်ကောင်စီတပ်ဖွဲ့ဝင်) ၁၀ကောင် သေတယ်။ ဒဏ်ရာရတဲ့ သူတွေလည်းများတယ်။ အတိအကျကတော့ ၁၀ကောင်သေတယ်ဆိုပြီး သတင်းရတယ်” ဟု ၎င်းက ဆိုသည်။

ကာကွယ်ရေးတပ်ဖွဲ့၏ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ခေါတောကျေးရွာကို ဝင်ရောက်ခြင်းမရှိတော့ဘဲ ထိခိုက်ဒဏ်ရာရသူများကို သယ်ယူကာ ဝက်လက်မြို့ပေါ်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

“ အဲ့နေ့က တကယ်တော့ ကျွန်တော်တို့က လက်နက်ချင်းကွာလို့ မဟုတ်ရင် ဒီကောင်တွေဆီက လက်နက်ရော လူတွေရောကို အမြစ်ဖြတ်နိုင်မှာ။ အခုတော့ ဒီကောင်တွေကို အပြီးအပြတ်မဆောင်ရွက်နိုင်ခဲ့ပါဘူး” ဟု PAFD တာဝန်ခံက ဆက်ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ကာကွယ်ရေးတပ်ဖွဲ့ကို လက်နက်အင်အားတောင့်တင်းလာစေရန်အတွက် ဝိုင်းဝန်းလှူဒါန်းပေးကြရန်လည်း ၎င်းက မေတ္တာရပ်ခံသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s Army To Fight Dictatorship (PAFDဝက်လက်) ဗိုလ်လှိုင်ဘွားအဖွဲ့တပ်ခွဲ DK PDF(MMU)၊ People’s knight Defense Force Myinmu (PKDF-MMU)၊ TAUNGTHA People Defense Force (TTAPDF) နှင့် D.B.B.F-MMU မဟာမိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က ဝက်လက်မြို့နယ် ခေါတောကျေးရွာအနီးတစ်ဝိုက်ကို ပြန်လည် စစ်ကြောင်းထိုးမည့် အခြေအနေ မရှိသေးသော်လည်း စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s