ကင်းလှည့်ထွက်လာသော စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းတပ်အား ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာမှ ကင်းလှည့်ထွက်လာသော စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်အား ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင် PRA တပ်မတော်မှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သားနှင့် ပျူစောထီးအင်အား ၂၀၀ ခန့် အင်မထီးကျေးရွာမှ ကင်းလှည့်ရန်ထွက်လာချိန် တွင် ကာကွယ်ရေးတပ်ဖွဲ့များနှင့် မိနစ် ၄၀ ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“စစ်ကြောင်းချီတက်လာတာဗျ။ အထွက်ကိုဝိုင်းချတော့ ရွာထဲပြန်ဝင်သွားတယ်။ ချောင်းမြောင်းပစ်ခတ်ခဲ့ တာပါ” ဟု ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)အဖွဲ့မှ တာဝန်ရှိသူကပြောသည်။
အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သားနှင့်ပျူစောထီးရှစ်ဦးသေဆုံးပြီး အများ အပြားဒဏ်ရာရရှိကာ တော်လှန်ရေးရဲဘော်များအန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ mizzima