ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ




khit thit
khit thit
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ၊ ညောင်ချောင်းကျေးရွာမှ အမ်းမြို့နယ် သမဝါယမ ဥက္ကဋ္ဌ ဦးအောင်တင်မြင့်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်နေ့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ကိုးရက်အထိ ကြာမြင့်နေပြီဖြစ်ကာ အဆက်အသွယ်မရသည့်အတွက် မိသားစုဝင်များက စိုးရိမ်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ရက်နေ့ မွန်းလွဲ ၁နာရီခန့်က အမ်းမြို့သို့ ဈေးဝယ်သွားသည့် ဦးအောင်တင်မြင့် (၄၅ နှစ်)ကို အမ်းမြို့တစ်မိုင်ကုန်းဂိတ်တွင် စစ်ကောင်စီတပ်က မေးစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိခြင်း မရှိကြောင်း သိရသည်။
“နာမည်ကို မေးပြီးတော့ ခဏလိုက်ခဲ့ဦး မေးစရာရှိတယ်ဆိုပြီး စစ်တပ်က ဖမ်းဆီး သွားတာလို့ သိရပါတယ်။ အခု ရဲတွေဆီက တစ်ဆင့်သိရသလောက် စရဖ(စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့)မှာ ထားတယ်လို့ ပြောပါတယ်။ မိသားစုတွေကလည်း သူနဲ့ အဆက်အသွယ်မရတော့ အရမ်းစိုးရိမ်နေကြပါတယ်” ဟု ဦးအောင်တင်မြင့်၏ မိသားစုဝင် တစ်ဦးက ပြောသည်။
ဦးအောင်တင်မြင့်သည် မည်သည့်အဖွဲ့အစည်းနှင့်မှ ဆက်သွယ်ထားခြင်းမရှိဘဲ ရွာရှိ စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်ကာ အမ်းမြို့သမဝါယမ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်နေသူဖြစ်ကြောင်း ၎င်းမိသားစုဝင်က ဆိုသည်။
“သူက ဘယ်အဖွဲ့နဲ့မှချိတ်ဆက်ထားတာမရှိပါဘူး။ ရွာမှာပဲစိုက်ပျိုးရေး လုပ်ကိုင်နေတာ။ နောက် မြို့နယ်မှာ သမဝါယမှာ ဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်နေတာပါဗျ။ အခုက ဒီတိုင်းပဲ သတင်းတွေကို နားထောင်နေရတယ်” ဟု ဦးအောင်တင်မြင့်၏ မိသားစုဝင် က ပြောသည်။
စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်ရှိ တောင်ကုတ်၊ အမ်း၊ ကျောက်ဖြူ ၊သံတွဲ စသည့် နေရာများတွင်နေထိုင်သူ ဒေသခံများအား ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟု ဆိုကာ မကြာခဏဆိုသလို ဖမ်းဆီးတရားစွဲ ဆိုခြင်းများကို လုပ်ဆောင်လျက်ရှိသည်။ mizzima
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးမှုကြောင့် နေအိမ် ၅၂ လုံး ပြာကျခဲ့ကြောင်း မြိုင်မြို့ နွေဦးတော်လှန်ရေး အဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ပိုင်းတွင် ဗဟင်း ရဲစခန်းမှ စစ်သားနှင့်ရဲများက ရဲစခန်းကို မီးရှို့ဖျက်ဆီးပြီးနောက် ညနေပိုင်းတွင် ကျေးရွာအတွင်းမှ ပြည်သူပိုင် နေအိမ် ၅၂ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ဆိုင်ကယ်နှင့် ကားများကိုလည်း မီးရှို့ကာ ရဲစခန်းကို စွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။
” စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗဟင်းကျေးရွာက ရဲစခန်းနဲ့ ပြည်သူပိုင်နေအိမ် ၅၂ လုံးကို မီးရှို့ဖျက်စီးသွားပြီး ဒီနေ့ နံနက် ၈ နာရီလောက်မှာ စခန်း ကနေ ထွက်ခွာသွားတယ်။ စစ်ခွေးတွေက မနေ့က နံနက်ပိုင်းတည်းက ဗဟင်းရဲစခန်းကို စတင်မီးရှို့ဖျက်စီးကာ ပြည်သူပိုင်နေအိမ်များကိုလည်း လိုက်လံမီးရှို့ဖျက်စီးခဲ့တာပါ” ဟု မြိုင်မြို့ နွေဦးတော်လှန်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ khit thit
နိုင်ငံတကာက မြန်မာစစ်အာဏာရှင်တွေကို နိုင်ငံရေးဇာတ်ခုံကနေ ဖယ်ထုတ်ဖို့ ပိုမိုဆောင်ရွက်လာတာနဲ့အမျှ ကမ္ဘောဒီးယားက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမယ့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီခန့် ကာကွယ်ရေးဝန်ကြီးကို ဖိတ်ကြားမယ့် စာ ရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ Foreign Policy သတင်းမှာဖော်ပြပါတယ်။
မြန်မာစစ်ကောင်စီခန့် ကာကွယ်ဝန်ကြီး ဗိုလ်ချုပ်ကြီး မြတ်ထွန်းဦးကို အစည်းအဝေးတက်ခွင့်မပြုတဲ့ အကြောင်းကို နိုဝင်ဘာလ ၂၂ ရက်မှ ၂၃ ရက်အထိ နှစ်ရက်ကြာကျင်းပမယ့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်လာတဲ့ အမေရိကန်ကာကွယ်ရေးဝန် ကြီး လွိုဒ်အော်စတင်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေပိုမိုဆိုးရွားလာအောင် မလုပ်ဖို့ အင်ဒိုနီးရှားထိပ်တန်းအရာရှိတွေက မြန်မာစစ်အာဏာရှင်တွေကို တောင်းဆိုလိုက်ပြီးနောက်မှာ ဒီဆုံးဖြတ်ချက်ထွက်ပေါ်လာတာဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကြောင့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်က မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံရမယ့် စိတ်မချမ်းမြေ့စရာအဖြစ်ကနေ လွတ် မြောက်သွားတယ်လို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် (FP) Foreign Policy ရဲ့ သတင်းမှာဖော်ပြထားပါတယ်။
အာဆီယံအစည်းအဝေးတွေမှာ တရုတ်နဲ့ မြန်မာဘက်ကနေ အမြဲတမ်းကာကွယ်ပြောဆိုတတ်တဲ့ ကမ္ဘောဒီးယားရဲ့ သိမ်မွေ့တဲ့ အပြောင်းအလဲဖြစ်တယ်လို့လည်း FP သတင်းက ရေးပါတယ်။
အမေရိကန် အကြီးတန်း ကာကွယ်ရေးအရာရှိတစ်ဦးက “မြန်မာစစ်တပ်ဟာ ဒေသတွင်းက တခြားနိုင်ငံတွေကို ကတိပေးခဲ့တဲ့အတိုင်း မြန်မာနိုင်ငံထဲမှာ လက်ရှိဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းမှုတစ်ခုရှိမလာမချင်း ဒီလိုဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ မြန်မာစစ်တပ် တက်ရောက်ခွင့်ရှိမှာမဟုတ်ဘူး။ မြန်မာနိုင်ငံမှာ အခုဖြစ်ပျက်နေတာတွေဟာ လက်ခံနိုင်စရာမရှိဘူး၊ ပြီးတော့ ဒီလိုပုံစံနဲ့ အရင်လို ဆက်သွားလို့ မရဘူးဆိုတာကို ပြသဖို့ အာဆီယံက ဒီခြေလှမ်းကို လှမ်းခဲ့တာဖြစ်တယ်” လို့ ပြောပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူအရ ဘယ်သူကပြောတယ်ဆိုတာကိုတော့ ထုတ်ပြောခွင့်မရှိဘူးလို့ FP က ဆိုပါတယ်။
သမ္မတဘိုင်ဒန်အစိုးရကလည်း မြန်မာစစ်အာဏာရှင်တွေကို အာဆီယံမှာ အဆင့်အတန်းလျော့ချဖို့အတွက် တိုက်တွန်းနေတယ်လို့ နောက်ထပ် အမည်မဖော်လိုသူ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောပါတယ်။
မြန်မာစစ်အာဏာရှင်တွေကို အာဆီယံရဲ့ အရေးကြီးတဲ့ အခမ်းအနားတွေမှာ မဖိတ်ဖို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်လွှဲယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ဂျိုကိုဝီဒိုဒိုက တိုက်တွန်းတောင်းဆိုခဲ့ပြီးနောက်မှာ ကမ္ဘောဒီးယာက အခုလိုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာစစ်အာဏာရှင်တွေကိုထည့်သွင်းဖိတ်ကြားဖို့ ဒီနှစ်အစောပိုင်းမှာ ရပ်တည်တောင်းဆိုခဲ့တဲ့ အမြဲတမ်း တရုတ်ဘက်ယိမ်းတဲ့ ကမ္ဘောဒီးယားရဲ့ ဆန့်ကျင်ဘက် ဆောင်ရွက်ချက်လည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ မြေပြင်အခြေအနေတွေဟာ ပိုမိုဆိုးရွားလာနေပေမဲ့ စစ်အာဏာရှင်တွေရဲ့ ဝန်ကြီးတွေကို အာဆီယံအစည်းအဝေးတွေကနေ အပြီးတိုင်ပိတ်ပင်ဖယ်ရှားတာမပြုခဲ့တာကြောင့် အခုလအစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံမှာ အာဆီယံဟာ ဝေဖန်ပြစ်တင်မှုတွေ ခံခဲ့ရပါတယ်။
ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး စင်္ကာပူ အမျိုးသားတက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ဒု-ပါမောက္ခ အီယန်ချောန်းက “ဒါကတော့ မြန်မာစစ်အာဏာ ရှင်တွေရဲ့ တရားဝင်မှုကို အတိုင်းအတာတခုအထိ ငြင်းဆန်လိုက်တဲ့ နာမည်တပ်ပြီး အရှက်ခွဲတဲ့ သဘောမျိုးပါပဲ။ နည်းနည်းတော့ ဖိအားပေး လိုက်တဲ့သဘောမျိုးရှိပေမယ့် သူတို့ (မြန်မာစစ်အာဏာရှင်တွေ) ရဲ့ အမူအကျင့်တွေ ပြောင်းလဲသွားဖို့တော့ လုံလောက်မယ်မထင်ဘူး” လို့ ပြောပါတယ်။
မြန်မာစစ်အာဏာရှင်တွေကို အာဆီယံကပါ အဖက်မလုပ်ဖို့ အမေရိကန်က မျှော်လင့်နေတာဖြစ်သလို အာဆီယံကလည်း မြန်မာနဲ့ပတ်သက်တဲ့ အဆင့်မြင့်နိုင်ငံရေးမှာ သူရဲ့လုပ်ဆောင်ချက်တွေ ထိရောက်မှုမရှိဘူးဆိုတာ မဟုတ်ကြောင်းကို ပြသဖို့ကြိုးစားနေတယ်လို့ နိုင်ငံရေးကျွမ်း ကျင်သူတွေက ပြောကြပါတယ်။
ဒု-ပါမောက္ခ အီယန်ချောန်းက“အခုလို မဖိတ်တော့ဘူးဆိုတာက မြန်မာ့အရေးအတွက် အာဆီယံဟာ ပိုကြိုးစားနေပါတယ်ဆိုတာကို ပြချင်တာဖြစ်နိုင်သလို မြန်မာနဲ့ ပတ်သက်ရင် အာဆီယံက လုံးဝဥဿုံမထိန်းနိုင်ဘူးဆိုတာတော့ မဟုတ်ဘူးလို့ ပြချင်တာမျိုးဖြစ်မယ်”လို့ ပြောပါတယ်။
၂၀၂၀ ပြည့်နှစ် အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ စကော့မာစီယယ်ကလည်း “စစ်အာဏာရှင်တွေရဲ့ တရားဝင်မှုကို ငြင်းပယ်တာမှန်သမျှ ကောင်းတာချည်းပဲ။ ရေတိုမှာတော့ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ကို ပြောင်းလဲစေမှာမဟုတ်ပေမယ့် သူတို့ပေါ်မှာတော့ ဖိအားပိုများစေတယ်” လို့ ပြောပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်ဟာ မြန်မာကလွဲရင် ကျန်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံးရဲ့ ကာကွယ်ရေးဝန်ကြီးတွေနဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ တွေ့ဆုံသွားမှာဖို့ ရှိနေပါတယ်။ DVB
စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့များ၏ စခန်းအသိမ်းခံရမှုနှင့် ကျဆုံးရဲဘော်အတွက် လက်တုံ့ မိုင်းဆွဲပြန်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့သည်ဟု PDF-တမူး တပ်ရင်း (၃) တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တမူးအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များ၏ စခန်းခြောက်ခု ဝင်ရောက်စီးနင်းခံရပြီး တမူး တပ်ရင်း (၃) မှရဲဘော်တစ်ဦးလည်း ကျဆုံးထားသည်။
“ ကျနော်တို့ ရင်း (၃) က ရဲဘော်ဟောင်း ဝက်ကလေးနဲ့ ညီနောင်မဟာမိတ်တပ်စခန်း ခြောက်ခု အသိမ်းခံရတဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ မိုင်းဆွဲတိုက်ခိုက်တာပါ။ မိုင်းကွင်းထဲ ရောက်တဲ့အချိန်ကို စောင့်ပြီးမှဆွဲခဲ့တာပါ” ဟု PDF – Tamu တပ်ရင်း (၃) တာဝန်ရှိသူမှ မဇ္စျိမသို့ပြော သည်။
နိုဝင်ဘာ ၂၁ ရက်တွင် ခလရ (၈၉) မှ အင်အား ၂၀၀ ခန့်ပါသော စစ်ကြောင်းသည် တမူးခရိုင်အတွင်းရှိ ထင်းဇင်ရွာမှ နေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး ကလေးမြို့ဘက်သို့ ခြေလျင်ထွက်ခွာလာစဉ် ထင်းဇင်နှင့် ကမ္မကြီးရွာအကြား တိုက်ခိုက်ခံရခြင်းဖြစ်သည်။
မိုင်းကွင်းထဲ အရောက်တွင် ပဒေသာမိုင်း (၁၁) လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဟုသိရပြီး စစ်ကောင်စီတပ်ဘက်မှလည်း RPG အပါအဝင် လက်နက်ကြီးများဖြင့် ပြန်ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။
နောက်ဆုံးရရှိသောသတင်းများအရ အဆိုပါစစ်ကြောင်းသည် နိုဝင်ဘာ ၂၁ ရက် ညပိုင်းတွင် ကမ္မကြီးရွာ၌ စခန်းချညအိပ်ခဲ့ပီး နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင်မူ ကနန်ကျေးရွာကိုကျော်ကာ ခမ်းပတ်သို့ ရောက်ရှိနေကြောင်း သိရသည်။
နိုဝင်ဘာလ ၁၅ ရက်တွင် Fighter Police CDM – Tamu ၊ Freedom Rangers–Tamu (FRT)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဗမာကျောင်းသားအဖွဲ့ (BSO)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် PDF – Tamu တပ်ရင်း (၄) စခန်းတို့ကို စစ်ကောင်စီတပ်ဖွဲ့မှ သာလွန်အင်အားဖြင့် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ mizzima
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်း ရဲစခန်းကို အကြမ်းဖက် စစ်ကောင်စီ တပ် သား များက မီးပြန်ရှို့ပြီး စခန်းမှ စွန့်ခွာသွားကြောင်း မြိုင်ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့နှင့်ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ပိုင်းတွင် ဗဟင်း ရဲစခန်းမှ စစ်သားနှင့်ရဲများက ရဲစခန်းကို မီးရှို့ဖျက်ဆီးပြီးနောက် ညနေပိုင်းတွင် ကျေးရွာအ တွင်းမှ ပြည်သူပိုင် နေအိမ် ၅၂ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးပြီးမှ ရဲစခန်းကို စွန့်ခွာ ထွက်ပြေး သွား ကြောင်း သိရသည်။
” စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗဟင်းကျေးရွာက ရဲစခန်းနဲ့ ပြည်သူ ပိုင် နေအိမ် ၅၂ လုံးကို မီးရှို့ဖျက်စီးသွားပြီး ဒီနေ့ နံနက် ၈ နာရီလောက်မှာ စခန်း ကနေ ထွက်ခွာသွားတယ်။ စစ်ခွေးတွေက မနေ့က နံနက်ပိုင်းတည်းက ဗဟင်းရဲစခန်းကို စတင်မီးရှို့ဖျက်စီးကာ ပြည်သူပိုင်နေအိမ်များကိုလည်း လိုက် လံမီးရှို့ဖျက်ဆီးခဲ့တာပါ” ဟု မြိုင်မြို့ နွေဦးတော်လှန်ရေး အဖွဲ့မှ တာဝန် ရှိသူ တစ်ဦးကပြောဆိုသည်။
စစ်တပ်နှင့်ရဲများက ဗဟင်းရဲစခန်းကို စွန့်ခွာသွားချိန် တုတ်ကောက်ဖြင့် သွားလာနေရသော လေဖြတ်လူနာ ရဲဒုတပ်ကြပ် ဝင်းကိုကိုအောင်ကို ခေါ် ဆောင် သွာခြင်းမရှိဘဲ ငွေ ၁၀၀၀၀ ဖြင့် ချန်ထားခဲ့ကြောင်း၊ ထို့ကြောင့် PDF တပ်များက ကောင်းမွန်စွာ ခေါ်ယူ စောင့်ရှောက်ထားပေးကြောင်း သိရှိရသည်။
“ကျနော့်က လေဖြတ်နေတော့ လမ်းမလျှောက်နိုင်တော့ ငွေ ၁၀၀၀၀ နဲ့ထားခဲ့တာ။ လမ်းမှာ တိုက်ပွဲဖြစ်မှာဆိုပြီး ထားပစ်ခဲ့တာ။ စိတ်နာပါတယ်” ဟု လေဖြတ်နေသည့် ဒုရဲတပ်ကြပ်ဝင်းကိုကိုအောင်က ပြောဆိုထားသည်။ khit thit
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၂၁ ရက်က စစ်ကောင်စီတပ်က ဖမ်းခေါ်သွားတဲ့ ရွာသား ၈ ယောက် ပြန်လည်လွတ်မြောက်လာတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ ဆွေမျိုးအသိုက်အဝန်းထံက သိရပါတယ်။
ပြန်လွတ်လာသူတွေကတော့ တန်းခိုးကျေးရွာက အသက် ၅၆ နှစ်အရွယ် ဦးမောင်ဝင်းကြိုင်၊ အသက် ၅၁ နှစ်အရွယ် ဦးဦးမောင်သိန်း၊ အသက် ၅၅ နှစ်အရွယ် ဦးဂျော်ဂျီအောင်၊ အသက် ၄၈ နှစ်အရွယ် ဦးမောင်သိန်း၊ ကျွဲထိုးရွာက အသက် ၄၅ နှစ်အရွယ် ဦးထွန်းလှအေး၊ ကွန်းတောင်ရွာက အသက် ၂၅ နှစ် အရွယ် ကိုနေထက်လင်း၊ အသက် ၂၈ နှစ်အရွယ် ကိုလတ်နဲ့ အသက် ၃၆ နှစ်အရွယ် မောင်ဟန်ဝင်းတို့ဖြစ်ကြပါတယ်။
သူတို့ ၈ ယောက်ကို နိုဝင်ဘာလ ၂၁ ရက်နေ့မှာပဲ ပြန်လွှတ်ပေးလိုက်တာလို့ တန်းခိုးကျေးရွာက ဆွေမျိုးနီးစပ်တော်စပ်သူတယောက်က ပြောပါတယ်။
“ပြန်လွတ်လာတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့ လက်ကိုင်ဖုန်းတွေက အသိမ်းခံထားရတော့ ကျနော်တို့ဘက်ကဆက်သွယ်လို့ မရဘူး။ စစ်တွေမြို့နယ် နာရီကန်ကျေးရွာ အုပ်ချုပ်ရေးမှူးဆီကနေတဆင့် ပြန်လွှတ်ပေးတာလို့ သိရတယ်။ ရွာကိုတော့ ပြန်မရောက်သေးဘူး။ ပုဏ္ဏားကျွန်း-စစ်တွေကားလမ်းလည်း ပိတ်ထားတာဆိုတော့ ဘယ်လမ်းကြောင်းကနေ ပြန်မယ်ဆိုတာကိုတော့ မသိရသေးဘူး။”
ကွန်းတောင်ကျေးရွာက ဒေသခံ ၃ ယောက်ကတော့ ပုဏ္ဏားကျွန်းမြို့ကို ဆေးသွားကုတဲ့ အချိန် လက်နက်ကြီးတွေပစ်ခတ်သံကြားလို့ တန်းခိုးရွာကိုဝင်ပြေးပြီး ဗုံးခိုတွင်းထဲမှာဝင်ပုံးနေတဲ့အချိန် ဖမ်းဆီးခံရခံရကာ သူတို့မှာပါလာတဲ့ ငွေကြေးနဲ့ ပစ္စည်းတွေကိုလည်း စစ်တပ်က ပြန်မပေးဘဲ သိမ်းဆည်းသွားတယ်လို့ ဖမ်းဆီခံရသူနဲ့ နီးစပ်သူက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၁၀ ရက်ညမှာ ဆင်အင်းကြီးရွာရှိ အပြစ်မဲ့ပြည်သူ ၁၀ ယောက်ကို သတ်ဖြတ်ကာ ရွာကိုမီးရှို့ခဲ့လို့ နေအိမ် ၃၅ လုံး လောက်မီးလောင်ကျွမ်းခဲ့သလို နိုဝင်ဘာ ၁၁ ရက် မနက်မှာလည်း ခမရ ၅၅၀ တပ်ရင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ဒီပါရုံကျေးရွာက ပြည်သူ ၂ ယောက်သေဆုံးခဲ့ပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတွေကို နိုဝင်ဘာလ ၁၀ ရက် မနက်ပိုင်းကစလို့ စစ်ကောင်စီတပ် ကြည်းရေလေ ပူးပေါင်းထိုးစစ်ဆင်နေလို့ ကျေးရွာ ၁၀ ကျော်လောက်က ပြည်သူ သောင်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး လူသားချင်းစာနာမှု အရေးပေါ်အကူညီတွေ လိုအပ်နေပါတယ်။ DVB
khit thit
စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့များ၏ စခန်းအသိမ်းခံရမှုနှင့် ကျဆုံးရဲဘော်အတွက် လက်တုံ့ မိုင်းဆွဲပြန်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့သည်ဟု PDF-တမူး တပ်ရင်း (၃) တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တမူးအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များ၏ စခန်းခြောက်ခု ဝင်ရောက်စီးနင်းခံရပြီး တမူး တပ်ရင်း (၃) မှရဲဘော်တစ်ဦးလည်း ကျဆုံးထားသည်။
“ ကျနော်တို့ ရင်း (၃) က ရဲဘော်ဟောင်း ဝက်ကလေးနဲ့ ညီနောင်မဟာမိတ်တပ်စခန်း ခြောက်ခု အသိမ်းခံရတဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ မိုင်းဆွဲတိုက်ခိုက်တာပါ။ မိုင်းကွင်းထဲ ရောက်တဲ့အချိန်ကို စောင့်ပြီးမှဆွဲခဲ့တာပါ” ဟု PDF – Tamu တပ်ရင်း (၃) တာဝန်ရှိသူမှ မဇ္စျိမသို့ပြေ ာသည်။
နိုဝင်ဘာ ၂၁ ရက်တွင် ခလရ (၈၉) မှ အင်အား ၂၀၀ ခန့်ပါသော စစ်ကြောင်းသည် တမူးခရိုင်အတွင်းရှိ ထင်းဇင်ရွာမှ နေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး ကလေးမြို့ဘက်သို့ ခြေလျင်ထွက်ခွာလာစဉ် ထင်းဇင်နှင့် ကမ္မကြီးရွာအကြား တိုက်ခိုက်ခံရခြင်းဖြစ်သည်။
မိုင်းကွင်းထဲ အရောက်တွင် ပဒေသာမိုင်း (၁၁) လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဟုသိရပြီး စစ်ကောင်စီတပ်ဘက်မှလည်း RPG အပါအဝင် လက်နက်ကြီးများဖြင့် ပြန်ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။
နောက်ဆုံးရရှိသောသတင်းများအရ အဆိုပါစစ်ကြောင်းသည် နိုဝင်ဘာ ၂၁ ရက် ညပိုင်းတွင် ကမ္မကြီးရွာ၌ စခန်းချညအိပ်ခဲ့ပီး နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင်မူ ကနန်ကျေးရွာကိုကျော်ကာ ခမ်းပတ်သို့ ရောက်ရှိနေကြောင်း သိရသည်။
နိုဝင်ဘာလ ၁၅ ရက်တွင် Fighter Police CDM – Tamu ၊ Freedom Rangers–Tamu (FRT)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဗမာကျောင်းသားအဖွဲ့ (BSO)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် PDF – Tamu တပ်ရင်း (၄) စခန်းတို့ကို စစ်ကောင်စီတပ်ဖွဲ့မှ သာလွန်အင်အားဖြင့် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ mizzima
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားဆူမြို့၊ KNU တပ်မဟာ ၆ နယ်မြေရှိ သတ္တုတူးဖော်ရေး လုပ်ငန်းများရှိရာ မိုင်းလုပ်ကွက်များကို စစ်တပ် က ယမန်နေ့ညပိုင်း လေယာဉ်ဖြင့် ညအချိန်မတော် ဗုံးကျဲသွားကြောင်း KNU သတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ ည ၁၂ နာရီအချိန်တွင် မှော်ဘီလေတပ်မှ တိုက်လေ ယာဉ် ၃ စီးဖြင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ် မက္ကသာဒေသ အမှတ် ၁ ဇီးပင်တောင်ထိပ် သဗြုမိုင်းနှင့် အမှတ်၂ မိုင်းကို ဗုံးကျဲချသွားခြင်းဖြစ်သည်ဟု သိရှိရသည်။
“မနေ့က မိုင်းတွင်းတွေဘက်ကို ဗုံးကျဲချသွားတယ်လို့သိရတယ်။ မှော်ဘီက လေယာဉ် ၃ စီးတက်တယ်ဆိုကတည်း က သတင်းတွေကြိုရပါတယ်။ လူ သေဆုံးထိခိုက်မှုတော့ အခုထက်ထိတော့မကြားရသေးဘူး” ဟု KNU သတင်း ရင်းမြစ်က ပြောသည်။
ယမန်နေ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးရဲစခန်းကို ကော် သူ လေး တပ်မေတာ်၊ KNLA အပါအဝင် ပြည်သူ့ ကာကွယ် ရေးမဟာ မိတ် တပ် များက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သေဆုံးမှုများ ပြား ပြီး လက်နက် ခဲယမ်းအမြောက် အမြား သိမ်းဆည်းရမိခဲ့ပြီးနောက် စစ် ကောင် စီ တပ်က ညပိုင်းအချိန်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ကာ လက်တုံ့ ပြန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း တိုက်လေယာဉ်များဖြင့် ဘုရားသုံးဆူမြို့အနီး မိုင်းတွင်း အမှတ် ၆ လုပ်ကွက်ကို ဗုံးကျဲခဲ့သဖြင့် လူ ၃ ဦးသေ ဆုံးပြီး ၈ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ khit thit