စစ်ကောင်စီတပ်လုံခြုံရေးယူပြီး မြေပဲဖော်ရန် ထွက်လာသည့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၂ဦးသေဆုံး ဟုဆို

မကွေးတိုင်း ၊ မြိုင်မြို့နယ် တောင်ပိုင်း ပျူစောထီးများ စခန်းချနေသည့် သရက်ကွရွာမှ စစ်ကောင်စီတပ်ဖွဲ့ လုံခြုံရေးယူပြီး မြေပဲဖော်ရန်ထွက်လာသည့် ပျူစောထီးများကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးသွားကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်) မှ သတင်းထုတ်ပြန် သည်။

နိုဝင်ဘာလ ၂၂ရက် မနက် ၇နာရီ ၂၀မိနစ်အချိန်ခန့်တွင် မြိုင်မြို့နယ်တောင်ပိုင်း ပျူစောထီးများစခန်းချထားသည့် သရက်ကွရွာမှ မြေပဲဖော်ရန်ထွက်လာသည့် ပျူစောထီး ၁၅ဦးနှင့် လက်နက်အပြည့်စုံဖြင့် လုံခြုံရေးယူပေးသည့် စစ်ကောင်စီ တပ်သား ၁၀ဦး အားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြာင်းဆိုသည်။

“သူတို့လာမယ်လို့ သတင်းကြိုတင်ရတဲ့အတွက် ကင်းပုန်းဝပ် အသင့်စောင့်ပြီး ပစ်ခတ်ခဲ့တာပါ” ဟု ဝံပုလွေပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မီးပွား က မဇ္စျိမ ကိုပြောသည်။

ပြောက်ကျားပူးပေါင်းတပ်ဖွဲ့များမှ အလစ်အငိုက်တိုက်ခိုက်ခဲ့ပြီး ၁၀မိနစ်အကြာတွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပျူစောထီးနှစ်ဦး နေရာတွင်ပွဲချင်းပြီး သေဆုံးကာ စစ်ကောင်စီနှင့် အခြားပျူစောထီးများ ဒဏ်ရာရရှိသွားကြောင်းဖော်ပြထားသည်။

အဆိုပါတိုက်ပွဲကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့နှင့်အတူ ၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ၊ Middle Revolution Tesk Force (MRTF) ၊ JRT ၊ GOE ၊ Royal Seven တပ်ဖွဲ့ နှင့် ကိုအောင်ကြီး တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ မဟာမိတ်တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရသည်။

အဆိုပါ သရက်ကွကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၅၀ခန့် စခန်းချနေထိုင်လျက်ရှိပြီး အနီးနားပတ်ဝန်းကျင်ရှိကျေးရွာများမှ ပြည်သူများကို အမျိုးမျိုး အနိုင်ကျင့်နှိပ်စက်လျက်ရှိကြောင်း သိရသည်။

ယခု နိုဝင်ဘာလအတွင်းတွင် သရက်ကွရွာမှ ပျူစောထီးနှင့်စစ်ကောင်စီတပ်များသည် ကန်ယာကောင်းရွာကို ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ဆိုင်ကယ် ငါးစီး ငွေကျပ် ၁၀သိန်းဝန်းကျင်နှင့် ရွှေတစ်ဆယ်သား လုယူခဲ့ကြောင်း ဗိုလ်မီးပွား မှဆက်လက်ပြောဆိုသည်။

ပြည်သူများကို နှိပ်စက်အနိုင်ကျင့်နေ့သည့် ပျူစောထီးနှင့် စစ်ကောင်စီတပ်များကို အဆုံးထိတိုက်ထုတ်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ၎င်းတို့နှင့် အနီးဆုံးမနေဘဲ အဝေးဆုံးမှာ နေထိုင်ခြင်းအားဖြင့် ဝိုင်းဝန်းကူညီကြရန် ပြောက်ကျားတာဝန်ခံမှ မေတ္တာရပ်ခံခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s