KIA တပ်မဟာ(၈)နယ်မြေတွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေတပ်တို့ စစ်ရေးတင်းမာနေ

ကေအိုင်အေ တပ်မဟာ(၈) ဌာနချုပ် ထိန်းချုပ်နယ်‌ မြေတွင် ကေအိုင်အေတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေဆဲဖြစ် ကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ကေအိုင်‌ေအ တပ်မဟာ (၈)ဌာနချုပ် ထိန်းချုပ်နယ်‌မြေဘက်ကို ယမန်နေ့ နိုဝင်ဘာလ ၂၁ရက်နေ့ နံနက်ပိုင်းအစောပိုင်းမှစ၍ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးဂျက်ဖိုက်တာလေယာဉ် ငါးစီးခန့်ဖြင့် နှစ်ကြိမ်ခန့်လာရောက်ကာ နေရာသုံးခုထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ကေအိုင်အေတပ်နှင့် စစ်ကောင်စီတပ်တို့အကြား လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး မြေပြင်ရှိ နှစ်ဖက် လက်နက်ကိုင်တပ်ရင်းတပ်ဖွဲ့များကလည်း အသင့်အနေအထားဖြင့် စောင့်ကြည့်လျက်ရှိနေသည်ဟု ကချင်သတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။

“သူတို့ (စစ်တပ်)က စစ်ကိုင်းဘက်ကို ထိန်းဖို့လုပ်နေတာကြောင့် ဒီဘက်မှာဖြန့်ကျက်ထားတဲ့ ကျနော်တို့ တပ်ရင်းတွေကို စစ်ရေးရှုပ်ထွေးဖို့အတွက် plan တစ်ခုအနေနဲ့ပဲ လုပ်တာလို့ ကောက်ချက်ချထားလို့ရတယ်။ နောက်ပြီး မြေပြင်ကသူတို့ရဲ့စစ်ကြောင်းတွေကို ကူရင်းနဲ့ ဒီလိုလာလုပ်တာပါ။ ထွေထွေထူးထူးတော့ မရှိပါဘူး” ဟု ကေအိုင်အေ ရှေ့တန်း ထောက်လှန်းရေးတပ်အရာရှိတစ်ဦးက ပြောသည်။

ယခုရက်ပိုင်း၌ စစ်ကောင်စီက ကေအိုင်အေတပ်မဟာ (၈)နှင့် တပ်မဟာ (၉)ဘက်တွင် စစ်လက်နက်ရိက္ခာပစ္စည်းများ သယ်ယူတင်ဆောင်မှုများ ပြုလုပ်နေခြင်းကြောင့် စစ်ကောင်စီလေတပ်က ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်နေခဲ့ခြင်းသာ ဖြစ်သည်ဟု ၎င်းကမှတ်ချက်ပြုသည်။

မန္တလေးတိုင်း၊ တံတားဦးလေတပ်မှ ထွက်ခွာလာသည့် တိုက်ခိုက်ရေး ဂျက်ဖိုက်တာလေယာဥ်များသည် ကေအိုင်အေတပ်မဟာ (၈) ဌာနချုပ်ဘက်ရှိ စစ်ရေးလေ့ကျင့်ရေးကွင်းဟောင်း တည်ရှိရာဘက်သို့ ယမန်နေ့ နံနက် ၁ နာရီခန့်တွင် တစ်ကြိမ်၊ နံနက် ၁၁ နာရီကျော်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် လာရောက်ဗုန်းကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်‌ကြောင်း ကေအိုင်အေရှေ့တန်းအရာရှိတစ်ဦးက ပြောသည်။

ယမန်နေ့ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုတွင် KIAတပ်မဟာ (၈) ဌာနချုပ် ဧရိယာအနီးရှိ ဒါဝယ်ကျေးရွာကို ဗုံးကြဲခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရသော ဒေသခံများလည်းရှိကြောင်း မြေပြင်တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများက အတည်ပြုသည်။

ထိုသို့ ဗုံးကြဲခံရသော ဒါဝယ်ကျေးရွာတွင် လူနေအိမ်ခြေ စုစုပေါင်း ၁၀၀ ကျော်ရှိပြီး ဒေသခံပြည်သူ လူဦးရေ ၃၀၀ နီးပါးရှိကာ ဒေသခံများမှာ တောင်ယာလုပ်ငန်းကို လုပ်ကိုင်သူများ ဖြစ်ကြသည်။

စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေး ဂျက်ဖိုက်တာလေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသော‌ ဒေသခံများနှင့်ပက်သတ်ပြီး မဇ္ဈိမအနေဖြင့်လည်း ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s