ဒဏ်ရာရရှိထား၍ ဆေးရုံပို့ရန်ထွက်လာသည့် ပျူစောထီးများ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း တိုက်ခိုက်ခံရ၍ ဒဏ်ရာရရှိထားသည့် ပျူစောထီးများအား ဆေးရုံသို့ပို့ရန်ထွက်လာစဉ် ထပ်မံမိုင်းဆွဲတိုက် ခိုက်ခံခဲ့ရကြောင်း Brave Heart Army ထံမှ သိရသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် ပျူစောထီးများစခန်းချထားသည့် တောပုရွာမှ ဒဏ်ရာရရှိထားသူ ပျူစောထီးအဖွဲ့ဝင်နှစ်ဦးအား အခြားအဖွဲ့ဝင်လေးဦး မှ Alphard ကားဖြင့် ဆေးရုံသို့ပို့ ဆောင်ရာတွင် မုံရွာ-ချောင်ဦး လမ်းပိုင်းတစ်နေရာ၌ ပဒေသာမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“မိုင်းကွင်းထဲရောက်တဲ့အချိန်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ ကားက ဆိုးဆိုးရွားရွား ထိခိုက်သွားတယ်။ ညာဖက်အခြမ်းကထိုင်တဲ့အကောင်တွေရဲ့ မျက်နှာနဲ့ခေါင်းတွေမှာ သွေးတွေအများကြီးပဲလို့မျက်မြင်တွေ့ တဲ့ ပြည်သူတစ်ဦးက သတင်းပို့လာတယ်” ဟု Brave Heart Army တာ ဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြော သည်။

ထိခိုက်သွားသောကားမှာ ဆက်လက်မောင်နှင်းသွားပြီး စစ်ကောင်စီတပ်ကဖွင့်လှစ်ထားသည့် မအူဂိတ်မှ တဆင့် အခြားကားတစ်စီးဖြင့် ကုတင် ၃၀၀ စစ်ဆေးရုံ သို့ ခေါ်ဆောင်သွားကြောင်းဆိုသည်။

ထိုသို့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာတွင် လမ်းသွားပြည်သူတစ်ဦး မိုင်းစထိမှန်၍ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသဖြင့် မိသားစုနှင့်အတူ ထပ် တူကြေကွဲဝမ်းနည်းရကြောင်း Brave Heart Army က အသိပေး ထား သည်။

ပျူစောထီးများစခန်းချထားသော တောပုကျေးရွာတွင် စစ်ကောင်စီတပ်ထွက်၊ ကြံ့ခိုင်ရေးနှင့် ၎င်းတို့၏ ဆွေမျိုးသားချင်းများအား ပြည်သူ့စစ်ပုံစံဖြင့် စည်းရုံးသိမ်းသွင်းကာဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရ သည်။

စစ်ကောင်စီတပ်သည် ၎င်းတို့အား PDF အကြမ်းဖက်သမားများမှ ရွာကိုမဖျက်ဆီးနိုင်ရေးအတွက် ရပ်ရွာ ကာကွယ်ရေးလုပ်ရန်လိုအပ် ကြောင်း ဝါဒမှိုင်းသွင်းကာ စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထား ကြောင်း သိရသည်။

အဆိုပါ တောပုရွာသည် မုံရွာမြို့နှင့်နီးသဖြင့် စစ်ကောင်စီတပ်ဖွဲ့များအတွက် ခရီးတစ်ထောက်နားနေရန် စခန်းတစ်ခုဖြစ်ပြီး စစ်ကြောင်းများရှိပါက ပျူစောထီးများမှ အင်အားဖြည့်တင်းလိုက်ကြရပြီး အမိန်နာခံမှု ကောင်းသူများကို နေရာပေး၍ စေခိုင်းထားကြောင်းသိရသည်။

တောပုရွာတွင် ပျူစောထီးများနှင့် မပတ်သက်လိုသူများရှိနေပြီး အနိုင်ကျင့်မှုဒဏ်ကို မခံနိုင်သဖြင့် ပြောင်း ရွှေ့သွားသူများလည်းရှိကြောင်း၊ ပျူစောထီးများသည် ၎င်းတို့အားမထောက်ခံသူများကို အနိုင်ကျင့်နှိပ် စက်တတ်ကြောင်း BHA တာဝန်ရှိသူက ဆိုသည်။

မုံရွာမြို့နယ်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များမှ အဆိုပါ ပျူစောထီးများစခန်းချထားသည့် တောပုရွာကို မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်း ဒေသတွင်း သတင်းအရင်းမြစ် များထံ ကသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s