သနပ်ပင်မြို့အဝင် စစ်ဆေးရေးဂိတ်အနီးတွင် ဖဲဝိုင်းပြုလုပ်နေစဉ် တိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး

ပဲခူးတိုင်း၊ သနပ်ပင်မြို့အဝင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်အနောက်ဘက်ရှိ ခြံအတွင်း ဖဲဝိုင်းပြုလုပ်နေစဉ် တိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က မဇ္စျ်ိမကိုပြောသည်။

“စစ်ဆေးရေးဂိတ်က ဗိုလ်မှူးနဲ့ စစ်သားတွေက ဂိတ်နောက်ကျောက ခြံထဲမှာ လူရော ကားရော အကုန်စတည်းချနေကြတာ။ သူဌေးတွေက ဗိုလ်မှူးကို အကုန်ပံ့ပိုးပြီး သူတို့လူတွေပဲ ချိန်းပြီး အဲ့ဒီနေရာမှာ ဖဲဝိုင်းလုပ်ရိုက်နေကြတာ လေးငါးလလောက်ရှိပြီ။ အဲ့ဒီဖဲဝိုင်းကို တိုင်းရဲက ဝင်ဖမ်းသွားတာပါ” ဟု ဒေသတွင်း သတင်းရင်းမြစ်က မဇ္စျ်ိမကို ပြောသည်။

အဆိုပါနေရာတွင် လွန်ခဲ့သည့် ငါးလခန့်မှ စတင်ကာ ဂိတ်တာဝန်ကျ ဗိုလ်မှူးအား လိုင်းကြေးပေးကာ ဖဲဝိုင်းပြုလုပ်နေခြင်း ဖြစ်ပြီး၊ ဖဲဝိုင်းကို ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ယခုလ နိုဝင်ဘာလအစောပိုင်းတွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံကပြောသည်။

ရဲတပ်ဖွဲ့၏ ဝင်ရောက်ဖမ်းဆီးမှုကြောင့် ဖဲဝိုင်းတွင် ပါဝင်သည့် သနပ်ပင်မြို့မှ နာမည်ကြီး ငါးကန်သူဌေးနှစ်ဦး အပါအဝင် ၁၀ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး လောင်းကစားငွေ သိန်း ၁၀၀ ကျော် သိမ်းဆည်းခံခဲ့ရကြောင်း ဆိုသည်။

ထို့သို့ ဖမ်းဆီးခံရပြီး သုံးရက်အကြာတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူများကို ပြန်လည်လွှတ်ပေးလိုက်သော်လည်း အမှုဖွင့်လှစ်ထားဆဲဖြစ် ကြောင်း သိရသည်။

“စစ်သားတွေကို နေခွင့် ကားရပ်ခွင့် ပေးထားတဲ့ ခြံရှင်သူဌေးပါ အဖမ်းခံလ်ိုက်ရတာ။ စုစုပေါင်း ၁၀ ယောက်လောက်ရှိတယ်။ သုံးရက်လောက်နေတော့ လူတွေ ပြန်လွှတ်ပေးတယ်။ အခုတော့ အပြင်ကနေ အမှုကို ရှင်းနေကြတုန်းပဲ” ဟု ၎င်းက ဆက်ပြောသည်။

ဖဲဝိုင်းပြုလုပ်နေသည့်နေရာသည် ပဲခူး၊ ခရမ်းနှင့် သုံးခွ သွားသည့် ကားလမ်းပေါ်တွင်တည်ရှိပြီး စစ်ကောင်စီတပ် အင်အား ၃၀ ခန့်ရှိသည့် သ နပ်ပင်မြို့အဝင် စစ်ဆေးရေးဂိတ်ဝင်းအတွင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂိတ်သည် ယခင်က မြို့ဝင်ကြေးကောက်ခံသည့် ဂိတ်သာဖြစ်သော်လည်း စစ်တပ်အာဏာသိမ်းပြီးသည့်နောက် စစ်ဆေး‌ရေးဂိတ်ဖွင့်ကာ ၂၄ နာရီ စစ်ဆေးမှုများဖြင့် ဖြတ်သန်းသွားလာသူများကို ဖိနှိပ်မှုများ လုပ်ဆောင်နေသည့် ဂိတ်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ပြည်သူတွေကတော့ ဒီဖြစ်စဉ်ကို ဗိုလ်မှူးနဲ့ တိုင်းရဲ လက်ဝါးရိုက် ငွေညှစ်တာလို့ပဲ ယူဆနေကြတယ်။ အစက အဆင်ပြေနေကြပြီး အခုမှ ထဖမ်းတာဆိုတော့လေ။ နောက်ပြီး ဗိုလ်မှူးကလည်း သနပ်ပင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီမှာ အကြီးဆုံးပဲ။ သူခွင့်မပြုဘဲ ဘယ်ရဲကမှ ဝင်မဖမ်းရဲဘူး” ဟု သနပ်ပင်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

သနပ်ပင်မြို့နယ်သည် ပဲခူးတိုင်းအတွင်းတွင် ပါဝင်ပြီး စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှု အားနည်းသည့် မြို့နယ်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အဖြစ် ဖွဲ့စည်းထားရှိသော်လည်း စစ်ကောင်စီတပ်ကို တ်ိုက်ခိုက်မှုများ မရှိသေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s