ပေါက်မြို့နယ်ရှိ စသိန်းရွာ နှင့် ဂွေးဂုဏ်ရွာကို စစ်တပ်က ညအချိန်မတော် မီးတင်ရှို့နေ

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ဂွေးဂုဏ်နှင့် စသိန်းရွာကို စစ်တပ်က ယနေ့ ည ပိုင်း မီးရှို့ဖျက်ဆီး နေကြောင်း ပေါက်မြို့နယ် မြောက်ပိုင်း ကျေး လက်ဒေသ ပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

ပေါက်ဒေသသတင်းရင်းမြစ်များ၏ အဆိုအရ ပေါက်မြို့နယ်အတွင်း ဝင် ရောက် နေသည့် စစ်ကြောင်း က ပေါက်မြို့နယ်၊ မြောက်ပိုင်း စသိန်း ကျေးရွာကို ယခု ညပိုင်း မီးရှို့နေခြင်းဖြစ်ကြောင်း၊ ပြည်သူများအားလုံး ညဘက် စစ်ဘေး ရှောင် ထွက်ပြေး နေရကြောင်း၊ ယနေ့ နံနက်ပိုင်း ပေါက်မြို့နယ်အတွင်း စစ်တပ်နှင့် PDF တပ်များ အကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်အချိန် ပေါက်မြို့နယ် ကျွန်းတိုင်းရွာ မြောက်ဘက်တွင် ဒေသ ကာကွယ် ရေး တပ်ဖွဲ့များနှင့်စစ်တပ် စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွား ခဲ့ ကြောင်း၊ ထို့ပြင် ဂွေးဂုဏ်ရွာနှင့် စသိန်းရွာ အကြားတွင်လည်း ယနေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်မှ မွန်းတည့် ၁၂ နာရီ အထိ မိနစ် ၂၀ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ ညနေ ၃ နာရီမှ ညနေ ၄ နာရီအချိန်အထိ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲ ၃ ကြိမ်စလုံးတွင် စစ်တပ်ဘက်မှ စစ်သား ၁၁ ဦးသေဆုံးပြီး ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။၊

ထိုသို့ စစ်ကောင်စီတပ်ဘက်မှ အထိနာပြီးနောက် စစ်တပ် က ဂွေးဂုဏ်ရွာကို ယနေ့ ညနေ ၅ နာရီ ၁၈ မိနစ်မှ စ၍ မီးရှို့နေခဲ့ကြောင်း၊ စသိန်းရွာကိုမူ ယနေ့ ည ၇ နာရီ ၅၀ မိနစ်ခန့်မှ စတင်ပြီး လက်ရှိ အချိန်အထိ မီးရှို့ဖျက်ဆီး နေ ကြောင်း ပေါက်မြို့နယ် မြောက်ပိုင်း ကျေးလက်ဒေသ ပြောက်ကျား တပ်ဖွဲ့ က ပြောသည်။

” စသိန်းရွာကတော့ အခုထိ လောင်နေတုန်းပဲ။ ဂွေးဂုဏ်ကတော့ မီးငြိမ်းသွားပြီလို့ သိရတယ်။ ညဘက်ဆိုတော့ စစ်ခွေး ကင်းတွေဘာတွေ ရှိမှာဆိုလို့ ရွာထဲကို ကပ်မရသေးဘူး။ ပြည်သူတွေကတော့ ရွာလုံးကျွတ်ကို ပြေးနေရတာ ရွာထဲက အခြေအနေတွေကိုတော့ အသေးစိတ် မပြောနိုင်သေးဘူး။ အိမ်ခြေ ဘယ်လောက် လောင်တယ်တော့ မသိရသေးဘူး။ သေချာတာကတော့ ဂွေးဂုဏ်ထက်စာရင် စသိန်းက ဆုံးရှုံးမှုများနိုင်တယ်။ ခွေးစစ်ကြောင်းက အခုထိ ဘယ်သွားမယ်ဆိုတာလည်း အတည်မပြုနိုင်သေးဘူး” ဟု ပေါက်မြို့နယ် မြောက်ပိုင်း ကျေးလက်ဒေသ ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s