မန္တလေး သံဃသမဂ္ဂဆရာတော်နှင့် မန္တလေးသပိတ် လူငယ် ၄ ဦးတို့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံရ

ဖမ်းဆီးခံထားရတဲ့ မန္တလေးသံဃသမဂ္ဂက ဆရာတော်နဲ့ မန္တလေးသပိတ်အင်အားစုက လူငယ် ၄ ယောက်တို့ကို  နိုဝင်ဘာ ၂၄ ရက်မှာ စစ်ကောင်စီတရားရုံးက ရာဇသတ်ကြီး  ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၃  နှစ်စီ အမိန့်ချလိုက်ပါတယ်။

ပြည်ကြီးတံခွန် တရားရုံးကနေ အမိန့်ချခဲ့တာဖြစ်ပြီး ရှေ့နေငှားခွင့်နဲ့ ခုခံချေပခွင့် မရဘဲ အမိန့်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သံဃသမဂ္ဂ – မန္တလေးအဖွဲ့က “လူတဦး တယောက်ကို အကြမ်းဖက်ဖမ်းဆီးပြီး ရှေ့နေငှါးခွင့် ခုခံချေပခွင့်မရှိဘဲ အမိန့်ချမှတ်တာဟာ လူတဦးတယောက်ချင်းစီရဲ့ အခြေခံလူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်တယ်။” လို့ ဆိုပါတယ်။

အောက်တိုဘာ ၃၀ ရက်က မန္တလေး သံဃသမဂ္ဂက ဆရာတော် ဦးကလျာဏ (ခ) ဦးယောကြီးနဲ့ မန္တလေး သပိတ်အင်အားစုက ကိုပိုင်နွေဦး၊ ကိုကောင်းခန့်ဇော်၊ ကိုနေရဲ ၊ ကိုဟိန်းမောင် တို့ကို စစ်ကောင်စီတပ်က အကြမ်းဖက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s