မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရပ်ကွက်ရုံးတခု ဗုံးပစ်ခံရ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆ လမ်းနဲ့ ၁၃၃ လမ်းထောင့်ရှိ (ဇ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို နိုဝင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က ဗုံးနဲ့ပစ်ခံခဲ့ရပါတယ်။

ရပ်ကွက်ရုံး ဗုံးနဲ့ပစ်တာကို Anonymous Force MDY၊ Truth Keeping AMA၊  Mandalay Young Force အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ပျူစောထီးအဖွဲ့ဝင်တဦး သေဆုံးခဲ့ပြီး နောက်ဆက်တွဲ ထိခိုက်မှု အခြေအနေတွေကို စုံစမ်းနေတုန်းဖြစ်တယ်လို့ Anonymous Force MDY က ဆိုပါတယ်။

စစ်ကောင်စီအသိုင်းအဝိုင်းမှာတော့ ဗုံးပေါက်ကွဲမှုကြောင့် လူ၊ အဆောက်အဦ ထိခိုက်ပျက်စီးတာ မရှိဘူးလို့ သတင်းလွှင့်ထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s