ဖလမ်းတိုက်ပွဲတွင် CNDF စနိုက်ပါလက်ချက်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ သီးဘွာလ်စခန်းတိုက်ပွဲ ရှေ့တန်းစစ်မြေပြင်အတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CN DF) က စနိုက်ပါသေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားတယ်လို့ CNDF က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၀ ရက် မနက် ၁၁ နာရီခွဲလောက်မှာ CNDF လက်ဖြောင့်တပ်သားတွေက ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်သား ၂ ဦး နေရာမှာတင် သေဆုံးသွားကာ ကျည်ဆန် ၂၀၀ ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မနေ့မနက် ၁၀ နာရီလောက်ကလည်း စစ်တပ်က ရဟတ်ယာဉ် ၂ စင်းနဲ့ သီးဘွာလ်စစ်စခန်းအတွက် စားနပ်ရိက္ခာတွေနဲ့ စစ်လက်နက်အကူအ ညီတွေ ပေးပို့သွားတယ်လို့ သိရပြီး တိုက်ခိုက်ရေးရဟတ်ယာဉ် Mi 35 တစင်းနဲ့ CNDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကိုလည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး CNDF နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုတစုံတရာမရှိခဲ့ကြောင်း အဲ့ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

CNDF ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့ရဲ့  သီးဘွာလ်စခန်းကို သိမ်းပိုက်နိုင်ရေး တိုက်ခိုက်နေတာ ၇ ရက် ကြာမြင့်ခဲ့ပြီဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က နေ့စဉ် လေကြောင်းပစ်ကူနဲ့ ပစ်ခတ်နေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ၅ ရက်တာ တိုက်ပွဲအတွင်းမှာ‌ စစ်ကောင်စီတပ်ဖွဲ့က အရာရှိအဆင့် အပါအဝင် အနည်းဆုံး ၃၀ ကျော်သေဆုံးခဲ့ပြီး CNDF က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှု အကြိမ်ရေ ၃၀၀ ကျော် ပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီတပ်စခန်းအတွင်းရှိ အဆောက်အဦတချို့ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

သီးဘွာလ်စစ်ခန်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေပြီး CNDF ဘက်က ဒေသတွင်း CDF တပ်ဖွဲ့တွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေက အကူအညီပေးခဲ့တယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s