ထားဝယ်၊ ပခုက္ကူ၊ မြိုင်၊ မြောင်နှင့် ခင်ဦးတို့တွင် စစ်ကြောင်းများကို PDF က တိုက်ခိုက်မှု စစ်သား ၁၈ ဦးသေဆုံး

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ မကွေးတိုင်း ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ်နှင့် ခင်ဦးမြို့နယ်တို့တွင် စစ်ကောင်စီ တပ်သား များကို တိုက်ခိုက်မှု ၁၈ ဦးသေဆုံးကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။

ထားဝယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံး

==============================

တနင်္သာရီ ထားဝယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကာ ကွယ် ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရကြောင်း သိရသည်။

နိုင်ဝင်ဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၂၈ မိနစ်တွင် ထားဝယ်-ထီးခီး လမ်းပိုင်း မှ ထားဝယ်ဘက်သို့ဝင်လာသသည့် အကြမ်းဖက် စစခတပ် စစ်ကြောင်းကို ထားဝယ်ဟအရှေ့တော ပြည်သူ့ကာကွယ်ရေး အင်အားစု၊ သံမဏိပျောက် ကျားတပ်ဖွဲ့နှင့် Kawthoolei Army ဆာကဆောတပ်မဟာ ၂ တို့က ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဟထုတ်ပြန်ထားသည်။

ပခုက္ကူတွင် စစ်တပ်နေရာများကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

=====================================

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ များကို ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နို၀င်ဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင် ပခုက္ကူခရိုင် အခြေစိုက် အရှေ့ချောက်ကန်ရွာနှင့် ကိုးပင် ကျောင်းအတွင်း တပ်စွဲနေထိုင်နေသော စစ်ခွေးအင်အား အကောင် ၂၀ ခန့်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ၄၀ မမ ၂ လုံး၊ ၈၀ မမ ၁ လုံး နှင့် ပစ်သွင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦး သေ ဆုံးခဲ့ပြီး ၄ ဦး အပြင်းအထန် ထိခိုက်​ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာကို နဂါးညီနောင် ပျောက် ကျား အဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေး ရဲဘော်များမှ အထိခိုက်မှုမရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

မြောင်တွင် ရဲကင်းပုန်းများကို တိုက်ခိုက်မှု ၃ ဦးသေဆုံး

==============================

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ် ရဲစခန်းမှ ထွက်လာသည့် ရဲ ၁၀ ဦး ကို ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၀ ရက်နေ့ ည ၇ နာရီခန့်တွင် မြောင်မြို့နယ်၊ကျောက်ရစ် ရဲစခန်းမှ ရဲ ၁၀ ကို ဒေသသာမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ၂ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

” စခန်းကနေ ကင်းပုန်းဝတ်ဖို့လာတဲ့ ရခ၁၀ကောင်ကို ပဒေသာမိုင်း၁၀လုံးနဲ့ ကျောက်ရစ်နဲ့ သရက်ကန် အကြားအရောက် မိုင်းဆွဲလိုက်တယ်။ ၂ ကောင်က တော့ နေရာတင်သေတယ်။ ၃ကောင်ကတော့အခြေအနေ မလှလို့ ကျော က် တန်း ကျေးရွာဘက် စစ်ကြောင်းနဲ့ လိုက်ပို့တယ်” ဗိုလ်တောက်ထွန်းက​ ပြော ဆိုသည်။

မြိုင်တွင် စစ်တပ် ဂိတ်စခန်းများကို တိုက်ခိုက်

==========================

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ကာကွယ် ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်၏ မြိုင်ချောင်းဆုံ ဂိတ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက် ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ယင်းမာပင်ခရိုင်တပ်ရင်း (၁၁) /ပုလဲ တပ်ရင်း (၅)၊ ကျားသစ်နက်တပ်မတော်(B.L.P.A)၊ ကျားသစ်နက် တပ်မတော် (B.L.P.A) တပ်ခွဲ(၁)၊ ကျားသစ်နက်တပ်မတော် (B.L.P.A)တပ်ခွဲ(၂)နှင့် ကျား သစ်နက် တပ်မတော် (B.L.P.A) မြိုင်တပ်ခွဲတပ်ခွဲ(၄) တို့ပူးပေါင်းကာ မြိုင် ချောင်းဆုံ ဂိတ်ကိ် တာဝေးပစ် rocket ရှော့တိုက်ဒုံးများ၊ ၈၀ မမတို့ဖြင့်ပစ် ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ခင်ဦးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံး၊ အလောင်းများကို မီးရှို့ဖျောက်ဖျက်

========================================

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ကျေးရွာများကို မီးရှို့နေသော စစ်ကြောင်း များကို ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးသေဆုံး ကြောင်း သိရသည်။

ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၁၇ ရက်နေ့မှ စတင်ကာ ရေဦးမြို့ဘက်မှ ကား ၃ စီးဖြင့် ဝင်ရောက် လာပြီး ပေါင်းလဲ ကုန်းရွာ၊ လိပ်ရကုန်းရွာ၊ လက်ပံကြီးရွာများကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရ သည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၎င်းတို့ ဝင်ရောက်လာသည့် နေ့မှ စတင် ကာ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များကလည်း တောက်လျောက် လိုက်လံ တိုက် ခိုက်ခဲ့ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ပြီး အလောင်းများကို မီးရှို့ဖျောက် ဖျက် သွားကြောင်း သိရသည်။

“ကျွန်တော်တို့ KS Oတပ်ဖွဲ့နဲ့ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များတွေ ပူးပေါင်း ပြီး ၂ ဆင့်ကွဲ လက်လုပ်ပြောင်းများ၊ တိုက်မိုင်းများ၊ ဆွဲမိုင်းများနဲ့ လိုက်လံ တိုက်ခိုက်ခဲ့ပါတယ်။ ကျေးရွာတစ်ရွာမှာ အကြမ်းဖက် စစ်ခွေးတွေက ခွေး ၇ ကောင်ထက်မနည်း အလောင်းတွေကို ဖျောက်ဖျက် မီးရှို့သွားတယ်” ဟု Khin U Special force Organization KSO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော ဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို Khin U Special force Organization KSO အဖွဲ့နှင့် အတူ မဟာမိတ်များက လိုက်လံ တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရ စစ် သားများကို ယနေ့တွင် လက်ပံလှရွာမှ ခင်ဦးမြို့ပေါ်ရဲ စခန်းထဲ ဆေးကုသရန် ခေါ်ဆောင်သွားကြောင်း သိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s