ဖလမ်းမြို့နယ်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွား စစ်ကောင်စီတပ်သား သေဆုံး ဒဏ်ရာရ

ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိထားကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ သတင်းထုတ် ပြန်သည်။

“စစ်ကောင်စီဖက်က သေဆုံးဒဏ်ရာရတာတွေက စနိုက်ပါနဲ့ ပစ်တဲ့အတွက် သေချာအတည်ပြုနိုင်ခဲ့တာပါ” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ Salai Cung Ngai က မဇ္စျိမ ကိုပြောသည်။

နိုဝင်ဘာလ ၂၃ရက်နေ့ မနက် ၁၁နာရီ ၄၅မိနစ်အချိန်တွင် ဖလမ်းမြို့နယ် သီးဘွာလ်တပ်စခန်းမှ စစ်ကောင်စီတပ်များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ညနေပိုင်း ၃နာရီ နှင့် ၄နာရီအကြားတွင် ထပ်မံထိတွေ့မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၂၂ရက်နေ့ နံနက် ၇နာရီအချိန်နှင့် ည ၈နာရီဝန်းကျင်ခန့်တို့တွင် ထိတွေမှု နှစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဒဏ်ရာရသူ နှစ်ဦးရှိပြီး အကျအဆုံးရှိမရှိကိုမူ အတည်ပြုနိုင်ခြင်းမရှိကြောင်းဆိုသည်။

နိုဝင်ဘာလ ၂၁ရက်နေ့ နေလယ် ၂နာရီခန့်အချိန်ကလည်း စစ်ကောင်စီတပ်နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ထိခိုက်မှုအား အတည်ပြုနိုင်ခြင်းမရှိဘဲ CNDF တပ်ဖွဲ့မှ ဒဏ်ရာ (မစိုးရိမ်ရ) တစ်ဦး ရရှိကြောင်းသိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် အမျိုးအမည်မသိ မီးလောင်ဗုံး(စုံစမ်းဆဲ) လက်နက်ကြီးကြောင့် သီးဘွာလ်ကျေးရွာရှိ နေအိမ်သုံးလုံး မီးလောင်ကျွမ်းခဲ့ကြောင်း ဆိုသည်။

နိုဝင်ဘာလ ၁၅ရက်နေ့မှ စတင်ပြီး သီးဘွာလ် တပ်စခန်းကို CNDF နှင့် မဟာမိတ် ချင်းကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်နေပြီး စခန်းမကျရေးအတွက် စစ်ကောင်စီတပ်က လေကြောင်းမှ အပြင်းအထန်ပစ်ခတ်ခဲ့ပြီး ယခုတိုင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၅ရက်မှ ၁၉ရက်နေ့အထိ ငါးရက်တာတိုက်ပွဲအတွင်း CNDF မှ သီးဘွာလ်တပ်စခန်းကို ဒရုန်းဖြင့် အကြိမ်ရေ ၃၀၀ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်ထိုးစစ်များကြောင့် စစ်ကောင်စီတပ်သား ၃၀ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s