မှော်ဘီ၊ သဲဖြူရွာအနီး အမှတ် ၄ လမ်းမကြီး စစ်ဆေးရေးဂိတ်ကို မိုင်းဆွဲ တိုက်ခိုက်၊ အင်းစိန်နှင့်မရမ်းကုန်းတို့တွင် ဗုံးပေါက်ကွဲမှုနှင့်ပစ် ခတ်သံများ ထွက်ပေါ်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှော်ဘီမြို့နယ် သဲဖြူကျေးရွာအနီး အမှတ် ၄ လမ်းမ ပေါ်ရှိ စစ်ဆေးရေးဂိတ်ကို ယနေ့နံနက်ပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက် ခဲ့ကြောင်း Yangon Urban Guerrilla Army(YUGA MO-7 Eagles)မှ တာဝန်ခံ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၂၅ မိနစ်အချိန် စစ်ရေးပစ်မှတ် အဖြစ် မှော်ဘီမြို့နယ် သဲဖြူကျေးရွာအနီး အမှတ် ၄ လမ်းမပေါ်တွင် ရှိသည့် စစ်တပ်၊ ရဲနှင့်ယာဉ်ထိန်းရဲ ပူးပေါင်းစစ်ဆေးရေးဂိတ်ကို အဝေးထိန်းမိုင်း နှစ်လုံးဖြင့် အနီးကပ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ရဲခွေး အိမ်စီးကားတစ်စီးထိခိုက်ပျက်စီးတယ်။ ဆိုင်ကယ်များထိခိုက် ပျက်စီးခဲ့ ပြီး စခ/ရခ/ဘဲဥ အနည်း ၈ ကောင်ခန့်ပြင်းထန်ဒဏ်ရာရပြီး ထိခိုက်သေဆုံးနိုင် ပါတယ်။ အခု စစ်ဆင်ရေးကို မြောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Yangon Urban Guerrilla Army(YUGA MO-7 Eagles) တို့က ပူးပေါင်း ဆောင် ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ရဲဘော်များအားလုံးဘေးကင်းပါတယ်။ သုံး လေး ကောင်တော့ သေဖို့များတယ်။ လဲတဲ့ကောင်လဲ ဆန့်ငင်ဆန့်ငင် ဖြစ် တဲ့ကောင်ဖြစ်နေတယ် ပြောတယ်။ သူတို့ ဆိုင်ကယ်တွေလည်း ဂျွမ်းထိုး မှောက် ခုံဖြစ်ကုန်တယ်” ဟု Yangon Urban Guerrilla Army(YUGA MO-7 Eagles)မှ တာဝန်ခံက ပြောဆိုသည်။

အလားတူ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီ ၁၂ မိနစ်အချိန် မရမ်းကုန်း မြိုနယ်တွင် ဗုံးပေါက်ကွဲခဲ့ပြီး အင်းစိန်မြို့နယ်တွင်လည်း ယမန်နေ့ည ၈ နာရီ ၄၀ မိနစ်အချိန် အတွဲလိုက် ပစ်ခတ်သံများကြားရကြောင်း ဒေသခံများက ဆိုကြ သည်။

“အင်းစိန် ဂျပန်လမ်း မြို့တော်ဂေါက်ကွင်းနဲ့ စစ်တပ်ကြားမှာသေနတ်သံတွေ ရှယ်ကြားနေရတယ်။ ၁၀ ချက်ကျော်လောက်ရှိမယ်။ အင်းစိန် တဝိုက်ပဲ ၂ ခေါက် သေနတ်သံတွေ အတွဲလိုက်ကြားရတာ” ဟု ဒေသခံပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s