ရှမ်းပြည်၊ တန့်ယန်းမြို့တွင် ပြည်သူ့စစ်၊ ရဲနှင့် ယာဉ်ထိန်းများ တရားမဝင် ဆက်ကြေး အမျိုးမျိုးကောက် ခံ၍ သိန်းထောင်ချီ ချမ်းသာနေ

ရှမ်းပြည်နယ်၊ တန့်ယန်းမြို့အတွင်း တရားမဝင် ဂိတ်ကြေး၊ တံတားကြေး ၊ တပ်ထိန်းကြေး၊ ယာဉ်ထိန်းကြေး အပါအဝင် တရားမဝင် ဆက် ကြေးများ ကောက်ခံ လာဘ်စားနေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ တိုင်ကြားစာတွင် ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ မြို့ဝင်ဂိတ်တွင် တပ်ထိန်းကြေး၊ ယာဉ်ထိန်း ကြေးဟူ၍ ပြည်သူ့စစ်အဖွဲ့က ငွေကောက်ခံတောင်းယူနေပြီး ခရိုင်ရဲတပ်ဖွဲ့မှူး၏ PSO ရဲအုပ် အေးမင်းထွန်း၊ ယာဉ်ထိန်းရဲတပ် ကြပ်ကြီး အေးဇော်လတ်တို့က တရားမဝင် လိုင် စင်မဲ့ အိမ်စီးကားကောင်းအသစ်များကို ကားတစ်စီးလျှင် ငွေကျပ် ၅သိန်း၊ ဝက်တင်ကား (၁၂ ဘီး/၆ ဘီး) တစ်စီးလျှင် ငွေကျပ် ၁ သိန်း ၊ ဆိတ်တင်ကား တစ်စီးလျှင် ငွေကျပ် သုံးသောင်းကျပ်ဖြင့် ‘ဝ’ပြည်နယ်သို့ ပို့ဆောင်နေကြောင်း၊ တန့်ယန်းမြို့တွင် ရပ်ကွက် ၅ နှင့် ရပ်ကွက် ၂ တွင် တရားမဝင် နိုင်ငံခြားသားများဆီမှ တန့်ယန်းရှိ ဒေသအာဏာပိုင်များက လစဉ်ကြေး ယွမ် ၁၆ သိန်း လာဘ်စား၍ ခွင့်ပြုထားကြောင်း သိရှိရသည်။

ထို့ပြင် တန်ယန်းမြို့အထွက်ရှိ တာကော်အက်တံတားဂိတ်တွင် အောက်ကြေးအဖြစ် ဝက်တင်ကား(၁၂ ဘီး/၆ဘီး) တစ်စီးလျှင် ၁ သိန်းကျပ်၊ အိမ်စီးကားတစ်စီးလျှင် ၅ သောင်းကျပ်၊ ရိုးရိုးကုန်စုံတင် ကား တစ်စီးလျှင် ၆၀၀၀ ကျပ်၊ ဝက်ကား (အသေး) တစ်စီးလျှင် ၃ သောင်းကျပ်ကို အဖွဲ့ ၉ ဖွဲ့သို့ ငွေပေးဆောင်ပြီးမှ ‘ဝ’ပြည်နယ်သို့ သွားရကြောင်း သိရှိရသည်။

တာကော်အက် တံတားတာဝန်ကျသည့် လုံခြုံရေးရဲအဖွဲ့က ၁၀ ရက်ပြည့်လျှင် စခန်းမှူး ဒုရဲမှူး မြင့်စိုး၊ မြို့နယ်မှူး ရဲမျူး မျိုးနိုင်၊ ခရိုင်မှူး ဒုရဲမှူးကြီး ဝေလွင်ထွန်း တို့ကို ဂါရဝကြေးဟူ၍ ငွေကျပ် ၂၈ သိန်း ပေးရကြောင်း၊ တန့်ယန်းမြို့ရှိ KTV ပိုင်ရှင် ဦးထွန်းမြင့်က လောင်းကစားဒိုင်များ ဖွင့်လှစ်ပြီး မာဆတ်၊ အနှိပ်ခန်း၊ ကလပ်၊ ဘားများ ဖွင့်ထားကာ မူးယစ်ဆေးဝါးများပါ ဖြန့်ဖြူးနေကြောင်း သိရှိရသည်။

တန့်ယန်း မြို့နေရာအနှံ့လည်း မူးယစ်ဆေးဝါးများ ပျံ့နှံ့လျက် ရှိကာ မူးယစ်ဆေးဝါး ဖြန့်ဖြူးသူ ဦးထွန်းမြင့်ထံမှ ရဲနှင့်အာဏာပိုင်များက လ စဉ်ကြေး သိန်း ၅၀ ရယူလာဘ်စားကြကြောင်း၊ တန့်ယန်းမြို့ရှိ ဒေါ်မြင့်ရီ၊ ဦးတင် ထွန်းနိုင် ဆိုသူတို့မှလည်း ‘ဝ’ပြည်နယ်သို့ တရားမဝင် ပစ္စည်းများ ပေးပို့လျက်ရှိ ပြီး ၎င်းတို့ထံမှ လစဉ်ကြေး ၈ သိန်းရယူထားကြကြောင်း၊ ယာဉ်ထိန်းရဲတပ်ကြပ်ကြီး အေးဇော်လတ်က သိန်းထောင်ပေါင်းများစွာ ချမ်းသာပြီး မြေကွက်အများအပြား ပိုင်ဆိုင်ထားကြောင်း သိရှိရသည်။

တာကော်အက်တံတားလမ်းသည် တန့်ယန်းမြို့အထွက် ‘ဝ’ပြည်နယ်နှင့် ထိစပ်လျက်ရှိသည့် တံတားဖြစ်သည်။

ထို့ပြင် တန့်ယန်းမြို့တွင် တာဝန်ထမ်းဆောင်နေရသည့် အောက်ခြေရဲတပ်ဖွဲ့ဝင်များသည် တစ်နေ့လျှင် တန်း သုံးကြိမ်စီရပြီး မည်သည့် နေရာမှ မသွားရန် ထိန်းချုပ်ခံထားရကြောင်း၊ အောက်ခြေရဲဘော်များ၏ ဇနီးများသည်လည်း စခန်းမှူးအိ မ်တွင် နေ့စဉ် ချက်ပြုတ်ရပြီး မြို့နယ်မှူးအိမ်၊ ခရိုင်ရဲတပ်ဖွဲ့မှူးအိမ်သို့ ထမင်းဟင်းများ နေ့စဉ်ပို့ဆောင်ပေးရကြောင်းနှင့် အောက်ခြေရဲဘော်များနှင့်မိသားစုများကို အရာရှိများက ကိုယ်ကျိုးအတွက် အသုံးချနေကြကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် တန့်ယန်း အာဏာပိုင်များ၊ ရဲများ၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးသူအဖြစ် နာမည်ထွက် နေသူများကို ဆက်သွယ်ရန် ကြိုး စားသော်လည်း အဆက်အသွယ်မရရှိပေ။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s