ဒီပဲယင်း၊ဝက်လက်၊ ရေစကြို၊ ပေါက်နှင့်မိုးညိုတို့တွင် စစ်ကြောင်းများကို PDF တပ်များက တိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဝက်လက်မြို့နယ်၊ မကွေးတိုင်း၊ ရေစကြို မြို့ နယ် နှင့်ပေါက်မြို့နယ်နှင့် ပဲခူးတိုင်း မိုးညိုမြို့နယ်တို့တွင် စစ် ကြောင်းများကို PDF တပ်များက တိုက်ခိုက်ရာတွင်စစ်သား ၁၇ ဦးသေဆုံးကြောင်း ဒေသ ကာ ကွယ် ရေးတပ်များက သတင်းထုတ် ပြန်သည်။

စိုင်ပြင်ရဲတပ်ဖွဲ့နှင့် PDF များ တိုက်ပွဲဖြစ်ပြီး ရဲ ၆ ဦးသေဆုံး

===============================

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ၊ စိုင်ပြင်မြို့မှ ရဲများနှင့် PDF များအကြား ယနေ့ ညနေပိုင်း တိုက်ပွဲများဖြစ်ပွားရာ ရဲ ၆ ဦးသေဆုံးကြောင်း ဒေ သ ကာကွယ် ရေး တပ် များက ပြောဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီအချိန် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး ရဲများ ဘက်မှ သေဆုံး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရှိရသည်။

*ကျနော်တို့က ၃ မိနစ်တိုက်ပွဲ အရင်ဖော်တယ်။ အရင်ဆုံး အထောင် တိုက်စစ် အဖြစ် အမာခံ အထူးရဲဘော်တွေက ရဲစခန်းကို အရင်ဆုံး သွားပစ်တယ်။ အဲဒါ က နေ ရဲခွေးတွေကို မျှားပြီး ရဲစခန်းရဲ့တောင်ဘက်ကိုခေါ်လာတာ။ ထင်တဲ့ အတိုင်း နောက်ကနေ ရဲစခန်းကနေ ထွက်ပြီး လိုက်လာကြတယ်။ အသင့်စောင့် နေတဲ့ ကျနော်တို့အဖွဲ့တွေက ပစ်ခတ်လိုက်တာ ။ ရဲခွေး ၅ကောင် နေရာတင် သေတယ်။ ဒဏ်ရာရသူလည်းများ ပြားတယ်” ဟု ဒီပဲယင်းဒေသ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဝက်လက်တွင် ပျူစောထီးနှင့်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၂ ဦးသေဆုံး

=========================================

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာအထွက်တွင် ယနေ့ နံနက် ပိုင်း စစ်တပ်နှင့်ပျူစောထိး စစ်ကြောင်းကို BLACK WOLF – PDF ၊ ပျံလွှား – PDF ၊ မုန်တိုင်း – PDF တို့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်မှ တာရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ဝက်လက်မြို့နယ်၊ လှတော ရွာ အထွက် တွင် အင်အား ၁၀ ဦးပါ ပျူစောထီးနှင့်စစ်သားများ ပါဝင် သည့် စစ်ကြောင်းကို ပြင်းအားမြင့် မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားကြောင်း သိရှိရသည်။

ပေါက်မြို့နယ်တွင် ရွာများ မီးရှို့နေသော စစ်ကြောင်းကို PDF တပ်များ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

=========================================

မကွေးတိုင်း ပေါက်မြို့နယ် ရှိ ကျွန်းတိုင်းကျေးရွာ၊ဂွေးဂုံနှင့် စသိန်း ကျေးရွာ များကို မီးရှို့ဖျက်ဆီးနေသော စစ်ကြောင်းကို နိုဝင်ဘာ ၂၂ ရက်နေ့တွင် ပြည် သူ့တော်လှန်ရေးတပ်ဦး (PRF) နှင့် မဟာမိတ်အဖွဲ့များက တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကြောင်းကို မဟာမိတ်အဖွဲ့များဖြစ်သည့် ဗိုလ်တေဇအဖွဲ့၊ Pakokku Generation Z၊ အနောက်ပိုင်းတိုင်း တပ်ရင်း ၇၁၀ – တပ် ခွဲ ၁၊ ပေါက်မြောက်ပိုင်း ဒေသခံ ဗိုလ်မီးခဲ အဖွဲ့၊ ဗိုလ်ကျော်သူအဖွဲ့၊ အနောက်လွင်ပြင် တပ်ရင်း ၇၀၈ အဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ အင်အား၂၀၀ ခန့် ရှိ သော စစ်တပ်စစ်ကြောင်းသည် ဂွေးဂုံ ကျေးရွာတွင် အခြေပြုနေပြီး ယနေ့ အ ထိ တွေ့တိုက်ပွဲတွင် ရန်သူ့ဖက်မှ ဒဏ်ရာရ ၈ ဦး၊ သေဆုံးသူ ၆ ဦး ခန့်ရှိကြောင်း သိရှိရသည်။

ရေစကြိုတွင် စစ်ကားကို မိုင်းဆွဲမှု စစ်သား ၃ ဦးသေဆုံး

===============================

နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်း၊ ရေစကြို မြို့နယ်၊ ကျောက်လှေခါး -လမ်းဆုံနေရာတွင် မြောက်မှ တောင်သို့ မောင်းနှင် လာသော စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ကားပျက်စီးပြီး စစ်သား ၃ ဦးသေဆုံးကြောင်း ၊ စစ်ကားသည် GTC ‌ကျောင်းထဲသို့ မောင်းဝင် သွား ကြောင်း ၊ တိုက်ခိုက်မှုကို Southern YSO PDF ၊ Yesagyo Revolution Group (YRG)၊ Shwe Nyar Myae PDF၊ Urban Undergroud Revolution Force (YSO) တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရ သည်။

မိုးညို PDF က ပတ်တော်ရဲကင်းစခန်းကို မီးရှို့

========================

နိုဝင်ဘာ ၂၂ ရက်နေ့ည ၉ နာရီအချိန်တွင် မိုးညိုမြို့နယ်ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ က နန်းထိုက်အောင်စစ်ဆင်ရေးအနေဖြင့် ပတ်တော်ရဲ ကင်းစခန်းကို ဝင်ရောက်စီးနင်းပီး မီးရှို့ပြာချလိုက်ကြောင်း၊ စစ်ကူလာမည့် စစ်ကြောင်းကို မိုင်း ၁၇ လုံးထောင်၍ စောင့်ဆိုင်းခဲ့သော်လည်း မိုင်း ၇ လုံးကို စစ်တပ်က ရှာဖွေ ဖောက်ခွဲသွားကြောင်း မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်အားမာန် က ပြောသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s