CRSH မှ လုပ်ငန်းများ ထိရောက်စွာအ ကောင်အထည်ဖော်နိုင်ရန် ရေးရာ ကော်မတီ ၄ခု တိုးချဲ့ဖွဲ့စည်း

စစ်ကိုင်းတိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားပြုကော်မတီ(CRSH) သည် ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များအား ထိရောက်စွာအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ရေးရာကော်မတီ လေးခုကို ရွေးကောက်ခံ တိုင်းဒေသကြီး ကိုယ်စားလှယ်များဖြင့် တိုးချဲ့ဖွဲ့စည်းတာဝန်ပေး လိုက်ကြောင်း နိုဝင်ဘာလ ၂၂ရက် နေ့တွင်သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၉ရက် နေ့တွင် ကျင်းပခဲ့သည့် လစဉ် ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဖွဲ့စည်းလိုက်သော ရေးရာကော်မတီ လေးခုမှာ လူသားချင်းစာနာထောက်ထားကူညီရေးနှင့် လူထုဆက်ဆံရေးကော်မတီ ၊ လုံခြုံရေးနှင့် ကာ ကွယ်ရေးဆိုင်ရာ ကော်မတီ၊ ဖက်ဒရယ်ရေးရာ သုတေသနကော်မတီ နှင့် ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီတို့ ဖြစ်ကြောင်းသိရသည်။

အဆိုပါကော်မတီများသည် လက်ရှိတော်လှန်ရေးကာလနှင့် တော်လှန်ရေးလွန်ကာလတွင် ပြည်သူလူထုနှင့် တိုင်းပြည်အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပိုမိုထိရောက်စွာ ပံ့ပိုးကူညီသွားရန်အတွက် ရည်ရွယ်ကြောင်းဆိုသည်။

“ပွင့်လင်းရာသီရောက်လာပြီဖြစ်တဲ့အတွက် စစ်ကိုင်းတိုင်းကို စစ်ကောင်စီက ထိုးစစ်တွေပြုလုပ်နေပါတယ် ၊ NUG အစိုးရဖက်ကလည်း ကူ ညီမှုတွေရှိပါတယ် ၊ အဲဒီ လုပ်ငန်းစဉ်တွေကို ပိုမိုမြန်မြန်ဆန်ဆန် ထိရောက်အောင်လုပ်ဆောင်ဘို့အတွက် ဖွဲ့စည်းလိုက်ပြီဆိုတာ ကြေညာတာပါ ၊ တကယ်က မကြေညာခင်ကတည်းက ပြည်သူနဲ့တော်လှန်ရေးအပေါ်မှာ ဆောင်ရွက်နေတာတွေရှိပါတယ်” ဟု CRSH တာဝန် ရှိသူတစ်ဦးမှ မဇ္စျိမ ကိုပြောသည်။

၎င်းတို့အနေနှင့် မတရားဖမ်းဆီး ၊ သတ်ဖြတ် ၊ မီးရှို့ အကြမ်းဖက်ခံနေရသည့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ရရှိနိုင်ရေး CDM ဝန်ထမ်းများ ထောက်ပံ့မှုရရှိနိုင်ရေးအတွက် NUG ၊ CRPH တို့နှင့် ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်းဆိုသည်။

CRSH သည် ပြည်သူများမှ မဲပေးရွေးချယ်ခဲ့သော ကိုယ်စားလှယ်များဖြစ်သည့် အားလျော်စွာ ပြည်သူများနှင့် အနီးစပ်ဆုံးနေရာများတွင်နေ ထိုင်ပြီး ပြည်သူများ အသံများများနားထောင်ကာ ၎င်းတို့မှ အသံနည်းနည်းထွက်၍ လုံခြုံရေးသတိထား လုပ်ဆောင်လျက်ရှိကြောင်း တာဝန်ရှိသူမှ ဆက်လက်ပြောဆိုသည်။

ယခုတော်လှန်ရေးသည် စစ်ရေး ၊နိုင်ငံရေး တွဲမှ အောင်မြင်နိုင်မည်ဖြစ်ပြီး တိုင်းရင်းသား ပြည်သူများ၏ သဘောထားဆန္ဒနှင့် ကိုက်ညီသော ဖက်ဒရယ်နှင့် ပတ်သက်သည့် သုတေသန လုပ်ငန်းများပြုလုပ်ကာ ပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

CRSH ကို ဖေဖော်ဝါရီလ ၇ရက် ၂၀၂၁ နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၃၃ဦး ဖြင့် ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဖြစ် မြောက်ရေးနှင့် ပိုမိုအားကောင်းလာစေရန် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်သူအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူကာကွယ်ရေးအဖွဲ့များ အားကောင်းလာစေရန် CRPH လမ်းညွှန်ချက်နှင့်အညီ လုပ်ဆောင်ခဲ့ပြီး လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို NUG ၏ပံ့ပိုးမှုဖြင့် သက်ဆိုင်ရာ နယ်မြေ လွှတ်တော်ကိုယ်စားလှယ်နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ ကြောင်း သိရှိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s