ခင်ဦးနှင့် ရွှေဘိုတွင် စစ်တပ် စစ်ကြောင်းများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ၆ ဦးသေ ဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးနှင့် ရွှေဘိုတို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ရေဦးမြို့မှ ခင်ဦးမြို့နယ်ဘက်သို့ ထွက်လာသော အင်အား ၁၀၀ ခန့်ရှိသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကုန်းသာရွာအရှေ့တွင် ပြည်သူပိုင် ဆိုင်ကယ် ၅ စီးကို မီးရှို့ဖျက်ဆီးပြီး တောတဲများမှ ပြည်သူ ၂ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း၊ ညနေ ၄ နာရ ၂၀ မိနစ်တွင် ရွှေယမင်းကျေးရွာ အရောက်၌ ကာကွယ်ရေး တပ်ဖွဲ့ဝင်များက Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၁ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ စိုက်ပျိုးရေး သိပ္ပံကျောင်းမှ ထွက်လာသော စစ်သားနှင့် ပျူစ​ောထီးများသည် ညောင်ပင်သာ ကျေးရွာဘက်သို့ ၆၀ မမ ၃ လုံးဖြင့် ပစ်ခတ်ပြီး လမ်းဘေးဂိုထောင်တွင် ကင်းပုန်းဝပ်နေစဥ် ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၅ လုံးချ၍ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၅ မိနစ် ခန့်တွင် ရွှေဘိုမြို့နယ်၊ ဆင်အင်းကျေးရွာ ရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီး ၈ လုံးချ၍ တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၂ ဦးသေဆုံးခဲ့ကာ ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို D.U.G.F (KU Dragon)၊ Fire Dragon (Khin-U)၊ Wolf Guerrilla (Ye-U)၊ Northern Tigers Group (NTG)၊ Burmese Revolution Youth (BRY)၊ Brothers of Lands Defence Force(BLDF) နှင့် One Day Revoltion (Shwe Bo)တို့မှ ပူးပေါင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s