မိုးညိုတွင် စစ်ကောင်စီတပ်လက်အောက်ခံ နယ်မြေရဲစခန်းအား ပဒေသာမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်ရာ စခန်းမီးလောင်ပြာကျ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် စစ်ကောင်စီတပ်လက်အောက်ခံ နယ်မြေရဲစခန်းကို ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခ်ိုက်ရာ စ ခန်းမီးလောင်ပြာကျသွားကြောင်း ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

မိုးညိုမြို့နယ်ရှိ ပတ္တော်နယ်မြေရဲစခန်းကို နိုဝင်ဘာလ ၂၂ ရက်နေ့၊ ည ၉ နာရီအချိန်တွင် မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မိုးညို ပက ဖ)က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ ၂၂ ရက်နေ့ ည ၉ နာရီလောက်မှာ မိုးညိုပကဖ က ပတ္တော်ရဲစခန်းကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။ စခန်း မီးလောင်ပြာကျသွားပါတယ်” ဟု ပဲခူးတိုင်း ပကဖ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက မဇ္စျ်ိမကိုပြောသည်။

မိုးညိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးရှိနေသည့် ပတ္တော်နယ်မြေရဲစခန်း ပတ်ပတ်လည်တွင် ပဒေသာမိုင်းများဆင်ပြီး ဖောက် ခွဲတိုက်ခိုက်ခဲ့ရာ စခန်းမှာ မီးလောင် ပြာကျသွားခဲ့ကြောင်း သိရသည်။

“ စစ်ကောင်စီတပ်ရဲ့ အထိအခ်ိုက်ကတော့ အတည်ပြုလို့မရသေးဘူး။ စခန်းတွင်းမှာရှိနေတဲ့ ရဲခုနစ်ယောက်ကတော့ အကုန်ထွက်ပြေးသွားကြတယ်” ဟု ပကဖ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုတွင် မိုးညိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့ စစ်ရေးပစ်မှတ်က ရှင်းပါတယ်။ လက်နက်ကိုင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်နဲ့ သူတို့ရဲ့ လက်အောက်ခံမှန်သမျှကို တိုက်ခ်ိုက်မှာပါ။” ဟု ပဲခူးတိုင်း ပကဖ တာဝန်ရှိသူက ဆက်ပြောသည်။

လက်ရှိအချိန်တွင် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသည့် ပတ္တော်နယ်မြေရဲစခန်းနေရာတွင် မင်းလှမြို့၊ စိန်ကန့်လန့် ခလရ(၁)မှ စစ်ကောင်စီတပ်နှင့် ရဲ စုစုပေါင်း အင်အား ၄၀ ခန့်က လာရောက်တပ်စွဲထားကြောင်း သိရသည်။

မိုးညိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရဲများက လောင်းကစားဝိုင်းများအား ဆက်ကြေးကောက်ကာ လုပ်ကိုင်ခွင့်ပြုနေခြင်းအပြင် မြို့နယ်အ တွင်းရှိ ပြည်သူများကိုလည်း ဖိနှိပ်မှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

နိုင်ငံတစ်ဝန်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်မှု အရှိန်ဟုန်ဖြင့် ပြုလုပ်နေသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၎င်းတို့၏ လက်ပါးစေများနှင့် နီးကပ်စွာ နေထိုင်ခြင်း မပြုလုပ်ရန်လည်း ပဲခူးတိုင်း ပကဖ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြည်သူများကို မေတ္တာ ရပ်ခံထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s