ဝမ်ပေါင်၊ ယမ်စီကုမ္ပဏီမှ ကြေးများသယ်ရန် လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲ ခံရပြီး ၄ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ဝမ်ပေါင် ၊ ယမ်စီ ကြေးနီကုမ္ပဏီမှ ကြေးများသယ်ယူရန်လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့အား မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း Regional Friend Fighters (RFF) က ယနေ့ နိုဝင်ဘာ ၂၃ ရက် နေ့တွင်သတင်းထုတ်ပြန် သည်။

အဆိုပါ ကြေးကုမ္ပဏီမှ ကြေးများ သယ်ယူရန် လုံခြုံရေးပေးနေသည့် စစ်ကောင်စီ တပ်ဖွဲ့များကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ရက် ၊ နံနက် ၇နာရီ ၁၀မိနစ်ခန့်တွင် ရဲတပ်ရင်း (၂၈)နှင့် မြောက်ယမားတံတားအကြား၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

“အဲဒီ ကြေးသယ်တဲ့ ကားတန်းမလာခင် ရှေ့ကနေကြိုထွက်ပြီး ကင်းစောင့်ဖို့ ခြေလျင်တက်လာကြတဲ့ ခွေး(စစ်ကောင်စီတပ်)တွေ မိုင်းကွင်းထဲရောက်လာတဲ့အချိန် မှာ ခွဲလိုက်တာပါ” ဟု PFF တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

အင်အား ၁၀၀ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များကို Mytel ရှေ့ထွက်မိုင်း နှစ်လုံးတွဲ သုံးပွိုင့် ၊ ပတ်လည်မိုင်း နှစ်လုံးတွဲ တစ်ပွိုင့် တို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ ကားများသည် ကံကုန်းနှင့် ကျောက်မျက်ရွာကြားရှိ အက်စစ် စက်ရုံမှ ဆာလဖာများကို ဝမ်ပေါင်ကုမ္ပဏီသို့ ပို့ဆောင်ကာ အဆိုပါ ကုမ္ပဏီမှ ကြေးများကို နှစ်သုတ်ခွဲ၍ မုံရွာမြိုဘက်သို့ သယ်ယူခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် အထိနာသော စစ်ကောင်စီတပ်ဖွဲ့များသည် အနီးဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးငယ်များဖြင့် အဆက်မ ပြတ် ရမ်းသန်းပစ်ခတ်ခဲ့သောကြောင့် အနီးနားရှိ ကျေးရွာလေးရွာမှ ပြည်သူ ၄,၀၀၀ ခန့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို RFF နှင့်အတူ Fighter Brotherhood Guerrilla Army(FBGA) နှင့် Revolution Youth Group(RYG) တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ညီနောင်မဟာမိတ်တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြ ထား သည်။

ပြည်သူများအနေဖြင့် စစ်ခွေး(စစ်ကောင်စီ)တပ်များ ဖြတ်သန်းသွားလာချိန်တွင် လမ်းပိုင်းများရှိ ကာကွယ်ရေးတပ်ဖွဲ့များမှ ထုတ်ပြန်ချက်များနှင့် လမ်းပိုင်းအခြေအနေများကို ချိတ်ဆက်ပြီးမှ သွားလာစေချင်သည်ဟု RFF တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီကားများ ဖြတ်သန်းချိန်တွင် မိမိတို့မဟာမိတ် ညီနောင်များ၏ ပစ္စည်းများ အချိန်မရွေး Error တက်ပြီး ပေါက်ကွဲနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် လမ်းကြောပေါ်သို့ လုံး၀ လုံး၀ ဖြတ်သန်းခြင်း မပြုရန် သတိပေး တင်ပြအပ်ပါသည်။ သတိပေးချက်များ ထုတ်ပြန်ချက်ပြုလုပ်ထားပြီးဖြစ်သလို ဖောက်ခွဲရေးပစ္စည်းများအား အသက်သွင်း ထားပြီးဖြစ်သည်။

ထိခိုက်မှုတစ်စုံတရာ ဖြစ်ပေါ်ခဲ့ပါက ကာကွယ်ရေးတပ်ဖွဲ့ ညီနောင်မဟာမိတ်များအနေဖြင့် ဝမ်းနည်းယုံမှ တစ်ပါး အခြားတာဝန်ယူမှုများ ပြု လုပ်ပေးနိုင်မည်မဟုတ်၍ ညိုးငယ်သောစိတ်ဖြင့် အသိပေးကြောင်း RFF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s