ဖလမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် နေအိမ် ၃ လုံးမီးလောင်

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ သီးဘွာလ်စစ်စခန်းမှာ နိုဝင်ဘာ ၂၃ ရက်နေ့က တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်က သီးဘွာလ်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF တို့တိုက်ပွဲ ၁ ကြိမ်ဖြစ်ပွားခဲ့ပြီး ညနေ ၃ နာရီနဲ့ ၄ နာရီကြားမှာလည်း ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ အမျိုးအမည်မသိ မီးလောင်ဗုံး လက်နက်ကြီးကြောင့် သီးဘွာလ်ကျေးရွာက နေအိမ် ၃ လုံး မီးလောင်ကျွမ်းသွားကာ အဲ့ဒီဗုံးအမျိုးစားနဲ့ပတ်သက်ပြီး စုံစမ်းနေတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ဆိုပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့ မနက် ၇ နာရီလောက်နဲ့ ည ၈ နာရီလောက်ကလည်း သီးဘွာလ်စစ်စခန်းမှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့က ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုအခြေနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ချင်းပြည်နယ် ဖလမ်းမြို့နယ် သီးဘွာလ်စစ်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ CNDF ဦးဆောင်တဲ့ ‌ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတာ ဒီနေ့နဲ့ဆို ၁၁ ရက်မြောက်ရှိပြီဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာနဲ့ စစ်ကူပို့တာတွေလည်း ရှိနေပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s