ဟုမ္မလင်းမြို့နယ်တွင် စစ်ဘေးရှောင် ၈၀၀ နီးပါး အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် ဒေသကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ရှမ်းနီအမျိုးသားများတပ်မတော် ( SNA)ပူးပေါင်းအဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် အပြန်အလှန်ပစ်ခတ်သည့် ထိတွေ့တိုက်ပွဲများကြောင့် ဒေသခံ ၈၀၀နီးပါး စစ်ရှောင်နေရပြီး အကူအညီလိုအပ်လျက်ရှိကြောင်း သိရသည်။

“အခုလောလောဆယ် စစ်ရှောင်တွေဟာ ဆေးဝါး၊ ရိက္ခာ၊ စောင် ၊အနွေးထည်တွေ လိုအပ်လျက်ရှိပါတယ်။ ဖုန်းနံပါတ် ၀၉၇၀၃၃၁၇၈၈ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ဗျ။ ဘေးနားရွာတွေနဲ့ ပအဖအဖွဲ့တွေ၊ ပီဒီအက်တွေက ဝိုင်းဝန်းပြီးဖြေရှင်းပေးနေပါတယ်။” ဟု ခန္တီးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၁)-ဟုမ္မလင်း မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ဟုမ္မလင်းမြို့နယ် ပင်ခုတ်ကျေးရွာ၊ တုံခေါ်ကျေးရွာ၊ နန့်နန်းရွာ စသည့် ကျေးရွာများမှ ဒေသခံများဖြစ်ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့မှစ၍ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။

ပင်ခုတ်ကျေးရွာသည် ဟုမ္မလင်းမြို့နှင့် မိုင်တစ်ရာခန့်အကွာတွင်တည်ရှိပြီး လူဦးရေ ၁,၀၀၀ခန့်နေထိုင်ကာ လက်ရှိတွင် အဆိုပါဒေသ၌ အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အပြင် ဖုန်းလိုင်းများလည်း မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

နိုဝင်ဘာလ ၁၈ရက်နေ့တွင် ဟုမ္မလင်းမြို့နယ် နန့်နန်းရွာ၌ တပ်စွဲထားသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ် မတော် ( SNA)ပူးပေါင်းအဖွဲ့ကို ဟုမ္မလင်းမြို့နယ်တွင် ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ နန့်နန်းရွာ နယ်မြေရဲစခန်းကို သိမ်းပိုက်လိုက်သည့်အပြင် စက်လတ်အငယ်တစ်ခုနှင့်အတူ ဆက်သွယ်ရေးစက်အမြောက်အများကို သိမ်းဆည်းနိုင်ခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF)မှ ၎င်းတို့တပ်ရင်း နှင့် မဟာမိတ် တပ်ရင်းများသည် ဒေသ ခံ ရှမ်းနီလူမျိုးအများစုဖြင့် ဖွဲ့စည်းတည်ထောင်ထားပါကြောင်း၊ ဌာနေ ရှမ်းနီလူမျိုးများအနေဖြင့် အကြမ်းဖက်စစ်တပ်အား ခုခံတွန်းလှန်မှုတွင် မိမိတို့နှင့်အတူ ရပ်တည်တော်လှန်ရန် ဖိတ်ခေါ်ပါကြောင်း ထုတ်ပြန်ထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s