ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းသို့ ရိက္ခာလာပို့သည့် စစ်ကြောင်းကို PDF များက ကြားဖြတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရဲစန်းသို့ ရိက္ခာလာပို့သည့် စစ်ကြောင်းကို PDF တပ်များက ကြားဖြတ်တိုက်ိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လင်္ကျာက ပြောသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ချောင်းကူး ကျေးရွာမှ ဇီးပြားရဲစခန်းသို့ ရိက္ခာ လာပို့သော စစ်ကြောင်းကို ကျွန်းတိုင်ရွာ အနီးတွင် PDF တပ်များက တိုက်မိုင်း နှစ်ကြိမ်၊ မိုင်းအကြီး များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုစစ်ကြောင်းသည် ရှေ့သို့ ဆက်လက် ချီတက်လာစဉ် ထပ် မံ၍ PDF များက ခြုံခိုတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံး ၍ ၉ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။

စစ်ကြောင်းကို တိုက်ခိုက်ရာတွင် မြိုင် ပကဖ တပ်ရင်း၁ ၊ ပေါက် မြွေပွေး ပျောက်ကျားတပ်ဖွဲ့၊ တိမ်လွှာမုတ်ဆိတ် အဖွဲတို့နှင့် ပူးပေါင်းဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်က အထိနာ၍ တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိ ကျွန်းတိုင်ကျေးရွာအနောက်ပိုင်းကို မီးဝင်ရှို့သွားပြီး အိမ်ခြေ ၁၃ လုံးခန့် မီးလောင်ကျွမ်းပြာကျသွားကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s