Monthly Archives: Nov 2022

စစ်တွေ-ပေါက်တော-မင်းပြား ရွှေပြည်တန်အမြန်ရေယာဥ်လိုင်း ပြန်လည်ပြေးဆွဲမည်

တလကျော်ကြာ ပိတ်ထားခဲ့ရတဲ့ စစ်တွေ-ပေါက်တော-မင်းပြား ရွှေပြည်တန် အမြန်ရေယာဉ် ခရီးစဉ်တွေကို ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး ပြန်လည်ပြေးဆွဲသွားမှာဖြစ်တယ်လို့ ရွှေပြည်တန် အမြန်ရေယာဥ် တာဝန်ရှိသူတွေက ပြောပါတယ်။

“ဒီဇင်ဘာ ၁ ရက်နေ့ မနက်ကစပြီး ပြန်လည်ပြေးဆွဲသွားမှာ။ စစ်တွေ-ပေါက်တော-မင်းပြားကို တနေ့ ၂ ကြိမ် ပြေးဆွဲသွားမှာ။ စစ်တွေ-ပေါက်တော သီးသန့်လိုင်းကိုလည်း တရက် ၂ ကြိမ် ပြန်ပြေးဆွဲသွားမှာပါ။”

ရခိုင်ပြည်နယ်အတွင်း စစ်တွေ-တောင်ကုတ်လိုင်းကလွဲလို့ စစ်တွေကနေ မြို့နယ်အသီးသီးကို ပြေးဆွဲနေတဲ့ ရေယာဉ်လိုင်းတွေ အားလုံးကို အောက်တိုဘာ ၁၈ ရက်ကစပြီး ရက်အကန့်အသတ်မရှိ စစ်ကောင်စီက ထပ်မံပိတ်ထားခဲ့တာပါ။

ရွှေပြည်တန် အမြန်ရေယာဥ်လိုင်းတွေဟာ အရင်က စစ်တွေ – ကျောက်ဖြူ – ရမ်းဗြဲ – ကျောက်နီမော် – တောင်ကုတ် – မာန်အောင်၊ စစ်တွေ- ပေါက်တော – မင်းပြား – မြောက်ဦး၊ စစ်တွေ – ရသေ့တောင် – ဘူးသီးတောင် စတဲ့လိုင်းတွေ ပြေးဆွဲခဲ့ပေမဲ့ မြောက်ဦးလိုင်းတော့ ပြန်လည်ပြေးဆွဲခွင့် မရသေးဘူးလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

“”ရေလိုင်းအားလုံးကို ပြန်လည်ပြေးဆွဲခွင့် မပြုသေးဘူးဗျ။ မြောက်ဦးလိုင်းကို ပြေးဆွဲခွင့် မပြုသေးဘူး။”

ရခိုင့်တပ်တော် ULA/AA နဲ့ စစ်ကောင်စီတို့ နိုဝင်ဘာ ၂၆ ရက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီးနောက် စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် ရေကြောင်းလိုင်းတွေကို နိုဝင်ဘာ ၂၈ ရက်ကစပြီး ရေကြောင်းဦးစီးဌာနက ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ပြီး အခုတဖန် စစ်တွေ-ပေါက်တော-မင်းပြား ရေကြောင်းလိုင်းတွေ ပြန်ဖွင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ DVB

မရမ်းကုန်း ၁ ရပ်ကွက်ရှိ အိမ်ခြေ ၁၂၀ ကျော်ကို ကျူးကျော်ဟုဆိုကာ စစ်တပ် အင်အား အလုံး အရင်း ဖြင့် ဝင်ရောက်စီးနင်းပြီး ဘူဒိုဇာဖြင့် ဖျက်ဆီး

ရန်ကုန်တိုင်း၊ မရမ်ကုန်းမြို့နယ် ၁ ရပ်ကွက်အတွင်းရှိ အိမ်ခြေ ၁၂၀ ကျော်ကို ကျူးကျော်ဟုဆိုကာ စစ် တပ် အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပြီး ဘူဒိုဇာဖြင့် ဖျက်ဆီးကြောင်း ဒေသခံ ပြည်သူ များ က ရန်ကုန်ခေတ်သစ် သ တင်း ဌာန ထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် စစ်တပ်၊ ရဲ၊ စည်ပင်နှင့် ပျူစော ထီး စုစုပေါင်း အင် အား ၁၀၀ ဝန်းကျင်ဖြင့် လမ်းများပိတ်၍ ဝင်ရောက်လာပြီး မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက် ဘောလုံး ကွင်းဘေးရှိ နေအိမ်များကို ဘူဒိုဇာ များ ဖြင့် အတင်းအကျပ် ဖျက်ဆီးကြောင်း သိရှိရသည်။

“သမိုင်း ၁ ရပ်ကွက် မြို့သစ် ၇လမ်း ၈လမ်း ၉လမ်းဘောလုံးကွင်းဘေးက အိမ် တွေကိုစစ်တပ်က အင် အားအလုံး အရင်း နဲ့ ဘူဒို ဇာနဲ့ထိုး နေပါတယ်။ ဒီနေ့ မနက် ၆နာရီ ခွဲကတည်းက ဖျက်နေတာပါ။ မရမ်းကုန်း မြို့နယ် သမိုင်း ၁ ရပ် ကွက်၊ မြို့သစ် ၇လမ်း ၈လမ်း ၉လမ်း နဲ့ ဘောလုံးကွင်အိမ်ခြေ ၁၂၀ ကျော် လောက် ကို ဖျက်ဆီးပါတယ်။ လမ်းတွေပိတ်တယ်။ စစ်ကား ၂ စီးနဲ့ အင်အား စုစုပေါင်း ၅၀ ကျော်မယ်။ ရဲရော ပျူစောထီးရော စုစုပေါင်း ၁၀၀ ကျော်တယ်။ မနော်ဟယ်ရီ လမ်း ကနေလမ်း ပိတ်ပြီး ဖျက်တယ်။ အခု အဖျက်ခံ ရတာက ၁၂၀ ကျော်တယ်။ အိမ်တွေဖျက်နေတာကို ဓာတ်ပုံ ရိုက်တဲ့ အမျိုးသမီး တစ် ယောက်ကို ခွေးတွေ ဘယ်လိုတွေ့သွားလဲ မသိဘူး။ တိုက်ပေါ် ထိတက် ဖမ်း တယ်။ လူရောဖုန်းရော အကုန်ပါသွားတယ်။ အခုထက်ထိ ဖျက်နေတုန်း” ဟု ဒေသခံပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်မြို့ အပါအဝင်မြို့ကြီးများမှ ပြည်သူပိုင် နေ အိမ် များကို ကျူး ကျော် ဟုဆိုကာ အင် အား သုံးဖျက်ဆီးခြင်း၊ ဘူဒိုဇာဖြင့် ထိုး ခြင်း အပါအဝင် ဥပဒေမဲ့ အကြမ်း ဖက်လုပ် ရပ်များ ကို ဆက်တိုက်ဆိုသလို လုပ် ဆောင်လျက်ရှိကြောင်း သိရှိရသည်။ khit thit

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော ရေယာဉ်များ တိုက်ခိုက်ခဲ့ရာ စစ်ကောင် စီတပ်သား ၃ဦးသေဆုံး ဟုဆို

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော ရေယာဉ်များကို ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးသွားကြောင်း ချင်းတွင်းဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့ မှ နိုဝင်ဘာ ၃၀ရက်နေ့ တွင် သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၂၈ရက်နေ့က ချင်းတွင်းမြစ်ကြောင်းအတိုင်း လေယာဉ်ဆီ ၊ ရိက္ခာနှင့် စစ်အသုံးအဆောင်ပစ္စည်းများတင်ဆောင်ပြီး ဆန်တက်လာသော စစ်ကောင်စီ မော်တော်များအား မြစ်ကမ်းနံဘေးတစ်နေရာမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီးငယ်များဖြင့် အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး နေရာတွင်သေဆုံးသွားပြီး အခြားတပ်ဖွဲ့ဝင်များလည်း အသေအပျောက်ရှိနိုင်ကြောင်း ဖော်ပြထားသည်။

အဆိုပါ မော်တော်ယာဉ်များ မုံရွာဘက်ကမ်းသို့ရောက်သောအခါ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို နိဗ္ဗာန်ယာဉ်များဖြင့် လာရောက်သယ်ယူကြောင်း ထပ်မံသိရှိရသည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲကို ချင်းတွင်းဂဠုန်ရာဇာနှင့် Triple Two Task Force, Yinmarbin Local PDF, Monywa Trust Of Force, Alpha Special Force, Salingyi Regional Defense Force -SRDF, Dragon Brother Task Force ညီနောင်မဟာမိတ်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် မိဘပြည်သူများ၏ ထောက်ပံ့ပေးမှုလိုအပ်နေကြောင်း တတ်နိုင်သူများအနေဖြင့် အားဖြည့်ပေးကြရန် မေတ္တာ ရပ်ခံ အသိပေးထားသည်။ mizzima

ဗိုလ်တထောင်ဘုရားအနီးတွင် စစ်ကောင်စီတပ်က လူငယ် ၄ ဦးကို ပစ်ခတ်ဖမ်းဆီး

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်ဘုရားအနီးမှာ နိုဝင်ဘာ ၃၀ ရက် ဒီနေ့မနက် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လူငယ်လေးဦးကို ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ လှည့်ကင်းကားနဲ့ ဗိုလ်တထောင်ဘုရားအနီးကို ရောက်လာစဥ် လူငယ်လေးဦးကို မသင်္ကာလို့ စစ်ဆေးရာက ပစ်ခတ်ဖမ်း ဆီးခဲ့တာဖြစ်တယ်လို့ ကမ်းနားလမ်းမှာ နေထိုင်သူတဦးက ပြောပါတယ်။

“စစ်ဆေးဖို့ သူတို့ခေါ်တယ်သာပြောတာ။ အင်္ကျီကိုဆွဲပြီး မျက်နှာကိုထိုးတာ၊ အဲ့လိုမလုပ်ဖို့ ပြောတော့ နောက်တဦးက ထပ်ပြီးထိုးတယ်။ အဲ့မှာတင် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သေနတ်နဲ့ပစ်တာ၊ ကောင်လေးတယောက် ခေါင်းကိုထိသွားတယ်။”

သေနတ်နဲ့ ခေါင်းကိုအပစ်ခံရတဲ့ လူငယ်ကို စစ်ကောင်စီတပ်က လူနာတင်ယာဥ်နဲ့တင်ပြီး ကျန်သုံးဦးကိုလည်း လက်ထိပ်ခတ်ကာ စစ်ကားနဲ့ ခေါ် ဆောင်သွားတယ်လို့ ဗိုလ်တထောင်ဘုရားအနီး နေထိုင်သူတွေဆီက သိရပါတယ်။

လတ်တလော ဖမ်းဆီးခံရတဲ့ လူငယ်လေးဦးနဲ့ ပတ်သက်ပြီး ဗိုလ်တထောင်မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည်ဖြေဆိုခြင်း မရှိပါဘူး။

စစ်ကောင်စီတပ်အနေနဲ့ ဒီကနေ့မနက် ဖမ်းဆီးရမိတဲ့ လူငယ်လေးဦးမှာ အကြမ်းဖက်သမားတွေဖြစ်ပြီး လက်လုပ်ဗုံးတွေနဲ့ ဖမ်းမိခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ DVB

ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ပြည်သူ ၄ ဦးထက်မနည်း စစ် တပ်က ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေပြီး ပြည်သူ ၄ ဦးထက်မနည်း စစ်တပ်က ဖမ်းဆီးထားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

နိုဝင်ဘာ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဆင်အင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး မွန်းလွဲပိုင်းတွင် မအူပင်ရွာကို ထပ်မံ မီးရှို့ ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆင်အင်းရွာအတွင်း ဝင်ရောက်လာစဥ် ဒေသခံ ပြည်သူ ၄ ဦးကို စတင် ဖမ်းဆီးခဲ့ပြီး ထပ်မံ ဖမ်းဆီးခံရသည့် ပြည်သူများလည်း ရှိ​ကာ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“စစ်ခွေး စစ်​ကြောင်း မြင်းဇီးရွာဘက်က ထွက်လာတဲ့အချိန် တိုက်ပွဲက ရွာအနောက်ဘက်မှာ ဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီး သိပ်မကြာဘူး။ ဆင်အင်းရွာကို မီးရှို့တော့တာပဲ ဒေသခံ ပြည်သူ ၄ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်။ ဆင်အင်းနဲ့ မအူပင် ၂ ရွာလုံးကို စစ်ခွေးတွေက မီးတင်ရှို့နေတာ ဖမ်းခံရတဲ့ သူကများပါတယ်။ ၄ ဦးထက်ပိုပါတယ်။ ရွာထဲ ဝင်ဝင်ချင်း ဒေသခံ အမျိုးသား ၄ ဦးကို အရင်စဖမ်းတယ်လို့ သိထားရတယ်”ဟု ရွှေဘိုခရိုင် သတင်းစုံအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ khit thit

ဖျာပုံမြို့ အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲတိုက်ခိုက်ခံရ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့တွင် ယနေ့ နိုဝင်ဘာလ ၃၀ ရက် မနက် ၁၀ နာရီ ၁၀ မိနစ်ခန့်အချိန်က အမှတ် (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို Black Dragon နှင့် ဖျာပုံPDF (PDFP) တို့ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ရှိ၊ မရှိ မသိရသေးကြောင်း ဖျာပုံ PDF အဖွဲ့ဝင်က ပြောသည်။

“ဖျာပုံမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဒလန်ဆက်လုပ်နေပြီး ညအချိန်မတော် ဧည့်စာရင်းစစ်တာတွေ၊ ပြည်သူတွေဆီက ငွေညှစ်တာတွေ ဆက်လုပ်နေမယ်ဆိုရင် လူကြီးမင်းတို့ရဲ့ အသက်အန္တရာယ်ကို အာမခံမှာမဟုတ်ဘူးလို့ ထပ်ပြီးသတိပေးလိုက်ပါတယ်”ဟု ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ပြီး မိနစ်အနည်းငယ်တွင် စစ်ကောင်စီတပ်များနှင့် ရဲများရောက်ရှိလာပြီး ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ဒေသ ခံများထံက သိရသည်။ mizzima

ကလေးမြို့တွင် CDM ကျောင်းဆရာ ၁ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီတပ်သားတွေက CDM ကျောင်းဆရာတ‌ဦးကို ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

CDM‌ ကျောင်းဆရာ ကိုခိုင်အောင်ဟာ နိုဝင်ဘာ ၂၇ ရက်က သဇင်ရပ်ကွက်၊ မြို့ရှောင်လမ်းမှာ ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီတပ်သားတွေက ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို ဖမ်းဆီးခေါ်ဆောင်သွားကာ မိသားစုဝင်တွေ အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ကလေးမြို့၊ သဇင်ရပ်ကွက်၊ မြို့ရှောင်လမ်းမှာ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ လုံခြုံရေးအဖွဲ့ဝင်တွေက မသင်္ကာတဲ့ ဆိုင်ကယ် ၁ စီးကို ရပ်တန့်စစ်ဆေးခဲ့ရာ CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာ ကျင်ရှင်းခိုင် (ခ) ခိုင်အောင်ဟာ လူမှုကွန်ရက်ပေါ်မှာ NUG ရဲ့ နမူနာမေးခွန်းပုံစံလွှာ စာရွက်စာတမ်းတွေကို သိမ်းဆည်းထားတာကို တွေ့ရှိတဲ့အတွက် ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ကလေးမြို့ခံတဦးက “စစ်သားတွေက ဖုန်းတွေစစ်ရင်လည်း သေချာကိုစစ်တာ။ အခုတလော ကလေးမြို့ နေရာအနှံ့မှာ စစ်သားတွေက ကင်း ပုန်းချ နေရာယူနေတယ်။‌ ကလေးမြို့ ပြည်သူတွေအနေနဲ့ သတိထား သွားလာကြဖို့ ပြောချင်တယ်” လို့ ပြောပါတယ်။

လတ်တလော ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း မြို့တွင်းကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၆၀၀‌ ဝန်းကျင်ရှိ‌ပြီဖြစ်ပြီး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၁၀၀‌ ‌ေကျာ်ရှိနေပြီလို့ သပိတ်အဖွဲ့ဝင်တွေထံက သိရပါတယ်။ DVB

ဆားလင်းကြီး၊ ထန်းဇင်ရွာကို စစ်တပ်က ရွာလုံးကျွတ် နီးပါး မီးတင်ရှို့နေပြီး PDF ရဲဘော် ၂ ဦး ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ထန်းဇင်ရွာကို အကြမ်းဖက် စစ်တပ်က ရွာလုံးကျွတ် နီးပါး မီးတင်ရှို့ နေပြီး PDF ရဲဘော် ၂ ဦးကို ဖမ်းဆီးထားကြောင်း မျိုးဆက်သစ် လူငယ် Local PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ ခန့်တွင်အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က တိုက်ပွဲအနီးအနားရှိ ထန်းဇင်ကျေးရွာကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ရွာလုံးကျွတ် နီးပါး မီးရှို့ဖျက်ဆီးနေခြင်းဖြစ် ကြောင်း သိရှိရသည်။

” တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေ အထိနာလို့ အနီးအနားကရွာကို သေနတ်တွေ ပစ်ဖောက်ပြီး စီးနင်း မီးရှို့နေတာ မီးများတယ်။ ရွာလုံးကျွတ်နီးပါးရှို့နေတာ ဒေသခံ ပြည်သူတွေကတော့ ရွာလုံးကျွတ်ပြေးနေရတယ်။ နောက်ဆုံးသိရတဲ့ သတင်းအရ PDF ရဲဘော် ၂ ဦး ဖမ်းဆီးခံထားရတယ်” ဟု မျိုးဆက်သစ် လူငယ် Local PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ khit thit

ရန်ကုန်-မော်လမြိုင် လမ်းပိုင်းက ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်ကြောင့် ကားတွေ ရာနဲ့ချီ ပိတ်မိနေ

ရန်ကုန်-မော်လမြိုင် လမ်းပိုင်းရှိ စစ်ကောင်စီက ဖွင့်လှစ် စစ်ဆေးမှု ပြုလုပ်နေသည့် ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်တွင် ခရီးသည်တင်ကားများနှင့် ကုန်ကားများ စုံပုံရောက်ရှိနေ၍ ကားများ ရာချီပြီး ပိတ်မိနေကြောင်း ခရီးသွား ပြည်သူများထံမှ သိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းမှ စတင်ကာ ပိတ်မိနေခြင်း ဖြစ်တာကြောင့် အချိန် ကြန့်ကြာမှု ဖြစ် ပွားနေသလို ခရီးသည်များနှင့် အရေးပေါ် လူနာတင်ယာဉ်များ ပို၍အခက်အခဲ ဖြစ်ပေါ်နေသည်ဟု ခရီးသွား ပြည်သူ တစ်ဦးက ကိုယ်တိုင် တွေ့ ကြုံရမှုနှင့် ပတ်သက်ပြီး မဇ္ဈိမကို ပြောဆိုထားသည်။

မြိတ်-ရန်ကုန် ခရီးသည် တစ်ဦးက“ဒီစစ်ဆေးရေးဂိတ်က မနေ့ကမှ စဖွင့်တာပါ၊ မြိတ်ဖက်က တက်လာရင် အခြားနေရာတွေမှာ စစ်ဆေးရေးဂိတ်တွေ ရှိနေတော့ အဲ့ဒီ X-Ray ဂိတ်ကို ရောက်တော့ အားလုံးစုပြုံနေတော့ အားကုန်လုံး အချိန်ကုန် ကြန့်ကြာမှုတွေ ဖြစ်နေတယ်”ဟု ပြော သည်။

ယင်း ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်သည် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် တည်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ အချိန် ကြန့်ကြာမှုကြောင့် ခရီးသည်များ၊ ကုန်ကားများ အပါဝင် အရေးပေါ် လူနာတင်ယာဉ်များလည်း အချိန် ခြောက်နာရီ နီးပါး စောင့် ဆိုင်းနေရ၍ အခက်အခဲပေါင်းစုံနှင့် ကြုံတွေ့နေရသည်ဟု သိရသည်။

“အထူးသဖြင့်ကတော့ အခုလို အချိန်ကြန့်ကြာမှုနဲ့ ပတ်သက်ပြီးတော့ ယာဉ်ပေါ်ပါလူတွေ အကုန် ဆင်းပေးရတော့ အစားအသာက် ကျန်မာရေး အပေါ့ပါးနဲ့ နားခိုစရာ မရှိတော့ ကားတွေ လူတွေ ပြည့်ကျပ်နေလို့ မူးဝေအော့အန်တဲ့ အထိ ဖြစ်ပေါ်နေတယ်”လို့ ခရီးသွား ပြည်သူများထံမှ သိရသည်။

ထိုအပြင် ကုန်ကားများလည်း အချိန်ပေး စစ်ဆေးခံနေရ၍ ယာဉ်များ သုံးတန်းဖြင့် ပိတ်ဆို့နေတာကြောင့် ကုန်စိုများလည်း ပုပ်သိုးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ကုန်ကားမောင်းသူက ပြောဆိုသည်။

စစ်ကောင်စီ၏ ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်ကြောင့် မြိတ်-ရန်ကုန် ခရီးစဉ်သည် ယခင်က တစ်နေ့တာခရီးဖြင့် သွားလာနေရပြီး လက်ရှိမှာ နှစ်ရက်လောက် ကြာနေရကြောင်းလည်း သိရသည်။mizzima

« Older Entries Recent Entries »