ဝက်လက်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ ချင်းတွင်းမြစ်အတွင်း စစ်တပ် လေယာဥ်ဆီတင် သင်္ဘောများကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း ဝက်လက်မြို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို PDF တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကြောင်း BLACK WOLF- ARMY (PDF) ထံမှ သိရသည်။

ဝက်လက်မြို့ သားနားကျေးရွာမှ ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီ အင်အား ၇၀ ခန့်ပါ စစ်ကြောင်းသည် နိုဝင်ဘာ ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ပြင်းအားမြင့် မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဝင် ၅ ဦးထက် မနည်းသေကာ အများအပြား ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း BLACK WOLF- ARMY (PDF) က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို BLACK WOLF- ARMY (PDF) နှင့် တော်ဝင်ဖီးနစ် – PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက် အကျအ ဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ခင်ဦးမြို့နယ် မုံလှတိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် ကိုလှိုင်ဝင်းနှင့် BLACK WOLF- ARMY (PDF) ရဲဘော်လေးဦးတို့အတွက် လက်စားချေတိုက်ခိုက်သည့် စစ်ဆင်ရေးတစ်ခုဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်အတွင်း ဖြတ်သန်းလာသည့် အကြမ်းဖက် စစ်အုပ်စု၏ လေယာဥ်ဆီတင် သင်္ဘောများကို ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ချင်းတွင်း မြစ်ကြောင်းအောက်ဘက်မှ အထက်ဆီသို့ ဆန်တက်လာသော လေယာဥ် ဆီတင် စစ်သင်္ဘော ၁၀ စီးပါ အုပ်စုကို ချင်းတွင်းမြစ်အနောက်ဘက်ကမ်း၌ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းပြီး ရှေ့ထွက်ပြောင်းများ၊ လက်နက်ကြီးလက်နက် ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” နံနက်ပိုင်းက ဒဏ်ရာရတာ ၁၀ ​ကောင် သေတာက ၂ ကောင်ရှိတယ်။ လောလောဆယ် သိရသလောက်ကတော့ မနေ့က နံနက်ပိုင်း ထိတာက ၁၂ ကောင်ပေါ့။ သေတာ ၂ ကောင်သေတယ်။ ညနေပိုင်း တိုက်ခိုက်မှုကတော့ စစ်ခွေး သေရင်း မသိရသေးဘူး” ဟု BLACK Rangers FORCE (BRF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Aung San Generation Monywa တပ်ရင်း(၁၃)၊ BLACK Rangers FORCE (BRF)နှင့် Tan Hkwan people’s defense force တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s