ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာတွင် မိုင်းလာရှင်းသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရ၍ ၆ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာနှင့် ဇာရွာအကြားရှိ တံတားဖြူအနီး တွင် နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်က မိုင်းရှင်းလင်းရန်ရောက်ရှိလာသော အင်အား ၃၀ နီးပါးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းမြှုပ်နှံထားသောနေရာတွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ခြောက်ဦးခန့် ထိခိုက်သေဆုံးခဲ့ကြောင်း Dawel Guerrilla Revolutionary Force-DGRF အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်တွင် မိုင်းရှင်းရန်လာသည့် စစ်ကောင်စီတပ်သားများမှာ မိုင်းပေါ်တွင် စုဝေးမိသဖြင့် DGRFအဖွဲ့မှ ၆၀ မမ ဗုံးဆံနှစ်လုံးအပါဝင် မိုင်းသုံးလုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ရာ စစ်ကောင်စီ တပ်သားခြောက်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

Dawel Guerrilla Revolutionary Force-DGRF အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက “စစ်သားတွေ မိုင်းပေါ်မှာရပ်ပြီး လိုက်စစ်နေချိန်မှာ ဖောက်ခွဲလိုက်တာပါ၊ ကျွန်တော်တို့ ထိခိုက်မှုမရှိဘဲ ဘေးကင်းစွာ ပြန်ဆုတ်လာနိုင်ခဲ့ပါတယ်။ အနီးအနားကရွာတွေကိုတော့ စစ်ကောင်စီတပ်က သေနတ်နဲ့ရမ်းသန်းပစ် ခတ်ခဲ့တယ်” ဟု ပြောသည်။

ယခုကဲ့သို့ မိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၂ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်လူနာတင်ယာဉ်များဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s