ရေးမြို့တွင် စစ်ကောင်စီ ကျောင်းကြိုပို့ ကားတစ်စီးတိုက်ခိုက်ခံရ၍ ၂ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရ

မွန်ပြည်နယ် ရေးမြို့တွင် နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲဝန်းကျင်က စစ်ကောင်စီ၏ ခလရ(၅၈၆) တပ်ရင်းမှ ကျောင်းကြိုပို့ ကားတစ်စီးတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးကာ တစ်ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း (R.G.F) ရာမညပြောက် ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရေးမြို့နယ်မြောက်ပိုင်း ကျုံပေါကျေးရွာအနီး ရေး-မော်လမြိုင်ကားလမ်းမပေါ်၌ ကျောင်းကြိုပို့ကားကို အပြန်တွင် စောင့်ဆိုင်ပြီး မိုင်းဆွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်ဟု (R.G.F) ရာမညပြောက်ကျားတပ်ဖွဲ့မှ PDF ရဲဘော်တစ်ဦးထံမှ သိရသည်။

(R.G.F)ရာမညပြောက်ကျားတပ်ဖွဲ့မှ PDF ရဲဘော်တစ်ဦးက “စစ်တပ်က ကျွန်တော်တို့မြို့နယ်မှာ စစ်ကျွန် ပညာရေးကို အကောင်ထည်ဖော်နေတာရယ် ပြီးတော့ မြို့နယ်ပေါ်မှာရှိတဲ့ CDM ဆရာ/ ဆရာမတွေကို ခြိမ်းခြောက်ပြီး ကျောင်းပြန်တက်ခိုင်းတာတွေလုပ်နေလို့ သွားရောက်တိုက် ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ယင်းဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့က အနီးနားရှိကျေးရွာများကို လိုက်လံရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s