ကရင်နီဒေသတွင် KNDFက လက်နက်ကြီးတပ်ဖွဲ့ ဖွဲ့စည်းထား

ကရင်နီဒေသတွင် အင်အားကြီးမားသည့် တော်လှန်ရေး တပ်ဖွဲ့တစ်ခုဖြစ်သော ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က လက် နက်ကြီး တပ်ဖွဲ့ ဖွဲ့စည်း ထားပြီဖြစ်ကြောင်းသိရသည်။

KNDF တွင် တပ်ရင်းစုစုပေါင်း ၂၁ ရင်းအထိ ဖွဲ့စည်းထားပြီဖြစ်ကာ ၆၀ မမ၊ ၈၁ မမ နှင့် ၁၂၀ မမ ကဲ့သို့သော လက်နက်ကြီးများဖြင့် စစ်ကောင် စီတပ်အား တိုက်ခိုက်ရန် အတွက် လက်နက်ကြီးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း KNDF ဗဟို အတွင်းရေးမှူး (၃) ကိုမာဝီ ထံက သိရသည်။

“မမများနဲ့ပွဲကမယ် ကမ်ပိန်းရဲ့ရလဒ်ပေါ့။ ကျွန်တော်တို့ KNDF မှာတော့ လက်နက်ကြီးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်နိုင်တဲ့အနေအထားရှိပြီပေါ့နော်။ အဲ့ဒီတော့ စစ်ကောင်စီပစ်သလိုပဲ ကျွန်တော်တို့လည်း စစ်ကောင်စီတပ်စခန်းတွေကို ဗျူဟာကျကျ ပစ်ခတ်တိုက်ခိုက်သွားတော့မှာဖြစ်တယ်” ဟု ကိုမာဝီက KNDF ၏ တပ်ပိုင်းဆိုင်ရာ တိုးတက်လာမှုအခြေအနေကို ပြောသည်။

၂၀၂၁ ခုနှစ် ၊ မေလ ၂၁ ရက်နေ့တွင် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့၌ စတင်ခဲ့သည့် တိုက်ပွဲများမှနေ၍ ယခုအခါတွင်မူ စစ်ကောင်စီတပ်အား ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နိုင်သည့် အခြေအနေအထိ ပြောင်းလဲလာခဲ့ပြီဖြစ်သည်။

KNDF အနေဖြင့် လက်နက်ကြီး အမျိုးအစားများပိုင်ဆိုင်လာသည့်အတွက် အားသာချက်ပိုမိုရှိလာပြီ ဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲရဲ့အခြေအနေ နဲ့ ရှေ့တိုး နောက်ဆုတ်တွေမှာ ပိုပြီးတော့ ဗျူဟာကျကျ တိုက်ခိုက်နိုင်မယ်။ ကျွန်တော်တို့အဖွဲ့ဝင်တွေ ထိခိုက်မှုနည်းပြီး စစ်ကောင်စီကိုပိုပြီး ချေမှုန်းနိုင်တော့မှာပါ”ဟု ကိုမာဝီက ရှင်းပြသည်။

ထို့ပြင် မကြာခင်အချိန်အတွင်း စစ်ကောင်စီတပ်၏ အထိုင်ချတပ်စခန်းများ၊ ဗျူဟာကုန်းများ ကိုလည်း ထိခိုက်မှုများအောင် ခြိမ်းခြောက်နိုင်မည့်အခြေအနေရှိလာပြီဟု ၎င်းကဆိုသည်။

ထိုသို့ လက်နက်ကြီးတပ်ဖွဲ့အတွက် ထိုက်သင့်သည့်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်သော်လည်း ကုန်ကျစရိတ်လိုအပ်ချက်မှာ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း ကိုမာဝီက ဆက်လက်ဖြေကြားသည်။

လက်ရှိမြေပြင်တွင် အဆိုပါလက်နက်ကြီးတပ်ဖွဲ့မှ ပစ်ခတ်မည့် ၆၀ မမ ကျည်သီးတစ်လုံးသည် မြန်မာငွေကျပ် ၂၅၀,၀၀၀ ၊ ၈၁ မမကျည်သီးသည် ၇၀၀,၀၀၀ ကျပ်ဝန်းကျင်၊ ၁၂၀ မမ ကျည်သီးသည် ကျပ် ၁,၃၀၀,၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေသည်။

မြို့ပေါင်း ၁၂ မြို့ရှိပြီး လူဦးရေအားဖြင့် ၃၀၀,၀၀၀ ကျော်မျှသာရှိသည့် ကရင်နီနယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ တပ်ရင်းပေါင်း ၃၅ ရင်းအထိရှိပြီး အခြား တော်လှန်ရေးအဖွဲ့ပေါင်း ၁၀ ဖွဲ့ဝန်းကျင်အထိရှိကြောင်း မြေပြင်အချက်အလက်များ အရသိရသည်။

ကရင်နီဒေသရှိ မြို့အများစုသည် စစ်ဇုန်အဖြစ်ရှိနေပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ အကြား နေ့စဉ်ထိတွေ့တိုက်ခိုက်မှုများရှိနေသည်။ တိုက်ပွဲများကြောင့် ကျေးရွာပေါင်း ၅၀၀ ကျော်မှ ဒေသခံ ပြည်သူ ဦးရေ ၂၀၀,၀၀၀ နီးပါးခန့် စစ်ဘေးရှောင်နေရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s