မုံရွာ နမခ မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက် ခိုက်

စစ်ကိုင်းတိုင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် မုံရွာမှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းအား ညီနောင်မဟာမိတ် ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း CHU.Weapons Installation အဖွဲ့ထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့၏ ကားအစီးရေ လေးစီးသည် နိုဝင်ဘာလ ၁၉ ရက် နံနက် ၈ နာရီခန့်တွင် မုံရွာ နမခ မှထွက်လာပြီး မုံရွာမြို့နယ် မအူဂိတ်တွင် နှစ်စီး၊ ကုတောပုလ္လင်ရွာတွင် နှစ်စီးတို့ခွဲပြီး ရောက်ရှိလာပြီး ကုတောပုလ္လင်ရွာသို့ အဆိုပါ စစ်ကား နှစ်စီးမှ ပစ်ခတ်ခြောက်လှန့်နေကြောင်း CHU.Weapons Installation အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထို့နောက် မုံရွာ နမခမှ နေ့လယ် ၁၂ နာရီခန့်တွင် စစ်ကောင်စီယာဉ် ၁၂ စီးထပ်မံထွက်လာကြောင်း သတင်းရရှိသဖြင့် ညီနောင်မဟာမိတ်များမှအသင့်စောင့်ဆိုင်းပြီး နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားအင်အားအပြည့်ပါသော သုံးစီးမြောက်ကားမှာ ရမ်းခါသွားပြီး အရှိန်ဖြင့်မောင်းနှင်သွားကြောင်း၊ စစ်ကောင်စီတပ်မှ အထိအခိုက်ကျဆုံးရှိနိုင်ပြီး အရေအတွက်အား အတိအကျမသိရှိရသေးကြောင်း CHU.Weapons Installation အဖွဲ့က ဆိုသည်။

”အဲ့နေ့က ညပိုင်း ၇နာရီ နဲ့ ၈နာရီကြားမှာ မုံရွာဗိုလ်ချုပ်လမ်း နဲ့ ပြည်ထောင်စုလမ်း နှစ်လမ်းခွဲပြီး သေသွားတဲ့ စစ်ကောင်စီတပ်သား ရုပ်အ လောင်းတွေကို သယ်သွားတာ။ အတိအကျသာ မသိရတာ။ မုံရွာ-မန်းလေး လမ်းတစ်လျှောက်မှာ ဆိုင်ရာ မဟာမိတ်တွေ ခွဲထားတဲ့ မိုင်းတွေရှိပါတယ် “ဟု CHU.Weapons Installation မှ တာဝန်ခံ ကိုဝိဇ္ဇာက မဇ္ဈိမကိုပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ညီနောင်မဟာမိတ်များ ဖြစ်ကြသည့် CHU.Weapons Installation,Monywa(သွေးကြွေး)Fighter Group.MGF,The Brightness.Monywa,Peace Takers Task Force (PTTF ), Chaung Oo Local တပ်ခွဲ(၄)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s