မိုးကောင်းမြို့နယ်တွင် စစ်ကောင်စီခန့် လေးမိုင်ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ဇနီးကို PDF တပ်က ဖမ်းဆီး၊ စစ်တပ်အတွက် သတင်းပေးမှုများ ဆက်တိုက် ပြုလုပ်နေသည့်အတွက် စစ် ဆေးမည်ဟုဆို

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှ စစ်ကောင်စီခန့် လေးမိုင်ကျေးရွာ ဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး အောင်ဆန်းဦးနှင့် ဇနီး သီတာတို့က စစ်တပ် အ တွက် သတင်း ပေး လုပ်နေ သော ခိုင်မာသော သက်သေများ ရရှိထားသည့်အတွက် ဒေသ ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၂၃ ရက်နေ့ ညပိုင်း က သွား ရောက် ဖမ်း ဆီး ခဲ့ကြောင်း UG Black Kအဖွဲ့မှ တာဝန်ရှိသူ တစ် ဦး ကပြော သည်။

ယမန်နေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်က သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌ အောင်ဆန်းဦးမှာထွက်ပြေးလွတ်မြောက် သွားကာ ဇနီး သီတာကို သာ ဖမ်းမိ ခဲ့ကြောင်း UG Black K အဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြော ဆိုသည်။

“ ကျွန်တော်တို့ သူတို့အိမ်နားရောက်တော့ ခွေးတွေကအရမ်းဟောင်တဲ့အချိန် အောင်ဆန်းဦးက ကျွန်တော်တို့ကို မြင်သွားပြီးထွက်ပြေးသွားတယ် ပစ်ဖမ်း ပေ မယ့် လွတ်သွားတယ်”ဟု UG Black K အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီခန့် လေးမိုင်ကျေးရွာ ဥက္ကဋ္ဌနှင့်ဇနီးသည် စစ်တပ် အတွက် သတင်း ပေးခြင်း၊စစ်ကောင်စီ အတွက် ပြည်သူလူထုထံမှ ငွေကြေးများ အတင်း အကျပ် ကောက်ခံ ခြင်းများ ပြုလုပ်နေသော ခိုင်မာသည့်သက်သေ အထောက် အထား များအရ ဖမ်း ဆီး ရခြင်းဖြစ်ကြောင်း သိရသည်။

UG Black K အဖွဲ့အနေဖြင့် ဖမ်းဆီးရမိမိထားသည့် စစ်ကောင်စီခန့် ကျေးရွာ အုပ် ချုပ်ရေးမှူး၊ ဥက္ကဋ္ဌ၏ ဇနီးဖြစ်သူကို သီတာကို စစ်ဆေး မေး မြန်းပြီး ဥပဒေ နှင့် အညီ ပြစ်ဒဏ်များကို ချမှတ်သွားမည်ဟု UG Black K အဖွဲ့က ပြောဆို သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s