ရှမ်းပြည်(တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစုနှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ပူးပေါင်းမဟာမိတ်ဖွဲ့စည်း

ရှမ်းပြည်တောင်ပိုင်းတွင် လှုပ်ရှားနေသည့် ရှမ်းပြည်(တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု(S.S.L.R.U)နှင့်ကယား(ကရင်နီ) တော် လှန်ရေးတပ်ပေါင်းစု (K.R.U) တို့ ပူးပေါင်းမဟာမိတ် အဖြစ်ဖွဲ့စည်းခဲ့ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့က ပူးတွဲထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ အဖွဲ့နှစ်ဖွဲ့၏တွေ့ဆုံညှိနှိုင်း ဆွေးနွေးဆုံးဖြတ်ချက်များအရ ဘုံရည်မှန်း ချက်များနှင့် လုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရေးတို့ကို စစ်ရေးအရသော်လည်းကောင်း၊ အပြန်အလှန်ဆက်ဆံရေးနှင့် အခြားကဏ္ဍများတွင်လည်းကောင်း မဟာမိတ်အင်အားစု အချင်းချင်း ကျယ်ပြန့်စွာပူး ပေါင်းဆောင်ရွက်နိုင်ရေးနှင့် ကျစ်လစ်ခိုင်မာစွာတည် ‌ဆောက်နိုင်ရေးတို့အတွက် ပူးပေါင်းမဟာမိတ်အင်အားစုအဖွဲ့အဖြစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီလို ပူးပေါင်းမဟာမိတ်အင်အားစုအဖွဲ့အဖြစ် ဖွဲ့စည်းလိုက်တာကြောင့် လှုပ်ရှားမူ အားကောင်းလာပြီး အရင်ကထက် ပိုပြီး ထိရောက်လာမယ်။ စည်းလုံးခြင်းသည် အင်အားဆိုသလိုပေါ့” ဟု S.S.L.R.U အဖွဲ့ဝင် Joe Phyu Guerrilla Force မှ ပြန်ကြား ရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

ပူးတွဲထုတ်ပြန်ကြောညာချက်တွင် အာဏာရှင်စနစ် အမြစ်ဖြတ်တိုက်ဖျက်ရေး၊ စစ်မှန် သောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်လာရေးတို့ကို မိမိတို့ ပူးပေါင်း မဟာမိတ်အင်အားစုအဖွဲ့မှ အဆုံးသတ်ထိဆန့်ကျင်တော်လှန် တိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရှမ်းပြည်(တောင်ပိုင်း)ဒေသခံတော်လှန်ရေးတပ်ပေါင်းစု(S.S.L.R.U)သည် ဒေသခံ‌ တော်လှန်ရေးအင်အားစု(Local PDF) များနှင့်‌ မြို့ပြပြောက် ကျားတပ်ဖွဲ့(UG)တို့ကို တစ်စုတစည်းတည်းစုစည်း၍ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ရှမ်းပြည်(တောင်ပိုင်း) ဒေသခံတော်လှန် ရေးတပ်ပေါင်းစု(S.S.L.R.U)ထံသို့ ရှမ်းရိုးမမြေအောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Shan Yoma (SYM-UGPDF)က အဖွဲ့ဝင်အသစ်အဖြစ် ပူးပေါင်းပါဝင်ခဲ့သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s