Monthly Archives: Nov 2022

ဒီးမောဆိုတွင် စစ်တပ် ရိက္ခာတင်ကားကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ မြင်းမူ-ချောင်းဦး-မုံရွာ လမ်းပိုင်းနှင့် ယင်းမာပင်တွင် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက် ခိုက်မှု စစ်သား ၁၁ ဦးသေဆုံး

ကယားပြည်နယ်၊ ဒီးမောဆိုတွင် အကြမ်းဖက် စစ်တပ် ရိက္ခာတင် ကား ၁ စီး မိုင်းဆွဲကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Karenni Revolution Union (KRU)ထံမှ သိရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရိက္ခာ တင်ဆောင်လာသော အကြမ်းဖက် စစ်တပ်မှ စစ်ကား ၁ စီးသည် ကုန်းသာကျေးရွာကို ဝင်ရောက်လာစဥ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ကားပေါ် လိုက်ပါလာသည့် စစ်သား ၃ ဦးသေဆုံးကာ စစ်ကားလည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

ကယားပြည်နယ်အတွင်း လက်ရှိချိန်တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်သောကြောင့် ကျည် ၊ခဲယမ်း အကူအညီ အထောက်အပံ့များ ပေးပို့ကြရန် မေတ္တာရပ်ခံကြောင်း Karenni Revolution Union (KRU)က ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူ-ချောင်းဦး-မုံရွာ လမ်းပိုင်း၌ အကြမ်းဖက် စစ်တပ် ယာဥ်တန်း၊ ကင်းပုန်းနှင့် မိုင်းရှာ စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံးကြောင့် မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်းထံမှ သိရသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် မိုင်းရှင်းလင်းရေး လုပ်ဆောင်ရန်နှင့် ကင်းပုန်းဝပ် နေရာယူရန် ခြေလျင် ထွက်ခွာလာကြသော စစ်သားများ နှင့် စစ်ကိုင်း – မုံရွာ လမ်းပိုင်းတွင် စစ်ကိုင်းမှ မုံရွာသို့ ဦးတည်ထွက်ခွာလာသော စစ်တပ် ယာဥ်တန်းများကို ၇ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၉ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် စစ်ကိုင်းမှ မုံရွာသို့ ဦးတည်ထွက်ခွာလာသော စစ်တပ် ယာဥ်တန်းကို မိုင်းရှင်းလင်းရေး လုပ်ဆောင်ရန်နှင့် ကင်းပုန်းဝပ်ရန် အတွက် ခြေလျင် ထွက်ခွာလာသော စစ်သားများကို ချောင်းဦး – မုံရွာ လမ်းပိုင်းတွင် ပဒေသာမိုင်းများ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၂ နာရီ ခန့်တွင် စစ်ကိုင်း မှ မုံရွာသို့ ဦးတည် ထွက်ခွာလာသော စစ်တပ် ယာဉ်တန်းကို မြင်းမူ – ချောင်းဦး လမ်းပိုင်းတွင် နေရာ ၃ ခုခွဲ၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့​ကာ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင်လည်း ယင်း စစ်တပ် ယာဥ်တန်းကိုပဲ မြင်းမူ – ချောင်းဦး လမ်းပိုင်း၌ နေရာ ၂ ခုခွဲကာ အဝေးထိန်း စနစ်ဖြင့် ဖောက် ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

ညနေ ၅ နာရီ ၅၅ မိနစ်တွင် ချောင်းဦး-မုံရွာ လမ်းပိုင်း၌ ကာကွယ်ရေး ရဲဘော်များက ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးထိခိုက်သေဆုံးမှု အခြေ အနေကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

” မြင်းမူ-ချောင်းဦး-မုံရွာ လမ်းပိုင်းမှာ စစ်ခွေး ကင်းတွေ မိုင်းရှာတဲ့ကောင်တွေ ယာဥ်တန်းတွေကို ဖောက်ခွဲ တိုက်ခိုက်တာ ၉ ဦးမနည်းသေတယ်။ တချို့တိုက်ခိုက်မှုတွေကတော့ ခွေးသေစာရင်း အခုထိ မသိရသေးဘူး” ဟု မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း Chaung U Local Defence Force (CLDF)၊ ချောင်းဦးမြို့နယ် ပ.လ.ဖ နှင့် တို့မှ ပူး ပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်တွင် ကင်းပတ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၂ ဦးသေဆုံးကြောင်း B-21Kani PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြေဆိုသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်က B-21 Kani PDF (ယင်းမာပင်ခရိုင် တပ်ရင်း ၁၇) မှ ယင်းမာပင်မြို့ပေါ်ရှိ ကင်းလှည့် စစ် ကြောင်းကို သွားရောက် မိုင်းဆွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” စစ်ခွေးတွေ မြို့အတွင်း ကင်းပတ်နေတဲ့ အချိန်လုပ်ခဲ့တာပါ။ မနေ့ညက ဆွဲခဲ့တဲ့ မစ်ရှင်ပါ မနေ့ညက ၇ နာရီ ၁၅ ဝန်းကျင်က ဆွဲခဲ့တာပါ။ ယင်းမာပင်မြို့ဘအတွင်းဝင်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ဒီနေ့ သတင်းအတည်ပြုချက်အရ အနည်းဆုံး၂ ဦး သေဆုံးပါတယ်” B-21 Kani PDF (ယင်းမာပင်ခရိုင် တပ်ရင်း ၁၇) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ khit thit

ဝေါမြို့မရောက်မီ စစ်ဆေးရေးဂိတ်တွင် စစ် တပ်က ကားများ ဖြတ်သန်းခွင့် ပိတ်ပင်ထား၍ ကားရာပေါင်းများ ပိတ်မိနေ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ စစ်တောင်းတံတားအကျော် စစ်ဆေးရေးဂိတ်တွင် စစ်တပ် က ကားများကို ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ပင်ထား၍ ကားရာပေါင်း များ စွာ ယနေ့ နံနက်ပိုင်းမှ ယခု ညပိုင်းအထိ ပိတ်မိနေကြောင်း ခရီးသွား ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ နံနက်အစောပိုင်းအချိန်မှစ၍ စစ်တပ်က စစ်ဆေးရေးဂိတ်ကို ပိတ်ဆို့ ထားပြီး ကားများကို ဖြတ်သန်းခွင့်မပြုသဖြင့် နံနက်အစောပိုင်းမှ ညပိုင်းအထိ ကားများပိတ်ဆို့နေခြင်းဖြစ်ကြောင်း၊ မည်သည့်အတွက်ကြောင့် ကားများ ဖြတ် သန်းခွင့်မပေးသည်ကို မသိရှိရကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ကားတွေကို စစ်လည်း မစစ်ဆေးဘူး။ ထွက်ခွင့်လည်းမပေးဘူး။ ယုတ်မာ နေတာ။ ကားတန်းက မနက်ကတည်းက စစ်တောင်းတံတား ကနေ ခုချိန်ထိ ကားက တရွေ့ရွေ့နဲ့ကို ရာပေါင်းများစွာဖြစ်နေတယ်။ ၂ နာရီလောက်ကြာမှ အချိန် အတော်ကြာမှ တရွေ့ဖြစ်နေတာ။ မနက်က တည်းက အခုထက်ထိ ဝေါ မြို့ နားမရောက်သေးဘူး။ မနက် ၁၀ နာရီ စစ်တောင်းတံတားရောက်တယ်။ အခု ည ၈ နာရီကျော်တဲ့အထိ ဝေါနားမရောက်သေးဘူး။ စစ်ဆေးရေးဂိတ်က စစ်ခွေးတွေက ဘာမှ မစစ်ဆေးဘဲ ကားတွေ ရပ်ခိုင်းထား တယ်။ ကားလွှတ်ရင် ၁ စီး၊ ၂ စီးပဲ ။ ဒီနေ့ ကျိုက်ထိုက တက်လာတဲ့ကား တွေကလည်း အရမ်းများ တယ်။ ငွေပေးနိုင်တဲ့သူတွေကို ဆွဲထုတ်ပြီး လမ်းရှင်းပေးတယ်။ စောက်ကျင့် တွေ ယုတ်နေကြတာ” ဟု ပိတ်မိနေသည့် ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

ရန်ကုန်ဘက်မှ လာသော ကားများ၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်ဘက်မှ လာသော ကားများ အားလုံး ရှေ့မတိုး နောက်မဆုတ်နိုင်ဘဲ ပိတ်မိနေသဖြင့် အဆိုးဝါးဆုံး ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေကြောင်း၊ စစ်တပ်နှင့်ရဲကလည်း ၎င်းတို့၏ ဝန်ထမ်းကားများ၊ ငွေပေးနိုင်သည့်ကားများကိုသာ ဆွဲထုတ်ကြောင်း၊ လူနာတင်ယာဉ်များနှင့်လူနာများလည်း ယာဉ်ကြောအတွင်း ပိတ်ဆို့နေကြောင်း သိရှိရသည်။

“စျေးဆိုင်တွေကတော့ နေ့ရော ညပါ ၂၄ နာရီဖွင့်ပြီး ရောင်းကြတယ်ပြောတယ်။ အဲဒီလိုပဲ စစ်တပ်က ဘာမှ အကြောင်း ပြချက်မပေးဘဲ ပိတ်ပစ်တာ ခဏခဏ လို့ပြောတယ်။ အများပြည်သူကို အနှောင့်အယှက်ဖြစ်အောင် လုပ် တာပေါ့” ဟု အခြားခရီးသွားပြည်သူတစ်ဦးက ပြောဆိုသည်။ khit thit

ထီချိုင့်မြို့နယ်၊ အလယ်တောစံပြကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ် အထိနာ၍ တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အလယ်တောစံပြကျေးရွာကို စစ်တပ်က တိုက် လေယာဉ်များဖြင့် ပစ်ခတ်ကြောင်း ဒေသခံများက ရန်ကုန် ခေတ် သစ် သတင်း ဌာနထံသို့ ပြောဆိုကြသည်။

ယနေ့ နိုဝင်ဘာ၂၇ ရက်နေ့ ညနေ ၅ နာရီကျော်အချိန် ‌တိုက် လေယာဉ် ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ စစ်တပ်နှင့် ပြည်သူ့ ကာ ကွယ် ရေး တပ် များ အကြား တိုက်ပွဲပြင်းထန်ကာ စစ်တပ်ဘက်မှ အထိ နာနေ သ ဖြင့် တိုက် လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ် ကြောင်း ထီးချိုင့်ဒေသ တော် လှန် ရေး ခေါင်းဆောင်များက ပြောသည်။

“မြေပြင်က စစ်ခွေးတွေနဲ့ ကျနော်တို့အဖွဲ့တွေ ဒီနေ့မနက်ခင်း ၈နာရီ လောက် ကတည်းက စပြီးတိုက်ပွဲဖြစ်တယ် ။ ဒီကောင်တွေက မနေ့က ဆူးပုတ်ချောင် ရွာကိုမီးရှို့ပြီး ထွက်လာတဲ့စစ်ခွေးတွေ။ အခုတိုက်ပွဲက ကျွန်တော်တို့က နေရာ ကောင်း ကနေ စောင့်တိုက်တာ ။ ဒီကောင်တွေ ပိတ်မိပြီး အကျဆုံးများတာ ကြောင့် အခုလိုလေယာဉ်နဲ့လာပစ်တယ်။ တိုက်လေယာဉ် နဲ့ပစ်ခတ်လို့ ကျနော် တို့ ဘက်က ၅ ဦး မစိုးရိမ်ရဒဏ် ရာရှိထားတယ်။ ပေါက်ပြဲ အဆင့် လောက် လေး ပါ။ ဒဏ်ရာရတဲ့သူ‌တွေ ကို ဆေးကုသပေးနေပြီ။ သူတို့ ဘက် ကတော့ သေတာ ရော ဒဏ်ရာရတာရော ၅၀ အထက် လို့တော့ ခန့်မှန်း ထားတယ်” ဟု ထီးချိုင့် ဒေသ တော်လှန်ရေးခေါင်းဆောင်တစ်ဦးက ဆိုသည်။

ထီးချိုင့်ဒေသခံတစ်ဦးကမူ “လောလောဆယ် သတင်းရတာတော့ လေယာဉ်နဲ့ ပစ်တာမှာ အလယ် တောရွာ ဘုရားကုန်း တော်တော် ထိတယ် ကြားတယ်။ အသေအပျောက်စာရင်း မရသေးဘူး။” ဟု ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆို သည်။

ထီးချိုင့်ကို ဗုံးကျဲနေသည့် တိုက်လေယာဉ်များသည် မန္တလေးတိုင်း၊ တံတား ဦးလေဆိပ်မှ တက်သွား သည့် လေယာဉ်များဖြစ်ကြောင်း သိရှိရသည်။

Tigyaing Revolution -TR ကမူ ယနေ့ ညနေ ၅ နာရီ ၂၀ မိနစ် အချိန် တံ တား ဦးလေတပ်မှ တက်လာသော YAK 130 ဂျက်ဖိုက်တာ ၁ စီး ဖြင့် အလယ် တော နှင့် အင်ကြင်းကုန်း ရွာ အရှေ့တော သို့ (၅)ကြိမ်တိုင်တိုင် ပတ်၍ ဗုံးကျဲ ခဲ့ကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။

စစ်တပ်က တိုက်လေယာဉ်ဖြင့် ၅ ကြိမ်ပစ်ခတ်ပြီး လက်နက်ကြီး ၁၁ လုံးလည်း ပစ် ခတ်ခဲ့ကြောင်း၊ လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေ၍ ကျေးရွာ ၅ ခုမှ ဒေသခံ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။ khit thit

မုံလှရွာ လေကြောင်းတိုက်ခိုက်ခံရမှု သက်ကြီးတစ်ဦးနဲ့ ကလေးတစ်ဦးသေဆုံး၊ရွာလည်း ရစ ရာမရှိအောင် ညက်ညက်ကျေ

ခင်ဦးမြို့နယ် မုံလှရွာကို အာဏာလု စစ်ကောင်စီတပ်က လေကြောင်းရော မြေပြင်စစ်ကြောင်းပါတိုက်ခိုက်လို့ (၉) နှစ်အရွယ် ကလေးတစ်ဦး၊ (၅၃) နှစ်အရွယ် ဒေါ်မြတို့ သေဆုံးခဲ့ရပြီး ရွာလည်း ရစရာမရှိအောင် ပျက်စီးခဲ့ပါတယ်။

Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ် ပစ်ကူပြီး လက်နက်ကြီး၊ ငယ်တွေနဲ့ ကျေးရွာစေတီ၊ စာသင်ကျောင်းတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းက ကျေးရွာ အရှေ့ဘက်ကမ်းရှိ ဘုန်းတော်ကြီးကျောင်း၊ မြောက်ပိုင်းရှိ ရွှေစည်းခုံဘုရားဝင်းအတွင်း တန်ဆောင်းအပါအဝင် ကျေးရွာစာသင်ကျောင်းတို့ကို လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။

ပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦးအပါအဝင် ကျေးရွာစေတီ နှစ်ဆူ၊ စာသင်ကျောင်း အလယ်ဆောင်တို့အပြင် ပြည်သူပိုင်နေအိမ်တွေ လက်နက်ကြီးကျည်ထိမှန် ပျက်စီးခဲ့ပါတယ်။

ဒါ့ပြင် မြေပြင်စစ်ကြောင်းကပါ ရွာကို မီးတင်ရှို့ ဖျက်ဆီးလို့ ပြည်သူပိုင်နေအိမ် ၉၃ လုံး၊ လူမှုကူညီရေးအသင်းပိုင် ကားနှစ်စီး၊ ပြည်သူပိုင် ဆိုင်ကယ်အစီး ၃၀ တို့ မီးလောင် ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။

လတ်တလောမှာတော့ ခင်ဦးမြို့နယ်၊ မုံလှရွာအပါအဝင် အနီးအနားရွာတွေက အရပ်သား လူထု ထောင်ဂဏန်း စစ်ဘေးရှောင်နေရတယ်ပါတယ်။

ဆောင်းတွင်းမို့လို့ စစ်ရှောင်တွေအတွက် အမိုးအကာ၊ အနွေးထည် လိုအပ်နေသလို

ရာသီအကူးအပြောင်း နာမကျန်းမှုကြောင့် ဆေးဝါးအကူအညီလည်း လိုအပ်နေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြပါတယ်။khit thit

စစ်ကောင်စီနှင့် ရက္ခိုင့်လက်နက်ကိုင်အဖွဲ့ ရုတ် တရက် အပစ်အခတ်ရပ်စဲ 

ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲများ အပြင်းအထန်ဖြစ်နေရာမှ အာဏာသိမ်း စစ်ကောင်စီတပ် နှင့် အပစ်ရပ်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ယမန်နေ့ (နိုဝင်ဘာ ၂၆) တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။ရခိုင်ပြည်သူများအတွက် လူသားချင်းစာနာထောက်မှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက်  

ယခုလ ၂၄ ရက်မှစ၍ တိုက်ပွဲများရပ်တန့်ကာ အပစ်အခတ်ရပ်စဲထားရန် အလွတ်သဘောတူထားခြင်း ဖြစ်သည်ဟု AA ပြောခွင့်ရ ခိုင်သုခက ရခိုင်သတင်းဌာနများဖြစ်သော နိရဉ္စရာနှင့် DMG တို့ကို ပြောဆို ထားသည်။

“လောလောဆယ် ရခိုင်ပြည်သူတွေအတွက် အဓိကကျတဲ့ စားနပ်ရိက္ခာ၊ စပါးရိတ်သိမ်းဖို့ အချိန်ရောက် လာတဲ့အတွက် အလေးအနက်ထား စဉ်းစားပြီးတော့မှ လူသားချင်းစာနာမှုဆိုင်ရာအရ အပစ်အခတ်ရပ် စဲရေးကို ဆောင်ရွက်တာဖြစ်ပါတယ်” ဟု ခိုင်သုခက ဆိုသည်။ စစ်ကောင်စီနှင့် အပစ်ရပ်လိုက်သော်လည်း နိုင်ငံရေးရပ်တည်ချက် ပြောင်းလဲခြင်း မရှိကြောင်းလည်း AA တာဝန်ရှိသူက ဆိုသည်။ 

ရခိုင်လက်နက်ကိုင်အဖွဲ့နှင့် စစ်တပ်အကြား  ၂၀၁၈ မှ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီအထိ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီးနောက် နှစ်ဖက်သဘောတူညီမှုဖြင့် အာဏာသိမ်းပြီး လအတန်ကြာသည်အထိ အပစ်အခတ်ရပ်စဲခဲ့ဖူးသည်။ 

ယခုနှစ် အစောပိုင်းမှစ၍ AA နှင့် စစ်ကောင်စီတို့အကြား စစ်ရေးအခြေအနေ တင်းမာလာကာ အပြန် အလှန် ဖမ်းဆီးသတ်ဖြတ်မှုများနှင့်အတူ တိုက်ပွဲများဆက်ဖြစ်ခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က စခန်းအချို့ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

အပစ်အခတ်ရပ်စဲရေးကို ကြားခံလူများမှတဆင့် သဘောတူခြင်းဖြစ်သည်ဟု AA ပြောခွင့်ရ ခိုင်သုက ဆိုသော်လည်း မည်သည့်လူပုဂ္ဂိုလ်အဖွဲ့အစည်းဖြစ်သည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ရက္ခိုင့်တပ်တော် (AA) နှင့် အပစ်အခတ် ရပ်စဲလိုက်သည့်အပေါ်  စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ယခုလ ၂၅ ရက်တွင် ဂျပန် – မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Hideo Watanabe နေပြည်တော်သို့လာရောက်ကာ ဒုအာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံဆွေး နွေးခဲ့သည်ကို တွေ့ရသည်။ 

မကြာမီက ကျရောက်ခဲ့သော အမျိုးသားနေ့အထိန်းအမှတ်အဖြစ် ရာပေါင်းများစွာသော လူပုဂ္ဂိုလ်များ များကို စစ်ကောင်စီက ဘွဲ့ထူးဂုဏ်များပေးအပ်ရာတွင် ရုရှားစစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်အချို့နှင့်အတူ  ဂျပန် – မြန်မာချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ Hideo Watanabe လည်း ပါဝင်ပြီး သီရိပျံချီဘွဲ့ ချီးမြှင့်သည်ဟု ဆိုသည်။ 

ဂျပန် – မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် တစ်ရက်တည်းမှာပင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့ ညွှန်ကြားရေးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်တို့လည်း နေပြည်တော်သို့ ရောက်ရှိ ကာ စစ်ကောင်စီတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ကို တွေ့ရသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖမ်းဆီးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်များကို ပြစ်ဒဏ် လွတ်ငြိမ်းကြောင်း စစ်ကောင်စီက ကြေညာခဲ့ရာတွင် ရက္ခိုင့်တပ်တော် (AA) အဖွဲ့ဝင်များလည်း ပါဝင်သည်ကို တွေ့ရသည်။myanmar now

တံတားဦးလေတပ်စခန်းမှ ဂျက်လေယာဉ် ၁ စင်း ပျံတက်သွားပြီး မြောက် ဘက် သို့ ဦး တည်ပျံသန်း၊ နောက်ထပ်တိုက်လေယာဉ် ၁ စီးထပ်မံတက်သွား

မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းမှ ဂျက်လေယာဉ် ၁ စင်း ယနေ့ နိုဝင် ဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၅၈ မိနစ်အချိန် ပျံတက်သွားပြီး မြောက် ဘက် သို့ ဦးတည်ပျံသန်းသွားကြောင်း၊ အခြား ဂျက်လေယာဉ် ၂ စီးလည်း ပျံ တက်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

“ဂျက်ဖိုက်တာ တံတားဦးမှ မြောက်အရပ်သို့ ဦးတည် ပျံတက်သွားပါတယ်။ ပထမဆုံး ခု တစ်စီးတက်တာ။ နောက် ထပ် ၂ စီး တက်ဖို့ ပြင်ဆင် နေပါ တယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းရင်းမြစ်က ပြောသည်။

ယင်းနောက် ယနေ့ ညနေ ၅ နာရီ ၇ မိနစ်အချိန်တွင် တံတားဦးမှ နောက်ထပ် တိုက်လေယာဉ် နောက်တစ်စင်း ထပ်မံတက်သွားကြောင်း သိရှိရသည်။

“နောက်ထပ် ထပ်တက်တာက ရိုးရိုးဖိုက်တာပါ။ ညနေ ၅ နာရီ ၇ မိနစ်မှာ တက် သွားပါပြီ။ အနိမ့်ပျံသန်းပါ။ ပထမ ဂျက်ဖိုက်တာက တံတားဦး မြို့ အရှေ့ဘက် ရှောင်ကွင်းကနေ အမြင့်ပျံပြီး မြောက်အရပ် ဦးတည်ပါတယ်။

ဒုတိယ ရိုရိုးဖိုက်တာ တံတားဦး အနောက်ရှောင်ကွင်းကနေ အနိမ့်ပျံမြောက် အရပ်ဦးတည်နေပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ လေတပ်သတင်း ရင်းမြစ်က ဆိုသည်။

အဆိုပါတိုက်လေယာဉ်များသည် ကချင်ပြည်နယ်ဘက်သို့ ဦးတည် ပျံသန်း တိုက်ခိုက်ဖွယ်ရှိနေပြီး ယခုပျံတက်မှုများကို အထူးသတိထားကြရန် ရန်ကုန် ခေတ် သစ် ၏ သတင်းရင်းမြစ်က ပြောသည်။ khit thit

မုံရွာတွင် အမျိုးသမီး ၃ ဦးကို မုဒိမ်းကျင့် သတ်မှု အပါအဝင် လူ ၃၀ ဦးကို သတ် ဖြတ် သူ၊ အ မျိုး သမီး ၅ ဦးကို မုဒိမ်းကျင့်သူ စိုင်းရဲထွန်းကို PDF တပ်ဖွဲ့က ဖမ်း ဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှုနှင့် ဓားမြမှု ကျူးလွန် ထားသူ အသက် ၁၈ နှစ်အရွယ် စိုးရဲထွန်းကို PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့ မြို့နယ်-ပလဖ အဖွဲ့က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စိုင်းရဲထွန်းသည် မျိုးချစ်၏ အဖွဲ့ဝင်တပည့်ဖြစ်ပြီး မျိုးချစ်သည် စစ်ကိုင်းတိုင်း မုံရွာမြို့ ပေါ်တွင် စစ်တပ်နှင့် ပူးပေါင်းပြီး ရာဇဝတ်မှုများ ကျူး လွန်နေကြောင်း၊ စစ်တပ် သတင်းပေး ဒလန်လုပ်လည်း လုပ်နေကြာင်း၊ မျိုးချစ်ဆိုသူသည် မုံရွာ မြို့ ပေါ်ရှိ ဓားမြ တိုက် မှုများ အပါအဝင် ရာဇဝတ်မှုများ ဆက်တိုက် ကျူး လွန်နေကြောင်း သိရှိရသည်။

မုံရွာမြို့ပေါ်တွင် စိုးရဲထွန်း ကျူးလွန်ခဲ့သော လူသတ်/မုသိမ်းမှု ၂၈ မှုတွင် အမျိုး သမီး ၃ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်မှု အပါအဝင် လူ ၃၀ ဦးကို သတ် ဖြတ် ခဲ့ပြီး အမျိုးသမီး ၅ ဦးကို မုဒိမ်းကျင့်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုသည်။

” ဒီ​ကောင်တွေ ရေနံကုန်းမှာခိုးပြီး အပြန်မှာ ကျွန်တော်တို့ ဝင်ဖမ်းလိုက်တာ လွန် ခဲ့တဲ့ ၉ ရက်လောက်တည်းက ဖမ်းမိတာပါ။ သူက မျိုးချစ်ရဲ့ တပည့်ပေါ့။ မျိုးချစ်ရဲ့ တပည့်ကိုမှ အမှုတွေ ၁၀၀ ​ကျော်တယ်။ လူသတ်မှုတွေကော မုဒိမ်းမှုတွေကော ရိုက်မှုတွေကော လုမှုတွေကော အဲတာတွေ သူထွက် ဆို ထားတယ်။ ဓားမြမှုတွေပါ ထွက်ဆိုထားသည်။ သူက မျိုးချစ် တပည့် ဆိုတော့ မျိုးချစ် အုပ်ချုပ်ပုံ အုပ်ချုပ်နည်းတွေကို ဘယ်လိုဆေးတွေကျွေးတွေ ဘယ်လို လုပ်တယ်ဆိုတာ ကျန်တော်တို့ ဗီဒီယိုဖိုင်ထဲမှာ သူရဲ့ ထွက်ဆိုချက်ကို အကုန် ဖော်ပြထားပါတယ်။ ကျွန်တော်တို့ သူ့ကို တရားဥပဒေအတိုင်း ဆက်သွားပြီး အရေးယူမှာပါ။ ဥပဒေ တရားရုံး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကျွန်တော်တို့ ဘက်မှာလည်း တရားဥပဒေနဲ့ ပတ်သက်နဲ့ ရှေ့နေတွေရှိတယ်။ အခု ကျွန်တော် တို့ ဒီဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး သူနဲ့ အတူ ကျူးလွန်ခဲ့တဲ့ နောက်ဆက်တွဲကို ထပ်ဖမ်းဖို့ လုပ်နေပါတယ်။ ကျွန်တော်တို့ ဆက်လက်ထုတ်ပြန်သွားပါ့မယ်” ဟု မုံရွာမြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့ မြို့နယ်-ပလဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး ကပြောဆိုသည်။

စိုင်းရဲထွန်း ကျူးလွန်ခဲ့သော လူ ၃၀ ဦး သတ်ဖြတ်မှုနှင့် အမျိုးသမီး ၅ ဦးကို မုဒိမ်း ကျင့် မှုများမှာ-

၁ ။ မြို့ပတ်လမ်း ကြက်မှုဇုန် ကံမကြား၌ ပိုက်ဆံ (၈၀၀၀၀)ကျပ်၊ ဖုန်း(၁)လုံး၊ MSX(၁)စီးအားရိုက်လုမှု(သေဆုံး)

၂ ။ ကျွဲရဲ ကြက်မှုဇုန်ကြား ဖုန်း(၂)လုံး၊ပိုက်ဆံ(၃၀၀၀၀)၊Waveအပြာ(၁)စီး နှစ်ဦးကို ရိုက်လုမှု တစ်ဦး (သေဆုံး)

၃ ။အင်းရွာသစ်ကားမောင်းသင်တန်းကျောင်းအနောက် ခရက် ကန်ကျောင်း အနီး၌ ဖုန်း(၂)လုံး၊ ပိုက်ဆံ (၁၀၀၀၀)၊ Fz( ၁)စီး နှစ်ယောက်ကိုရိုက်လုမှု( တစ်ဦးသေ)

၄ ။ Main ကျောင်းအရှေ့လမ်းကြား၌ ဖုန်း(၂)လုံး၊ပိုက်ဆံ(၄၅၀၀၀)၊Clickစစ်စိမ်း(၁)စီး၊Scoopyiအဖြူ(၁)စီး နှစ်ဦးကိုရိုက်လုမှု(နှစ်ဦးလုံးသေ)

၅ ။ စက်မှုဇုန်မြို့ရှောင်လမ်းဆုံ ငြိမ်းချမ်းရေးပဲခွဲစက်အနီး ဖုန်း(၁)လုံး၊ပိုက်ဆံ(၃၀၀၀၀)၊MSX(၁)စီး နှစ်ဦးကိုရိုက်လုမှု( နှစ်ဦးလုံးသေ)

၆ ။ အင်းရွာသစ်အမှိုက်ကျင်းလမ်းပေါ် ဖုန်းနှစ်လုံး၊ပိုက်ဆံ(၁၉၀၀၀၀)၊Fz(၁) စီး၊Cyclone(၁)စီး နှစ်ဦးကိုဓားထောက်လုမှု(နှစ်ဦးလုံးသေ)

၇ ။ ဓမ္မရံသီကျောင်းနဲ့Mainကျောင်းကြား၌ ဖုန်း(၁)လုံး၊ဆွဲကြိုး(၁)ကုံး၊ပိုက်ဆံ (၃၀၀၀၀) ကျပ်၊Cycloneအနက်(၁)စီး မိန်းကလေး တစ်ယောက် ကိုရိုက်လု မှု မုဒိန်းကျင့်(သေဆုံး)

၈ ။မြို့ပတ်လမ်းဇလုပ်တောင်ဘက် ကြက်ခြံနား ဖုန်း(၁)လုံး၊ရွှေဆဲကိုး(၁)ကုံး၊ပိုက်ဆံ(၂၀၀၀၀) ၊Clickစစ်စိမ်း(၁)စီး မိန်းကလေးတစ်ဦးကိုရိုက်လု၍ မုဒိန်း ကျင့်မှု(သေဆုံး)

၉ ။ ကျွဲရဲမှ အက်တောသွားသည့်လမ်း ငရုတ်ခြံနား၌ မိန်းကလေးတစ်ယောက် ကို ဖုန်း(၁)လုံး၊ပိုက်ဆံ(၁၃၀၀၀)၊Czi (၁)စီး ရိုက်လု၍ မုဒိန်းကျင့်မှု

၁၀ ။ ကံမ ကြက်မှုဇုန်လမ်းကြား၌ ဖုန်း(၁)လုံး၊ ပိုက်ဆံ (၅၀၀၀၀)ဝန်းကျင်၊Cycloneအနက်(၁)စီး မိန်းကလေး(၁)ဦးကိုရိုက်လု၍ မုဒိန်းကျင့်သတ်မှု

၁၁ ။ Mainကျောင်း အနောက်လမ်းပေါ် ဖုန်း(၁)လုံး၊ပိုက်ဆံ(၁၅၀၀၀၀)၊

MSX(၁)စီး ယောကျ်ားလေးတစ်ဦးကိုရိုက်လုမှု(သေဆုံး)

၁၂ ။မြို့ပတ်လမ်းဘေး ဖုန်း(၁)လုံး၊ပိုက်ဆံ(၈၀၀၀)၊MSX၁စီး ရိုက်လုမှု(သေဆုံး)

၁၃ ။ စက်မှုဇုန်လမ်းပေါ် ဖုန်း(၁)လုံး၊ ပိုက်ဆံ (၃၀၀၀၀)ဝန်းကျင်၊ Tvs Indiaဘီး ၁ စီးကိုရိုက်လုမှု(သေဆုံး)

၁၄ ။ကန်သာယာလမ်းဘေး ဖုန်း(၁)လုံး၊ပိုက်ဆံ(၂၅၀၀၀)၊CZI အဖြူ ၁ စီးရိုက်လုမှု(သေဆုံး)

၁၅ ။ကမ်းနားလမ်းဘေးတာရိုးပေါ် ဖုန်း၁လုံး၊ ပိုက်ဆံ၅၀၀၀၊ Cyclone အနက် ၁ စီး ကို ဓားခုတ်လုမှု (သေဆုံး)

၁၆ ။Oceanနောက်ကျော သဲသောင်ပြင်ပေါ် ဖုန်း(၁)လုံး၊ပိုက်ဆံ ၅၀၀၀၀ ဝန်းကျင်၊MSX(၁)စီး ရိုက်လုမှု(သေဆုံး)၊

၁၇ ။ စက်မှုဇုန်ဝိုင်းပတ်လမ်းပေါ်ဖုန်း(၁)လုံး၊ပိုက်ဆံ(၁၅၀၀၀)ဝန်းကျင်၊Clickအနက်ပြောင်(၁)စီးရိုက်လုမှု(သေဆုံး)

၁၈ ။AK KTV လမ်းကြား ဖုန်း(၁)လုံး၊ ပိုက်ဆံ(၈၀၀၀၀)ခန့်၊ FZအစိမ်း(၁)စီးရိုက်လု(သေဆုံး)

၁၉ ။ သလ္လာဝတီမြစ်သဲကျောက်ဆိပ်နား ဖုန်း(၁)လုံး၊ ပိုက်ဆံ(၁၀၀၀၀)ခန့်၊ Wave(၁)စီးရိုက်လု(သေဆုံး)

၂၀ ။ ပြည်ထောင်စုလမ်းမကြီးပေါ် စွမ်းရည်ထက်ဆီဆိုင်နား ဖုန်း(၁)လုံး၊ ပိုက်ဆံ(၃၀၀၀၀)ဝန်းကျင်၊ Jialingအသစ်(၁)စီး ဓားခုတ်လု(သေဆုံး)

၂၁ ။ ဗိုလ်တေဇလမ်းကြား ဖုန်း(၁)လုံး၊ ပိုက်ဆံ(၇၀၀၀၀)ခန့်၊ Traker အနက်(၁)စီး ဓားခုတ်လု(သေဆုံး)။

၂၂ ။ နန္ဒဝန်ရပ်ကွက် အောင်သပြေလမ်းကြား ဖုန်း(၂)လုံး၊ ပိုက်ဆံ(၅၀၀၀၀)ခန့်၊ Cyclone အနက်(၁)စီး ကျား (၂) ယောက်အား ရိုက်လု(သေဆုံး)

၂၃ ။ နန္ဒဝန်စည်သူလမ်းကြား ဖုန်း (၂)လုံး၊ ပိုက်ဆံ(၃၅၀၀၀) ခန့်၊ MSX(၁)စီး ကျား(၂)ယောက်အား ရိုက်လု(သေဆုံး)

၂၄ ။ ရေကူးကန်လမ်းကြား ဖုန်း(၂)လုံး၊ ပိုက်ဆံ (၁၀၀၀၀၀)၊ Click အနက်ရှေ့ဒူးကာအနီ(၁)စီး ကျား(၂)ယောက်အား ဓားခုတ်လု(သေဆုံး)

၂၅ ။ အင်းရွာသစ်အမှိုက်ကျင်းလမ်းပေါ် ဖုန်း(၁)လုံး၊ပိုက်ဆံ(၂၀၀၀၀)၊ရွှေ နားကပ်(၁)ရံ၊Jialing(၁)စီး မိန်းကလေးတစ်ယောက်ကို ရိုက်လု၍ မုဒိန်း ကျင့်မှု

၂၆ ။ Ecoကျောင်းအနောက်လမ်းကြား မိန်းကလေးတစ်ဦးကို ဖုန်း(၁)လုံး၊ပိုက်ဆံ(၉၀၀၀၀)၊Cycloneအနက်(၁)စီး ရိုက်လု၍ မုဒိန်းကျင့်မှု

၂၇ ။ သာစည်လမ်းပေါ် ကြက်မှုဇုန် ဘေး မိန်းကလေးတစ်ဦးကို ဖုန်း(၁)လုံး၊ပိုက်ဆံ(၂၀၀၀၀)၊Jialing(၁)စီးရိုက်လု၍ မုဒိန်းကျင့်မှု

၂၈ ။ Mainကျောင်းအနောက်လမ်းပေါ်၌ မိန်းကလေးတစ်ဦးကို ဖုန်း(၁)လုံး၊ပိုက်ဆံ(၈၀၀၀၀)၊Clickအနက်ရောင်(၁)စီး ရိုက်လု၍ မုဒိန်းကျင့်မှု

စသည့် အမှုများဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်တပ်လက်ပါးစေ မျိုးချစ်၏ ခိုင်း​စေချက်အရ လွှတ်တော်ရုံး အရှေ့ ဘက် နှစ်ထပ်တိုက်မှ ပိုက်ဆံသိန်း(၇၀)၊ ရွှေထည်ပစ္စည်းအများအပြား ကို ဓားပြတိုက်မှု၊ မျိုးချစ်၏ခိုင်းစေချက်အရ လွှတ်တော်ရုံးအရှေ့ဘက် နှစ်ထပ် တိုက် ကပ်ရပ် တိုက်သစ်တစ်ခုမှ ပိုက်ဆံအများအပြားနှင့် ရွှေထည်ပစ္စည်း အများအပြားကို ဓားပြတိုက်မှု၊ သိန်းတစ်ရာရွှေဆိုင် ဓားပြတိုက်မှုနှင့် ရွှေ ညောင် ပင် money game ဆိုင်အနုကြမ်းစီးမှုတို့ကိုလည်း လုပ်ဆောင် ခဲ့ ကြောင်း သိရသည်။

မုံရွာမြို့နယ်-ပလဖက ဖမ်းဆီးရမိခဲ့သော စိုင်းရဲထွန်းသည် ရွှေမောင် (ခ) ကု လား ဆိုသည့် အမည်များလည်းရှိပြီး လူသတ်၊ မုဒိမ်းမှု၊ ဓားပြမှုများအပြင် လူ ရိုက် လုယက်မှု ၁၅ မှုနှင့် ခိုးမှု ၇၈ မှုတို့ကိုကို ကျူးလွန်ထားသူ ဖြစ်ကြောင်း မုံ ရွာ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က တရားဝင် သတင်းထုတ်ပြန်ထားသည်။

ရာဇဝတ်မှု ကျူးလွန်မှုများကို စစ်တပ်က ဖမ်းဆီးခြင်းမပြုဘဲ PDF က ကျူး လွန် နေသည်ဟု သတင်းဖြန့်ခိုင်းကြောင်း စိုင်းရဲထွန်းက ထွက်ဆိုထားသည်။ khit thit

မကွေးတိုင်းတွင် ဆိုင်ကယ်နှစ်ယောက်စီးသူ များကို စစ်တပ်က ပစ်ခတ် နေသ ဖြင့် ပြည်သူများ သေဆုံး ထိခိုက် ဒဏ်ရာရမှုများ များ ပြားလာ

မကွေးတိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက ဆိုင်ကယ်နှစ်ယောက်စီး ခွင့်မပြု ဘဲ နှစ်ယောက်စီးလာ သော ဆိုင်ကယ်များကို ပစ်ခတ်နေသဖြင့် ပြည်သူများ သေ ဆုံးထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်နေ ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန် မကွေးမြို့၊ ပြည်တော် သာ လမ်း၊ ရိုးမဘဏ်၊ က‌မ္ဘောဇဘဏ် အမရာဘဏ်များရှေ့တွင် စစ်တပ်က ဆိုင် ကယ်စီးလာသော လူငယ် ၂ ဦးကို ဆက် တိုက် ပစ်ခတ်ခဲ့ကြောင်း ၊ ပစ်ခတ် မှု ကြောင့် လူငယ် ၂ ဦး ဒဏ်ရာရရှိပြီး လူနာတင်ကားဖြင့် ဆေးရုံပို့ ဆောင်ခဲ့ ကြောင်း၊ လူငယ် ၂ ဦးကို ဆိုင်ကယ် နှစ်ယောက်စီး၍ ပစ်ခတ်ခြင်းဖြစ်သည်ဟု စစ်တပ်ဘက်က ပြောဆိုကြောင်း သိရှိရသည်။

“အပစ်ခံရတဲ့ လူငယ် ၂ ဦးက dk လက်ဖက်ရည်ဆိုင်က ကလေးတွေ။ သေ နတ်နဲ့ ၇ ချက်၊ ၈ချက် ဆင့် ပစ်တာ။ dk လက်ဖက်ရည်ဆိုင်မှာ Waiter လုပ် တဲ့ကောင်လေးတွေပါ။ dk လက်ဖက်ရည်ဆိုင် ပိုင်ရှင် က ရဲစခန်းမှူး (ငြိမ်း) ရဲ့ ခမည်းခမက်ဆိုင်ပါ။း ၁၀ မိနစိလောက် အကြာမှ Ambulance ကားတွေ ရောက် လာတယ်။ အိမ်စီးကား တစ်စီး ရဲကားအပြာတစီး ရောက်လာတယ်။ ရဲ ကတော့ ဆိုင်ကယ် မှောက်တာဆိုပြီး လိမ်သတင်းဖြန့်တယ်။ လူငယ်တစ်ဦးက သွေးထွက်လွန်နေလို့ ဆေးရုံ အချိန်မီ ပို့ရတယ်” ဟု ဒေသံတစ်ဦးက ပြောဆို သည်။

“မနေ့က အမျိုးသမီး ၂ ဦးက ဆိုင်ကယ် ၂ ဦးစီးလို့ဆိုပြီး ပစ်ခတ်ခံရတာ။ သေနတ်ကျည်ထိတယ်။ ၂ ဦးစလုံး။ အဲဒါ စစ်တပ်က ဆိုင်ကယ်တွေရော အမျိုးသမီး ၂ ဦးကိုရော ဖမ်းသွားတာ။ သေပြီလို့ လည်း ပြောတယ်။ အတိ အကျတော့ ဘယ်သူမှမသိဘူး။ ပြောနိုင်တာက အမျိုးသမီး ၂ ဦး ဆိုင်ကယ် စီးတာကို ပစ်တယ်။ ၂ ဦးစလုံး ကျည်ထိတယ်။ အဲဒီ လောက်ပဲ သိပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ောင်း စစ်ကောင်စီက အမိန့် ထုတ် ခဲ့သည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၇ နာရီအချိန် ပခုက္ကူအခွန်လွတ်စျေးနားတွင် အမျိုးသမီး ၂ ဦး ဆိုင်ကယ် စီးနင်းသည်ဟုဆိုကာ စစ်တပ်က ပစ်ခတ်ခဲ့ပြီး အဆိုပါ အမျိုးသမီး ၂ ဦး ကျည်ထိမှန်ကာ စစ်တပ်က ဖမ်းဆီးသွားကြောင်း၊ ယခုနောက်ဆုံး အဆိုပါ အမျိုးသမီး ၂ ဦးသေဆုံးသည် ဆိုသော သတင်းများ သိရှိရသော်လည်း အခြေအနေ အသေးစိတ် မသိရှိရသေးဟု ဒေသခံများက ဆိုသည်။

“မနေ့က အမျိုးသမီး ၂ ဦးက ဆိုင်ကယ် ၂ ဦးစီးလို့ဆိုပြီး ပစ်ခတ်ခံရတာ။ သေနတ်ကျည်ထိတယ်။ ၂ ဦးစလုံး။ အဲဒါ စစ်တပ်က ဆိုင်ကယ်တွေရော အမျိုးသမီး ၂ ဦးကိုရော ဖမ်းသွားတာ။ သေပြီလို့ လည်း ပြောတယ်။ အတိ အကျတော့ ဘယ်သူမှမသိဘူး။ ပြောနိုင်တာက အမျိုးသမီး ၂ ဦး ဆိုင်ကယ် စီးတာကို ပစ်တယ်။ ၂ ဦးစလုံး ကျည်ထိတယ်။ အဲဒီလောက်ပဲ သိပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ကျေးရွာအုပ်စု ၅၃ စု အတွင်းတွင် နိုဝင် ဘာလ ၂၆ ရက်နေ့မှ စတင်၍ ဆိုင်ကယ်စီးနင်းခွင့် လုံး၀ ခွင့်မပြုတော့ကြောင်း၊ ဆိုင်ကယ်စီးနင်းများကို စစ်တပ်နှင့် ပူးပေါင်း အရေးယူမည်ဖြစ်ကြောင်း ခရမ်း မြို့ နယ်ထွေ/အုပ်ဦးစီးဌာနက အမိန့်ထုတ်ပြန်ခဲ့သည်။ khit thit

ဇီးပြားရဲစခန်းတွင် ပျူစောထီးများကို စစ် သင်တန်းပေးနေစဉ် ဒရုန်းဖြင့် ဗုံးကျဲချတိုက် ခိုက်၊ ဒဏ်ရာရ ပျူစောထီး ၅ ဦးကို ရဟတ် ယာဉ်ဖြင့် လာသယ်

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ဇီးပြားရဲစခန်း ပျူစောထီး သင်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်တွင် ပေါက်မြို့နယ် ဇီးပြားရဲစခန်း၌ ပျူစောထီးများကို သင်တန်းပေးနေစဥ် ဒေသခံ ကာကွယ် ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” ဒီနေ့ ညနေ ၅ နာရီ ၄၀ မိနစ်မှာ ဇီးပြားရဲစခန်း ပျူစောထီး သင်တန်းကို ဒရုန်းနဲ့ အီနာဂါချရာတိုက်ခိုက်တာ ပျူ ၅ ဦးဒဏ်ရာရရှိတယ်။ အခု ဇီးပြားရဲစခန်းမှာ ရောက်နေတဲ့ ပျူသင်တန်းပေးတဲ့ စစ်ခွေး စစ်ကြောင်း မနေ့က ဒဏ်ရာရတ​ဲ့ စစ်ခွေးတွေကို ရဟတ်ယဥ်နဲ့ လာသယ်သွားတယ်” ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ဗိုလ်လင်္ကျာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြေဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖရင်း(၁) မြွေပွေးပျောက်ကျားတပ်ဖွဲ့၊ ပေါက် တိမ်လွှာမုတ်ဆိတ်ပေါက်နှင့် ကျေးရွာကာကွယ်ရေးအဖွဲ့များ ပူပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ khit thit

« Older Entries