ဖားကန့်၊ ကားမိုင်းမြို့ထွေ/အုပ်ရုံးတွင် ပေါက် ကွဲမှုဖြစ်ပြီး Non-CDM ဝန်ထမ်း ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ၊ သံဖြူဇရပ်မြို့ပေါ်တွင် ဗုံး ၃ လုံးပေါက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ အထွေထွေ အုပ်ချုပ် ရေးမှူးရုံး တွင် ယနေ့မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် ပေါက်ကွဲမှုဖြစ်ပွားပြီး ထွေ/အုပ် ဝန်ထမ်း ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ကာမိုင်းမြို့ဒေသခံများထံ မှ သိရှိရသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းတည့် ၁၁ နာရီ ၅၀ မိနစ်အချိန် ဖားကန့်မြို့နယ်၊ ကာမိုင်း မြို့ ထွေ/အုပ်ရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး ထွေအုပ်စာ ရေး ခွန်နော်ထူး သေဆုံးကြောင်း၊ အခြားထွေ/အုပ်ဝန်ထမ်း စာရေး မိုးကျော်သန်း ခြေထောက် တွင် ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ပေါက်ကွဲမှုဖြစ်တယ်။ ကာမိုင်းမြို့ ထွေ/အုပ်ရုံးမှာ ။ ထွေအုပ် ၁ ဦး သေတယ်။ အခြား ဝန်ထမ်း ၁ ဦးက ခြေထောက် အတော်ထိထားတယ်။ ပေါက်ကွဲမှုက ပါဆယ်ဗုံးလို့လည်း ပြောသလို လက်နက်ကြီးနဲ့အပစ်ခံရတာလို့ ပြောတယ်။ အများစုက လက်နက်ကြီးနဲ့ ပစ်ခံရတာလို့ ပြောကြတယ်။ ပေါက်ကွဲ မှု ဖြစ်ပြီး တော့ ကာမိုင်းဗျူဟာကုန်း လက်နက် ကြီး ၅ ချက် ၊ ၆ ချက်ပစ်တယ်။ လက် နက် ငယ်တွေနဲ့လည်း ရမ်းသမ်းပစ်တယ်။ မြို့ပေါ်မှာလည်း ကားတွေ ဆိုင် ကယ် တွေကို စစ်ဆေးတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၇ နာရီမှ ည ၇ နာရီ ၁၅ မိနစ်အထိ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ပေါ်တွင် ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မနေ့ညက ည ၇ နာရီ မှာ ပေါက်ကွဲသံ အကျယ်ကြီး ကြားရတယ်။ ည ၇ နာရီမှာ ဗုံးတစ်လုံး၊ ည ၇ နာရီ ၄ မိနစ်မှာ ဗုံးတစ်လုံး၊ ည ၇ နာရီ ၁၀ မိနစ်မှာ ဗုံးတစ်လုံး။ ဗုံးပေါက်တဲ့နေရာက သံဖြူဇရပ် EPC ရုံးနားဖြစ်ဖို့များတယ်။ အရင် တစ်ပတ်က EPC လျှစ်ရုံးကို ဗုံးခွဲမယ်လို့ သတိပေးထားတာ” ဟု သံဖြူ ဇရပ်ဒေသခံတစ်ဦးက ပြောဆိုသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s