ရန်ကုန်တိုင်းအတွင်းရှိ စစ်တပ်ဂိတ်များနှင့် အုပ်ချုပ်ရေးရုံးတို့ ဆက်တိုက် တိုက်ခိုက်ခံရ

ရန်ကုန်တိုင်းအတွင်းရှိ စစ်တပ်စစ်ဆေးရေးဂိတ် ၂ ခုနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှုးရုံးတို့ နိုဝင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်များတွင် ဆက်တိုက် တိုက်ခိုက်ခံရကြောင်း သိရသည်။

နိုဝင်ဘာ ၁၉ နေ့လယ် ၁၂ နာရီကျော်က အင်းစိန်မြို့၊ စော်ဘွားကြီးကုန်း ကျောက်တော်ကြီးဘုရားအနီးရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုကို God’s Hand Forces(GHF) အမည်ရ မြို့ပြပြောက်ကျားအဖွဲ့ လုပ်ဆောင်ခဲ့ပြီး စစ်သားနှင့် ရဲ ၄ ဦး ခန့် ထိခိုက်သည်ဟု ထိုအဖွဲ့တာဝန်ခံ ကိုဆရာကျောင်းက ပြောသည်။

ထို့အပြင် နိုဝင်ဘာ ၂၀ ညနေ ၅ နာရီ ၄၅ မိနစ်လည်း လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ (၇)ရပ်ကွက်၊ တေးဥယျာဉ် (၁၀) လမ်းရှိ ရာအိမ်မှူးဦးဝင်းကျော်သူ နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရသည်။ ဦးဝင်းကျော်သူကို ထိမှန်ခဲ့ခြင်းဘဲ ဧည့်စာရင်းလာတိုင်သူ အသက် ၅၂ နှစ်အရွယ် အမျိုး သမီးတစ်ဦး ပခုံးကျည်ထိမှန်ခဲ့သည်ဟု သိရသည်။

ယင်းနေ့ ည ၇ နာရီ ၄၀ မိနစ်တွင်လည်း မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီလမ်းရှိ (ဋ္ဌ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးဖြင့် တိုက်ခိုက်ခံရသည်။

ထို့အပြင် နိုဝင်ဘာ ၂၀ မွန်းလွဲ ၂ နာရီခွဲခန့်က အလုံမြို့နယ်၊ ဧရာဝတီရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ သခင်ပန်းခြံအတွင်း ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။

ပန်းခြံအတွင်းရှိ အများသုံးအမျိုးသားသန့်စင်ခန်း၊ အစွန်ဆုံးအခန်းတွင် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦး ထိ ခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။ နောက်ထပ် လက်လုပ်ဗုံးတစ်လုံးကို သန့်စင်ခန်းအတွင်းမှာပင် ထပ်တွေ့ရှိ၍ စစ်ကောင်စီတပ်က ဖောက်ခွဲပစ်လိုက်သည်ဟု သိရသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s