ရန်ကုန်တက္ကသိုလ်နှင့် YTU ဝင်ခွင့်ရကျောင်း သား ထက်ဝက်ခန့် ကျောင်းမအပ်

၂၀၂၂-၂၃ ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်နဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ကျောင်းဝင်ခွင့်ရရှိခဲ့သူတွေထဲက ကျောင်းသူ၊ ကျောင်း သား တဝက်စီလောက် ကျောင်းမအပ်ကြသေးဘူးလို့ အဲဒီတက္ကသိုလ်တွေက စုံစမ်းသိရပါတယ်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေထဲက ရန်ကုန်နည်းပညာတက္ကသိုလ်ရဲ့ ပထမနှစ်ဝင်ခွင့်ရ ကျောင်းသားကျောင်းသူ အရေ အတွက် ၄၀၅ ဦးရှိခဲ့ပြီး ကျောင်းအပ်ထားတဲ့ အရေအတွက်ကတော့ ၂၆၂ ဦးသာရှိကာ ကျန်တဲ့ ၁၄၃ ဦးကတော့ ကျောင်းမအပ်ကြသေးဘူးလို့ အဲ့ဒီတက္ကသိုလ် လက်ထောက်ကထိကတဦးက ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်တက္ကသိုလ်မှာလည်း ပထမနှစ်သင်တန်းအတွက် ဘာသာရပ် ၂၉ ခုကို ဝင်ခွင့်ရ ကျောင်းသားကျောင်းသူ အရေအတွက် စုစု ပေါင်း ၇၆၆ ဦးရှိပေမဲ့ ကျောင်းအပ်နှံပြီးတဲ့ အရေအတွက်ကတော့ ၃ ပုံ ၂ ပုံလောက်ပဲရှိသေးပြီး အဲ့ဒီထက် နည်းနိုင်တယ်လို့ သိရပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ ဒီနှစ်အတွက် ပထမနှစ် နေ့သင်တန်းတွေအဖြစ် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ နိုင်ငံတကာဆက်ဆံရေး၊ မြန် မာမှုပညာ စသဖြင့် ဘာသာရပ်ပေါင်း ၂၉ ခုကို သင်တန်းဖွင့်လှစ် သင်ကြားပေးနေတာပါ။

သင်တန်းသားအများဆုံး လက်ခံသင်ကြားပေးတဲ့ ဘာသာရပ်တွေအနေနဲ့ နိုင်ငံတကာဆက်ဆံရေးပညာ ဘာသာရပ်မှာ သင်တန်းသား ၁၀၄ ဦးနဲ့ အများဆုံး ခေါ်ယူထားပြီး သင်တန်းသား အနည်းဆုံး ၁ ဦးနှုန်းနဲ့ မြန်မာမှုပညာနဲ့ မနုဿဗေဒ ပညာရပ်သင်တန်းတွေကို ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်တို့ရဲ့ ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ် နောက်ဆုံးရက်ဟာ နိုဝင်ဘာ ၂၇ ရက်အထိဖြစ်ပေမဲ့ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အပြင်နဲ့ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်ဖို့ နောက်ကျနေသူတွေအတွက် ရက်တိုးမြှင့်သတ်မှတ်ပေးမယ်လို့ စစ်ကောင်စီလက်အောက်ခံ အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာထားပါတယ်။

၂၀၂၂ ခုနှစ်အတွင်းမှာ ဆယ်တန်းအောင်မြင်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူပေါင်း ၁၃၀,၀၀၀ ကျော်ရှိပြီး စစ်တပ်အာဏာသိမ်းထားတဲ့ နိုင်ငံ ရေးအခြေအနေကြောင့် ၂၀၂၂ ခုနှစ်မှာ စာမေးပွဲအောင်မြင်သူတွေကို ၂ နှစ်ကြာပြီးမှသာ ကျောင်းဖွင့်လှစ်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ စစ်ကျွန်ပညာရေးကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ သန်းနဲ့ချီတဲ့ ကျောင်းသူ ကျောင်းသားတွေ စာမေးပွဲမဖြေဘဲ ဘဲ သ ပိတ်မှောက်နေကြတာရှိသလို တက္ကသိုလ် ဆက်မတက်တော့တဲ့ ကျောင်းသားတွလည်း ရှိပါတယ်။

ဒါအပြင် နိုင်ငံတဝန်း တက္ကသိုလ် ပါမောက္ခတွေ၊ ကထိကနဲ့ နည်းပြအပါအဝင် ဆရာ ဆရာမ ထောင်ပေါင်းများစွာဟာလည်း အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်နေကြပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s