ခင်ဦး-ကန့်ဘလူ – ရေဦးမြို့နယ် အစပ်တွင် ရွာမီးရှို့နေသော စစ်တပ် စစ် ကြောင်း ကို PDF တပ်ပေါင်းစုများက တိုက်ခိုက်မှု စစ်သား ၄၀ ဦးခန့် သေ ဆုံးနိုင်ဟုဆို

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကျေးရွာများကို မီးရှို့ထွက်လာသော စစ်တပ် စစ်ကြောင်းကို ခင်ဦးမြို့နယ်-ကန့်ဘလူမြို့နယ်နှင့် ရေဦး မြို့နယ် အစပ် တွင် PDF တပ်ပေါင်းစုများက စုပေါင်း တိုက် ခိုက်ခဲ့ရာ စစ်သား ၄၀ ဦးခန့် သေဆုံးနိုင်ကြောင်း HERO ARMY-KHIN U အဖွဲ့က သတင်း ထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပင်စိမ်း ခင်း ရွာကို ဝင်ရောက် စီးနင်းချိန်တွင် ဒေသခံ ကာကွယ်ရေးတပ်ပေါင်းစုများက မိုင်း ဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၄၀ ဦးခန့်သေဆုံးခဲ့ကြောင်းသိရသည်။

” ပင်စိမ်းခင်းရွာကို Mi 35 ရဟတ်ယာဥ်နဲ့ လာမပစ်ခင်တည်းက တိုက်ပွဲက တော် တော်လေးကို ပြင်းထန်နေတာ PDF တွေဘက်ကလည်း အဖွဲ့တွေ တော် တော်များ လိမ့်မယ်။ ကျန်တော်တို့ မိုင်းဆွဲသံ အကျယ်ကြီးတွေ ကြားလိုက်ရပြီး ပစ်သံခတ်သံတွေ တောက်လျောက်ကို ကြားရတော့တာပဲ။ ကျန်တော်တို့လည်း အဝေးကနေ ဆက်မကြည့်ရဲတော့ဘဲ တောထဲဝင်ပြေးကျတာပေါ့။ လေယာဥ်နဲ့ လာပစ်တော့ တိုက်ပွဲတော့က နည်းနည်း ရပ်သွားတယ်။ လေယာဥ်က ဆက် တိုက် ကို လှည့်ပစ်နေတာက စစ်ခွေးတွေကတော့ တော်တော် အထိ နာ တယ် လို့ ကြားတယ်။ အကောင်ရေ ၅၀ လောက်ထိနိုင်တယ်လို့တော့ ကြား ထားတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပင်စိမ်းခင်းကျေးရွာမှ မုံလှကျေးရွာ အကြား ဖြတ်သန်းလာစဥ် PDF တပ်ပေါင်းစုများကို Mi 35 တစ်စီး၊ Fighter တစ် စီး ဖြင့်ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက် ပျောက် ဆုံးမှု ရှိကြောင်း HERO ARMY-KHIN U အဖွဲ့က ထုတ်ပြန်ထားသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် စစ်မြေပြင် အခြေအနေအသေးစိတ်ကို မသိရှိနိုင် သဖြင့် PDF တပ်ဖွဲ့များထုတ်ပြန်သည့် စစ်သားသေဆုံးမှုအခြေ အနေကို အမှန်တကယ် ဟုတ်၊ မဟုတ် အတည်ပြု နိုင်ခြင်းမရှိပေ။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s