ခင်ဦး၊ မြင်းမူ၊ ပုလဲ၊ ကျောက်ထုတို့တွင် တိုက် ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးသူ အလွန်များပြား၊ စစ်သား ၄၀ ကျော်သေဆုံးနိုင်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပုလဲမြို့နယ်နှင့် မြင်းမူမြို့နယ်၊ မကွေးတိုင်း ကျောက်ထုမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးသူ အလွန်များပြားနေကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်းထုတ် ပြန်သည်။
ခင်ဦးမြို့နယ်၊ မြင်းဒေါင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ အနည်းဆုံး ၁၅ ဦးထိခိုက်သေဆုံး
=========================================
နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ခင်ဦးမြို့နယ် မြင်းဒေါင်းကျေးရွာ အရှေ့ ဘက် ချောင်းကြား၊ သရက်ပင်စုရွာနှင့် ရွာသစ်ကုန်းရွာမှ ထွက်လာသော စစ် ကောင်စီတပ်များကို ကြယ်နီတပ်ဦးမှ PLAရဲဘော်များနှ င့် ပူးပေါင်း မဟာ မိတ်များဖြစ်သော ဒို့ညီနောင်(PLA)၊ဒေါင်းနီ(PLA)၊တိုက်ဂါး(PLA) က မိုင်းဆွဲ တိုက်ခိုက် ပစ်ခတ်ခဲ့ရာ ရန်သူ့စစ်သား အနည်းဆုံး ၁၅ဦး ထိခိုက် သေဆုံး ခဲ့ ကြောင်း ကြယ်နီတပ်ဦးက ပြောသည်။
မြင်းမူတွင် စစ်ကြောင်းများကို တစ်ရက်တည်း အကြိမ်ကြိမ်တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံး
=========================================
နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၅၄ မိနစ်အချိန် မုံရွာမှ စစ်ကိုင်းဘက် သို့ကြေးနီသယ်ဆောင်လာသော ကား ၁၀ စီးကို မြင်းမူမြို့နယ်၊ အလ္လကပ္ပနှင့် ဝမ်းပြည့်ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားခေါင်းသို့ထိထိမိမိမှန်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ စစ်ကိုင်းမှ မုံရွာသို့ ဦးတည်ထွက်ခွာလာသော ကား ၁၅ စီး ပါ စစ်ယာဉ်တန်းကို မိုင်းဘီးလူးအပါအဝင် မိုင်း၆ လုံးတွဲဖြင့် မြင်းမူ နှင့်ဝမ်း ပြည့် ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားခေါင်းခန်းကို ထိထိမိမိ မှန်ခဲ့ပြီး ကားမှန် များပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၄ မိနစ်အချိန် စစ်ကိုင်းမှ မုံရွာသို့ ဦးတည် ထွက်ခွာလာသော ကား ၁၅ စီးပါ စစ်ယာဉ်တန်းကို မြင်းမူမြို့နယ်၊ ဝမ်းပြည့်နှင့်အလ္လကပ္ပကြား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကား လမ်းဘေး ထိုးကျ သွားပြီး စစ်သား ၆ ဦးသေဆုံးကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၁၈ မိနစ်အချိန် မြင်းမူဝမ်းပြည့်ကျေးရွာ နှင့်အလ္လကပ္ပကျေးရွာကြားလမ်းဘေးထိုးကျ သွားသောကား ပြုပြင်ရန်အတွက် မြင်းမူ မှ ကုန်းကြောင်းခြေလျင်အတိုင်းရောက်ရှိလာသောစစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ တိုက်ခိုက်မှုများကို People’s knight Defense Force Myinmu ( PKDF-MMU)နှင့်တူ People’ Army To Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) ၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F- MMU ၊ PAFD တပ်ခွဲ Dog Killers People Defense Force Myinmu ( DKPDF) စသော ညီနောင်မဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ပုလဲမြိုပေါ် ရဲစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်
=================================
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ပုလဲမြို့ရဲစခန်းကို နိုဝင်ဘာ၂၄ ရက်နေ့ ည၇နာရီကျော်အချိန် PDF များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
“အစီအစဉ်ကတော့ညနေပိုင်းလောက်ကထဲက ပြင်ဆင်ခဲ့တယ်။ မဟာမိတ် တွေနဲ့ အခုလိုပူပေါင်းတိုက်ရတာကို သဘောကျတယ်။ အခုလည်း အတော် လေးကို ထိထိရောက်ရောက်ပစ်နိုင်ခဲ့တယ်။ တိုက်ပွဲက မနေ့ည ၇နာရိ၁၀ မိနစ်ကစတယ်။ ည၉နာရီကျော်တော့ တိုက်ပွဲပြီးသွားတယ်။ ပထမ ကတော့ ပုလဲရဲစခန်းကို အဓိကပစ်မှတ်ထားတိုက်ခိုက်တယ်။ နောက်ပိုင်းမီးသတ်ရုံး နဲ့စုပေါင်းရုံးက စစ်ခွေးတွေကပါ ကျနော်တို့ကိုပစ်လို့ အဲဒီရုံးတွေပါပစ်ခတ် ခဲ့ တယ် ။အာလုံးပေါင်းရဲစခန်းရယ်၊ စုပေါင်းရုံးနဲ့ မီးသတ်ရုံးဆိုတော့ ၃ နေရာ ဖြစ်သွားတယ်။အဖွဲကလည်း၁၂ဖွဲ့နဲ စစ်ခွေးတွေကိုတိုက်တာဆိုတော့ လက် နက် ကြီး အလုံးကတော့အတော်များတယ်။ ညတိုက်ပွဲဆိုတော့ စစ်ခွေး အသေ ကတော့အတိအကျမပြောနိုင်ဘူး။ ကိုယ့်ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး” ဟု ဆာလင်းကြီးတွေ့ရာသင်္ချိုင်း ဓားမဆိုင်းအဖွဲ့ မှ တပ်ရင်းမှုး ဗိုလ်စွမ်းသူမောင်က ရန်ကုန်ခေတ်သစ်ဌာနသို့ အတည်ပြုပြောဆိုသည်။
တိုက်ခိုက်မှုကို ကျားသစ်နက်တပ်ရင်း၊ ဓားမဆိုင်းအဖွဲ့ ၊ဗမာ့ဒေါင်းအဖွဲ့၊ အညာ ဒေါင်းအဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း12အဖွဲ့ TKGF အဖွဲ့၊ အ ညာမြေ အဖွဲ့ ၊ နဂါးနီအဖွဲ့ ၊ေရွှဟင်္သာတ အဖွဲ့ ၊ မာဃပျောက်ကျားတပ်ဖွဲ့ ၊ MPLပျောက် ကျားတပ်ဖွဲ့၊ တမာမြေပျောက်ကျားတပ်ဖွဲ့၊ MRG ပျောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
စစ်ကိုင်း-မုံရွာလမ်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်သား ၉ ဦးသေဆုံးပြီး ကား ၃ စီး ဖျက်ဆီးနိုင်
===========================================
စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့မှ မုံရွာဘက်သို့ ရိက္ခာနှင့် လေယာဉ်ဆီလာပို့သည့် စစ်ကောင်စီ ကာတန်း ၁၀ စီး ကို နိုဝင်ဘာ နိုဝင်ဘာ၂၅ရက်နေ့ နံနက် ၁၁နာရီ ၄၅ မိနစ်၊ မွန်းတည့် ၁၂နာရီ ၁၅အချိန်များတွင် နေရာ ၃ နေရာမှ ဗုံးခွဲတိုက်ခို က်ခဲ့ကြောင်း စစ်ကိုင်းတိုင်းတော်လှန်ရေးအဖွဲ့များက ပြောသည်။
“စစ်ကိုင်း တပ်မ ၃၃ ကနေ မုံရွာဘက်ကို စစ်ယာဉ်တန်း ၁၀စီးနဲ့ထွက်လာမယ် လို့ တပ်မ၃၃ထဲက ဖရဲသီးကသတင်းအတိအကျပေးလို့ ကျွန် တော်တို့ ကြိုတင် ပြင် ဆင်တာတွေလုပ်တယ်။ ပထမ နတ်ခရိုင်နဲ့လယ်ကြီးရွာ အကြား မှာ ၂ နေရာ ကနေအသင့်ဆောင်ပြီး မိုင်းဆွဲလိုက်တယ်။ အဲဒီနေရာမှာမိုင်းက ၇ လုံး၊ ပဒေသာ ၁၄ လုံးနဲ့့ အပီပြင်ဆွဲနိုင်လိုက်တယ်။ နေရာတင် စစ်ခွေး ၆ကောင် သေတယ်။အများအပြားဒဏ်ရာရပြီးတော့ကား၂ စီးက လုယက်ထားတဲ့ ပစ္စည်းတွေ မသယ်ဘဲ မောင်း သွားတယ်။ နောက်တစ်နေရာက မနေ့က မွန်းလွဲ ၁၂နာရီ၁၅မိနစ်အချိန် မှာထပ်ဆွဲ့တယ်။ ရှေ့ထွက်မိုင်း၅လုံးနဲ့ ပဒေသ ၈လုံး ဆွဲ ခဲ့တယ် ။စစ်ကားရှေ့က မှန်တွေအကုန် ပြုတ်ထွက်ပြီး စစ်ကောင်စီ ၂ ဦး လည်းသေတယ်လို့သတင်းရထားတယ်” ဟု မြင်းခြံ Zero ပျောက် က်ကြား တပ်ဖွဲ့ တပ်ရင်းမှူး ကိုသက်ကြီးက ပြောသည်။
ကျောက်ထုမြို့အဝင် စစ်ကြောင်းကို တိုက်ခိုက်ခံရမှု စစ်သား ၁၁ ဦးသေ
========================================
မကွေးတိုင်း ၊ ကျောက်ထုမြို့နယ်တွင် စစ်တပ်စစ်ကြောင်းများ မိုင်းဖောက်ခွဲ တိုက်ခိုက်ခံရမှု စစ်သား ၁၁ ဦးသေပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း ကျောက်ထုPDF က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ ကျောက်ထုအမြှောက်တပ်မှ စစ်ကြောင်းထွက် လာ သော အကြမ်းဖက် စစ်ကောင်စီ တပ်မ ၅၅၊ ၁၁ ၊၁၀၁ ပူးပေါင်းအဖွဲ့ အင်အား ၈၀ ဝန်းကျင်သည် ငလွန်းကျေးရွာ ၊ နသိုးကျေးရွာ ၊ တေးကျေးရွာများတွင် ကြက်ဝက်များနှင့် အခြားပစ္စည်းများ ခိုးယူစားသောက် ညအိပ်ကြကြောင်း သိရှိရသည်။
နိုဝင်ဘာ ၂၅ ရက်နေ့နံနက် ၉ နာရီ ၄၅ မိနစ်အချိန် ကျောက်ထုမြို့သို့အဝင် ယောချောင်းတံတားထိပ်အရောက် ပဒေသာမိုင်း ၇လုံး ၊ ရှေ့ထွက်မိုင်း နှစ်လုံးတွဲ ၁ ခုတို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဝင် ၁၁ ဦးသေ၍ အများအပြားထိခိုက်ဒဏ်ရာ ရသွားကြောင်း ကျောက်ထု PDF (YRPA) က သတင်းထုတ်ပြန်သည်။
တိုက်ခိုက်မှုကို ကျောက်ထုPDF (YRPA) ခရိုင်တပ်ရင်း အမှတ်(၈/၉) မှ ဖောက် ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော် လှန်ရေး ရဲဘော်များအထိ အခိုက် မရှိ ဆုတ်ခွာ နိုင်ခဲ့ကြောင်းနှင့် အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိ သူများ ကို ရဟတ်ယာဥ်ဖြင့်လာရောက်သယ် ဆောင်သွားကြောင်း သိရှိရသည်။khit thit