မန္တလေးတွင် လက်နက်ကိုင် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး၊ တနင်္သာရီတွင်လည်း စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပျူစောထီး အဖွဲ့ဝင် သန်းစိုးဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၇ နာရီခန့်တွင် မန္တလေးမြို့ ၁၁၈ လမ်း နှင့် ၅၁ လမ်းထောင့်ရှိ ပျူစောထီးအဖွဲ့ဝင် သန်းစိုးဦး၏ နေအိမ်ကို မြို့ပြ ပြောက်ကျား တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေနတ်ကျည် ၂ ချက် ထိမှန်ကာ သေဆုံးခဲ့ကြောင်း Specail Task Force – Mandalay – STF-MDY က ထုတ်ပြန်ထားသည်။

အလားတူ မန္တလေး၊ အမရပူရမြို့နယ်တွင် လက်နက်ကိုင် ပျူစောထီး သိန်းမင်းထွန်းကို မြို့ပြ ​ပြောက်ကျားတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အမရပူရမြို့၌ အကြမ်းဖက် စစ်တပ်က လက်နက် တပ်ဆင်ပေးထားသော ပျူစောထီးအဖွဲ့၀င် ရာအိမ်မှူး သိန်းမင်းထွန်းကို ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့​ပြီး သေဆုံး ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြစ်ငယ် MN PDF အမျိုးသမီး ပြောက်ကျားအထူတပ်ဖွဲ့၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့နှင့် နောင်ရိုး အထူးပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး Myitnge – People Defence Force က သတင်း ထုတ်ပြန်ထားသည်။

ထို့ပြင် တနင်္သာရီမြို့နယ်၊ ချောင်းညီကိုရွာရှိ စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ မင်းဇော် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ချောင်းညီကိုရွာရှိ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ မင်းဇော်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဦးခေါင်းကို သေနတ်ကျည် ထိမှန်ကာ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော မင်းဇော်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက အကြမ်းဖက် စစ်တပ် သတင်းပေးအဖြစ် ဆက်လက် မလုပ်ဆောင်ရန် အ ကြိမ်ကြိမ် သတိပေးစာထုတ်ပြန် ခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်သောကြောင့် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း တနင်္သာ ရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ထားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s