မန္တလေးတွင် ဇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်သွင်းခံရပြီး ၁ ဦးသေဆုံး၊ ပခုက္ကူတွင် စစ်တပ် တပ်စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံး ပစ်သွင်းခံရပြီး ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း Anonymous Force MDY အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆ လမ်းနှင့် ၁၃၃ လမ်းထောင့်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီး အဖွဲ့များ ဇ ရပ်ကွက်ရုံးတွင် စုဝေးနေစဥ် လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” သေစာရင်းကတော့ ၁ ကောင်တော့ နေရာမှာတင် သေသွားတယ်။ ရုံးခေါင်မိုး ကတော့ ပွင့်သွားတယ်။ ဘေးနားက လူတွေကတော့ သုံးယောက်လောက် ထိတယ်” ဟု Anonymous Force MDY အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Anonymous Force MDY၊ Truth Keeping AMA နှင့် Mandalay Young Force တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း pakokku under ground force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အနောက်ဘုန်းကန်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီး ၊ လက်နက်ငယ် များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ပခုက္ကူမြို့နယ် အနောက် ဘုန်းကံကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုကို ကျွန်တော်တို့ pakokku underground forceန​ဲ့ အတူ မဟာမိတ်တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ စစ်ခွေး ၃ ကောင်ထက်မနည်း သေဆုံးခဲ့တယ်။ အများအပြားလည်း ဒဏ်ရာရရှိတယ်” ဟု pakokku under ground force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို pakokku underground force၊ Earthquake People’s Defence Force နှင့် မဟာမိတ်အဖွဲ့များမှ ပူးပေါင်း လုပ် ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s