ရွှေဘိုခရိုင်ရှိ နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ပြည်သူများ စောင်နှင့်အနွေးထည် အရေးပေါ်လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ်တွေ ဆုံးရှုံးခဲ့ရတဲ့ ပြည်သူ နှစ်ထောင်ကျော် နေစရာ အ ခတ်အခဲရှိနေပြီး စောင်နဲ့ အနွေးထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ S&C မီးဘေး၊ စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ဆီ သိရပါတယ်။

အဆိုပါ ကျေးရွာကို ပြီးခဲ့တဲ့ ဩဂုတ် ပထမပတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ရှိတယ် အထင်နဲ့ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး အိမ်ခြေ ၇၀၀ နီးပါး မီးလောင်ပျက်စီးကာ လူဦးရေ နှစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။

S&C မှ တာဝန်ရှိသူက “အတော်ဆိုးဆိုးဝါးဝါးဖြစ်ထားတော့ သူတို့အရမ်းကြောက်နေကြတာ။ ရွာမှာကအိမ်ခြေ ၁၀၀၀ ကျော်ရှိတယ်။ အိမ်ခြေ ၆၀၀ နီးပါးက မီးထဲပါသွားတာ။ လက်နှီးစုတ်တောင်မကျန် မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့အထိ ဖြစ်သွားခဲ့တာပါ။ အခု အိမ်တအိမ်ကို ၂ သိန်းနဲ့ အလှူခံပြီးပြန်ဆောက်ပေးနေတယ်။ လောလောဆယ်အိမ်ခြေ ၅၀ ပြီးပြီ။ တိုက်တွေ ကားတွေနဲ့ နေခဲ့သူတွေက ခုချိန်မှာ ၂ သိန်းတန် ထန်းရွက်မိုး ဝါးထရံကာ အိမ်တလုံးထဲမှာ စုပေါင်းနေထိုင်နေကြရတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

မီးဘေးသင့် ပြည်သူများလိုအပ်နေတဲ့ နေစရာအတွက် S&C အဖွဲ့က အိမ်တလုံး ကျပ် ၂ သိန်းနှုန်းနဲ့ နေအိမ် ၅၀ ဆောက်ပေးထားနိုင်ပြီး အိမ် ခြေ ၅၀၀ ကျော်ကို ဆက်လက်ဆောက်ပေးနိုင်ဖို့ ငွေကြေးလိုအပ်နေသလို ဆောင်းတွင်းကာလ ဖြစ်တာကြောင့် စောင်နဲ့ အနွေးထည်တွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

မီးဘေးသင့်ပြည်သူတွေကို ထောက်ပံ့လှူဒါန်းလိုသူများအနေနဲ့ S&C မီးဘေးစစ်ဘေး ပညာရေး စောင့်ရှောက်ရေးအဖွဲ့ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ် page မှာ အသေးစိတ်အချက်အလက်တွေကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s