ဘော်စတွန်မြို့တွင် “မသောက်မိသောမိုးခါးရေ” ရုပ်ရှင်ကို လူ ၂၀၀ ကျော် လာရောက် ကြည့်ရှု

အမေရိကန်ပြည်ထောင်စု – မက်ဆာချူးဆက်ပြည်နယ် ၊ ဘော်စတွန်မြို့တွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးတင်ဆက်သည့် “မသောက်မိသောမိုးခါးရေ” ရုပ်ရှင်ကို ဘော်စတွန်မြို့နှင့် နယူးအင်္ဂလန်ဒေသဝန်းကျင်မှ မြန်မာလူမျိုး ၂၀၀ကျော် လာရောက် ကြည့်ရှုခဲ့ကြောင်းသိရသည်။

အဆိုပါရုပ်ရှင်ကို ဘော်စတွန်မြို့ West Newton Cinema တွင် ပြည်သူ့ဂုဏ်ရည်အသင်း (နယူးအင်္ဂလန်ဌာနခွဲ)က စီစဉ်ကာ နိုဝင်ဘာလ ၂၀ ရက် ညနေ ၆ နာရီမှ ည ၈ နာရီအထိ ပြသခဲ့ခြင်းဖြစ်သည်။

“မသောက်မိသောမိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို ဒါရိုက်တာကိုပေါက်က တောတွင်းတစ်နေရာတွင် ဖုန်းကင်မရာဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး CDM စစ်ဗိုလ်တစ်ဦး၏ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားခြင်းဖြစ်သည်။

ရုပ်ရှင်ပြသပွဲတွင် ရန်ပုံငွေရရှိရေးအတွက် အမှတ်တရ T- Shirt နှင့် Hoodies များ ရောင်းချခြင်း၊ မတ်ခွက်များရောင်းချခြင်း ၊ ကိုပေါက်ကိုယ်တိုင်ရေးဆွဲထားသည့် ပုံတူပန်းချီကားများအား လေလံတင်ရောင်းချပေးခြင်းများ ပြုလုပ်ခဲ့သည်။ ထို့ပြင် ဓါတ်သင်ပုန်းဖန်တီးရှင် မလှလှဝင်းနှင့် ကိုရန်မင်းအောင်တို့ကလည်း 360 ed ပညာရေးသင်ထောက်ကူ ပစ္စည်းများကို ရန်ပုံငွေအဖြစ် ရောင်းချလှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါပွဲမှရရှိသည့် ရန်ပုံငွေအားလုံးကို ဒါရိုက်တာကိုပေါက်၏ မသောက်မိသောမိုးခါးရေ ရုပ်ရှင်ပြသရေးကော်မတီ၏ စီစဉ်မှုဖြင့် မြန်မာပြည်တွင်းရှိ စစ်ဘေးရှောင်များအား လူသားချင်းစာနာမှုအကူအညီများအဖြစ် ပေးပို့လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s