မင်္ဂလာဒုံမြို့နယ် ထွေ/အုပ် အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး စစ်တပ်၊ ရဲများက ဘူဒိုဇာ ဖြင့် ရပ်ကွက်များရှိ နေအိမ်များကို ဖျက်ဆီး၊ ဓာတ်ပုံနှင့်ဗီဒီယို ရိုက်ကူး ပါက ရိုက်နှက် သတ်ဖြတ်မည်ဟု ခြိမ်းခြောက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုရှိ ရပ်ကွက် ၅ ခုကို တပ်ပိုင်မြေဟုဆိုကာ ယနေ့ နံနက်ပိုင်း မင်္ဂလာဒုံမြို့နယ်၊ အ ထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဦးဆောင်၍ စစ်တပ်၊ ရဲများက ဂုံညှင်းနီ ရပ်ကွက်ရှိ နေအိမ်များကို ဘူဒိုဇာဖြင့် ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့စွဲဖြင့် အကြမ်းဖက်စစ်ကောင်စီက မင်္ဂလာဒုံမြို့နယ် အတွင်း ရှိ နေအိမ်များကို ဖျက်သိမ်းခြင်း မပြုရန်နှင့် ၂၀၂၃ ခုနှစ် မတ်လအထိ ဆိုင်းငံ့ထားရန် တရားဝင်ညွှန်ကြားလွှာ ထုတ်ပြန်ထားသည့်ကြားမှ ဂုံညှင်းနီ ရပ်ကွက်အတွင်းမှ နေအိမ်များကို အတင်းအဓမ္မ ဝင်ရောက်ဖျက်ဆီး သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်း မင်္ဂလာဒုံမြို့နယ်၊ ဂုံညှင်းနီရပ်ကွက်အတွင်းရှိ နေအိမ်များကို မင်္ဂလာဒုံထွေ/အုပ် အုပ်ချုပ်ရေးမှူး၊ ပျဥ်းမပင်အုပ်ချုပ်ရေးမှူး သိန်းထွန်း ၊ ရပ် ကွက် ရာအိမ်မှူး အေးသိန်း ဦးဆောင်ကာ ဘူဒိုဇာဖြင့် ဝင်ရောက် ဖျက်ဆီး နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“နိုဝင်ဘာ ၂၁ ရက်နေ့ နေ့စွဲနဲ့ စာထုတ်ပြီးသား။ ဖျက်သိမ်းတာတွေ မတ်လ အထိ ဆိုင်းငံ့တယ်ဆိုတာ။ အဲဒါကို သူတို့မသိစရာအကြောင်းမရှိဘူး။ အဲဒါကို ရပ်ကွက်အတွင်းထဲအထိ ဝင်ပြီး အိမ်တွေကို ဘူဒိုဇာနဲ့ လိုက်ဖျက်ဆီးနေတာ။ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ရင်လည်း အရးယူမယ်၊ ရိုက် သတ်မယ်ဆိုပြီး ခြိမ်းခြောက် တယ်။ အပေါ်က စာထုတ်ထားတာကို သူတို့က သိသိနဲ့ အဲဒီလိုကြီးတွေ လုပ် နေတာ။ မင်္ဂလာဒုံ အခြားရပ်ကွက်တွေမှာ ဂျိုးဖြူပိုက်လိုင်းနဲ့ မလွတ်တာ၊ မဟာ ဓာတ်အား လိုင်းနဲ့ မလွတ်တာတွေကိုပဲ ဘူဒိုဇာနဲ့ ထိုးတာ။ အခုလိုမျိုး ဂုံညှင်းနီ ရပ်ကွက်အတွင်းထဲအထိ ဝင်ပြီး ဘူဒိုဇာနဲ့ ဖျက်ဆီးတာမျိုးမရှိဘူး” ဟု ဂုံညှင်းနီ ရပ်ကွက်ဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်တပ်၊ ရဲနှင့်ထွေ/အုပ်တို့က ပြည်သူပိုင်နေအိမ်များကို ဘူဒိုဇာဖြင့် ဖျက်ဆီးရာ တွင် ဓာတ်ပုံနှင့်ဗီဒီယိုရိုက်ကူးလျှင် ရိုက်နှက်သတ်ဖြတ်မည်ဟုလည်းကောင်း၊ ဥပဒေအရ အရေးယူ ဖမ်းဆီးထောင်ချမည်ဟုလည်းကောင်း ခြိမ်းခြောက် နေ ကြောင်း သိရှိရသည်။

“ဓာတ်ပုံ၊ ဗီဒီယိုရိုက်တာက PDF ဆီပို့မလို့လား ဆိုပြီး မေးတယ်။ ဗီဒီယို၊ ဓာတ် ပုံ ရိုက်ရင် ရိုက်သတ်မယ်လို့ လည်းပြောတယ်။ ရိုက်သတ်ပြီး PDF ဆိုပြီး နာမည်တပ်လို့ရတယ်လို့လည်း ခြိမ်းခြောက်တယ်” ဟု မင်္ဂလာဒုံမှ လူငယ် တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မင်္ဂလာဒုံမြို့နယ်စစ်ကောင်စီက ရပ်ကွက် ၅ ခုကို နိုဝင်ဘာလ ၂၂ ရက်နေ့ နောက် ဆုံးထား ပြောင်း ရွှေ့ရန် အမိန့်ထုတ်ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့မှစ၍ ရပ် ကွက်ကို လုံခြုံရေးများချကာ အတင်းအကျပ် ရွှေ့ပြောင်းခိုင်းနေကြောင်း၊ သို့ရာ တွင် အကြမ်းဖက်စစ်ကောင်စီက နိုဝင်ဘာ ၂၁ ရက်နေ့ နေ့စွဲဖြင့် မင်္ဂလာဒုံ ရပ်ကွက် ၅ ခုမှ ပြည်သူများ၏ အသနားခံ တင်ပြမှုကြောင့် အိမ် များ ဖျက်သိမ်းခိုင်းမှုကို ၂၀၂၃ ခုနှစ် မတ်လအထိ ၄ လ ဆိုင်းငံ့ပေးရန် ညွှန်ကြား ချက် တစ်ရပ်ကို ထုတ်ပြန်လာကြောင်း၊ စစ် ကောင်စီက အိမ်ဖျက်ခိုင်းမှုများကို ဆိုင်းငံ့သည်ဟု ညွှန်ကြားထွက်သော်လည်း အောက် ခြေတွင် နေ့စဉ် ရဲ၊ စစ်တပ် လုံခြုံရေးများဖြင့် ရပ်ကွက်များရှိ နေအိမ်များကို အတင်းအကျပ် ဖျက်သိမ်း နေကြောင်း သိရှိရသည်။

မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ပျဉ်းမပင် စက်မှုဇုန် ဧရိယာ ၅၆၀ ဒသမ ၀၆ ဧက ခန့်ရှိ မြေပေါ်တွင် ကျူးကျော် သည်ဟုဆိုကာ စံသမာဓိရပ်ကွက်၊ မြဲမြံအောင်ရပ်ကွက်၊ ဂုံညှင်းနီရပ်ကွက်၊ ဓမ္မ ပါ လ ရပ်ကွက်၊ မြ၀တီစိုက်ခင်းရပ်ကွက်မှ အိမ်ခြေတစ်သောင်းနီးပါး၊ လူဦး ရေ ၅ သောင်းနီးပါးကို စစ်တပ်က အတင်းအကျပ် ဖယ်ရှား ခိုင်းနေခြင်း ဖြစ်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s