မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ် ပေါက်ရေး နှင့် လက်တွေ့ကူညီရေး ဖေဖော်ဝါ ရီလတွင် ကျယ်ပြန့်သော တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည်ဟု နော်ဝေပါလီမန် အမတ်များပြော

မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးနှင့်လက်တွေ့ကူညီနိုင်ရေး ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလတွင် ကျယ်ပြန့်သော တွေ့ဆုံဆွေး နွေးပွဲ ပြုလုပ်မည်ဟု နော်ဝေပါလီမန် အမတ်များပြောဆိုကြောင်း NUG ဘက်က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နော်ဝေ နိုင်ငံရေးပါတီများမှ ပါလီမန်အမတ်များနှင့် CRPH /NUCC/ NUG ခေါင်းဆောင်များတွေ့ဆုံစဉ် နော်ဝေပါလီ မန်အမတ်များက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီဆိတ်သုဉ်းသွားစေရန် စကစက အကြမ်းဖက်၍ ကြိုးပမ်းနေခြင်းသည် မြန်မာပြည်သူများကိုသာမက ငြိမ်းချမ်းမှု၊ တရားမျှတမှုနှင့် လွတ်လပ်မှုကို မြတ်နိုးကြသည့် ကမ္ဘာ့လူသားတရပ်လုံးကိုပါ စော်ကားခြင်း ဖြစ်ကြောင်း၊ မြန်မာ့အရေးသည် ယူကရိန်း၊ အာဖဂနစ္စတန်နှင့် အီရန် အရေးများကဲ့သို့ ကမ္ဘာကြီးက မျက်ကွယ်ပြုမထားသင့်သည့် အရေး ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် စစ်အာ ဏာရှင်စနစ် ပျက်သုဉ်းပြီး၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ် ပေါ်ပေါက်လာသည်အထိ နော်ဝေက အားပေးကူညီသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ဆောင်ရွက်ရန်အတွက် လက်တွေ့ကျသည့် အစီအစဉ်များကို ဆက်လက်ဆွေးနွေးနိုင်ရန်အတွက် လာမည့် ဖေဖော်ဝါရီလတွင် ပိုမိုကျယ် ပြန့်သည့် တွေ့ဆုံဆွေးနွေးပွဲ တခုကို ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း နော်ဝေပါလီမန်အမတ်များက ပြောသည်။

အစည်းအဝေးတွင် နော်ဝေနိုင်ငံရေးပါတီများဘက်မှ Liberal Party, Green Party နှင့် Socialist Left Party မှ အမတ်များ၊ အခြားပါတီများမှ ကိုယ်စားလှယ်များနှင့် အကြံပေးအရာရှိများ တက်ရောက်ခဲ့ကြပြီး မြန်မာ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးအင်အားစုများဘက်မှ CRPH, NUCC နှင့် NUG မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

CRPH, NUCC နှင့် NUG တို့က ဖက်ဒရယ်ဒီမိုကရေစီရေးဆိုင်ရာ ရပ်တည်ချက်၊ ဆောင်ရွက်ချက် နှင့် ရှေ့လုပ်ငန်းစဉ်များ၊ ဖက်ဒရယ်ပဋိညာဉ်တွင် ဖော်ပြပါရှိသည့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အာမခံချက်များ၊ စစ်ကောင်စီ၏ တရားမဝင်သည့် ရွေးကောက်ပွဲအစီအစဉ်အပေါ် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံရေးအင်အားစုများ၏ သဘောထား၊ စကစ လူ့အခွင့်အရေး ဖေါက်ဖျက် မှုမှတ် တမ်းအကျဉ်းချုပ်နှင့် ၎င်း၏ တာဝန်ယူမှု၊ တာဝန်ခံမှု ပျက်ကွက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ICC, ICJ နှင့် နိုင်ငံအချို့တွင် စကစအား တရားစွဲဆိုနိုင်ရန် ဆောင်ရွက်နေမှုများ၊ စကစတပ်များ၏ တိုက်ခိုက် မှုနှ င့် မီးရှို့ဖျက်ဆီးမှုများကြောင့် ဖြစ်ရသည့် လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာ အကျပ် အတည်း များနှင့် ၎င်းတို့အား ကျော် လွှားနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ပြည်တွင်းစစ်ကြောင့် အမျိုးသမီး များ၊ မိန်းကလေးများနှင့် ကလေးသူငယ်များအား ထိခိုက်မှုအ ခြေအနေနှင့် လိုအပ် ချက်များ၊ NUG ၏ နိုင်ငံတကာ ပူးပေါင်းဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် ရင်ဆိုင် နေရသည့် အခက်အခဲများကို နော်ဝေနိုင်ငံရေးပါတီများသို့ ရှင်းလင်းပြောဆိုသည်။

ထို့ပြင် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး၊ နိုင်ငံတကာအကူအညီများကို နယ်စပ်ဖြတ်ကျော် စီးဆင်းစေရန်အတွက် အခွင့်အလမ်းများ ဖန် တီးပေးနိုင်ရန် နော်ဝေအစိုးရအား အကြံပြုချက်၊ CRPH, NUCC နှင့် NUG တို့၏ တရားဝင်မှု၊ မြန်မာလူထုအား ကိုယ်စားပြုနိုင်မှုနှင့် နယ်မြေပိုင်စိုးမှုဆိုင်ရာ တိုးတက်ဖြစ်ပေါ်မှုများ၊ Asean ၏ ဘုံသဘောတူညီချက် ငါးချက် အပေါ် ထားရှိသည့် NUG ၏ သဘောထားနှင့် ၎င်း ၏ ရှေ့အလားအလာ သုံးသပ်ချက်၊ နော်ဝေအစိုးရနှင့် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာကောင်းများ စသည်တို့ကို CRPH, NUCC နှင့် NUGတို့က နော်ဝေးနိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s