တောင်ဥက္ကလာမြို့နယ် ပဒေသာလမ်းဆုံရှိ စစ်တပ်စစ်ဆေးရေးဂိတ်ဗုံးခွဲခံရ

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာလမ်းဆုံ မီးသတ်စခန်းအတွင်းရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် ယနေ့(နိုဝင်ဘာ ၂၁)ညနေ ၄ နာရီက ဗုံးဖြင့်တိုက်ခိုက်ခံရပြီး စစ်သား၂ဦး ထိခိုက်သွားသည်ဟု သိရသည်၊။

ယခုတိုက်ခိုက်မှုကို Black Fox Yangon UG အမည်ရ မြို့ပြပြောက်ကျားအဖွဲ့က လုပ်ဆောင်ခဲ့ ခြင်းဖြစ်ပြီးမီးသတ်ဝန်းအတွင်းရှိ စစ်ကောင်စီတပ်သားများနေသည့်အဆောက်အအုံကို ဗုံးပစ်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါအဖွဲ့တာဝန်ခံက ပြောသည်။

“သူတို့နေနေတဲ့အထဲကိုပဲ ထည့်ခွဲလိုက်တာ” ဟု သူက ပြောသည်။

ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအတွင်း စစ်ကား ၃ စီးရောက်လာကာ အခင်းဖြစ်နေရာတစ်ဝိုက် လမ်းပိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နောက်ထပ်ဗုံးတစ်လုံးတွေ့ရှိ၍ ဖောက်ခွဲပစ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ကလည်း မင်္ဂလာဒုံမြို့နယ် ကြံခင်းစုရပ်ကွက်၊ လေဆိပ်လမ်းရှိ ရဲကင်းဂိတ်တစ်ခု ဗုံးဖြင့်တိုက်ခိုက်ခံခဲ့ရသေးသည်။ အဆိုပါတိုက်ခိုက်မှုကိုမူ War of Hunter Revolution Force(WHO)အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရအခြေအနေ အတည် မပြုနိုင်ပါ။myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s