Monthly Archives: Dec 2022

ပိတ်ဆို့အရေးယူမှုကြားမှ မြန်မာ့ကျွန်းသစ်များ အမေရိကန်အဆက်မပြတ်ရောက်နေ 

စစ်ကောင်စီအတွက် ဘဏ္ဍာငွေအရင်းအမြစ်တစ်ခုဖြစ်သော နိုင်ငံပိုင်မြန်မာ့သစ်လုပ်ငန်း (MTE) ကို ပိတ်ဆို့အရေးယူထားသော်လည်း အာ ဏာသိမ်းပြီးကတည်းက မြန်မာ့ကျွန်းသစ်များ အမေရိကန်ကို အဆက်မပြတ်ရောက်နေကြောင်း အစီရင်ခံစာထွက်လာသည်။

စစ်တပ်က အာဏာသိမ်းထားသည့် နှစ်နှစ်တာအတွင်း မြန်မာနိုင်ငံမှ ကျွန်းသစ်တန်ချိန် ၂၅၀၀ ကျော်ကို အမေရိကန်သို့ တင်ပို့ခဲ့ကြောင်း ယခုလ ၃ ရက်က ထုတ်ပြန်သည့် ဗြိတိန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအေဂျင်စီ (EIA) ၏ အစီရင်ခံစာတွင် ဖော်ပြ သည်။

ပြီးခဲ့သည့် အောက်တိုဘာ တစ်လအတွင်း၌ပင် ကျွန်းသစ်တန်ချိန် ၂၆၃ ဒသမ ၇ တန် တင်ပို့ခဲ့ပြီး အမေရိကန်က ပိတ်ဆို့အရေးယူထားသည့် စစ်ကောင်စီလက်အောက်ခံ မြန်မာ့သစ်လုပ်ငန်းသည် သစ်လေလံပွဲများ လစဉ်ပြုနေသည်ဟု ဆိုသည်။

အာဏာသိမ်းပြီးနှစ်လအကြာ ၂၀၂၁ ဧပြီလတွင် မြန်မာ့သစ်လုပ်ငန်း (MTE) ကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့ပြီး ဥရောပသမဂ္ဂကလည်း အလားတူ ဒဏ်ခတ်အရေးယူကြောင်း ဇွန်လတွင် ထုတ်ပြန်သည်။

စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်သည် သစ်ရောင်းချငွေအဖြစ် စင်ကာပူရှိ UOB၊ OCBC၊ DBS ဘဏ်တို့နှင့် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ဘဏ်များမှတစ်ဆင့် အမေရိကန်ဒေါ်လာများ လက်ခံရရှိနေသည်ဟုလည်း EIA က ဆိုသည်။

ပိတ်ဆို့အရေးယူမှုကြားမှ မြန်မာ့ကျွန်းသစ်များ အမေရိကန်ဈေးကွက်ကို ဝင်ရောက်နေကြောင်း အမေရိကန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ရေးရာအဖွဲ့ Forest Trends ကလည်း ပြီးခဲ့သည့်မတ်လအတွင်း ထုတ်ပြန်ခဲ့ဖူးသည်။

အမေရိကန်ဈေးကွက် ဝင်ရောက်သည့်သစ်များကို ဇိမ်ခံရွက်လှေတည်ဆောက်ရာတွင် အသုံးပြုပြီး အာဏာသိမ်းပြီးနောက် သစ်တင်သွင်းသည့် ကုမ္ပဏီအရေအတွက် ကျဆင်းသွားသော်လည်း တင်သွင်းသည့်ပမာဏ တိုးလာသည်ဟု ဆိုသည်။

အာဏာသိမ်းမှုဖြစ်စဉ်အပြီး ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ကွင်းကာ အမေရိကန်ကုမ္ပဏီများက မြန်မာ့ကျွန်းသစ်တန်ချိန် ၁၅၆၅ တန် တင်သွင်းခဲ့ကြောင်း စစ်တပ်၏ အကျိုးစီးပွားနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar က ယခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ဖူးသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် လက်နက်ကိုင်တော်လှန်မှု ပေါ်ပေါက်လာပြီး ဒေသန္တရအုပ်ချုပ်ရေးပျက်ယွင်းသွားကာ အကျင့်ပျက်ခြစားမှုများနှင့်အတူ သစ်ခိုးထုတ်ခြင်းများလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည်။

လက်နက်ကိုင် ခုခံတော်လှန်မှု အပြင်းထန်ဆုံးဖြစ်နေသည့် စစ်ကိုင်းတိုင်းအနောက်တောင်ပိုင်းရှိ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်တွင် သစ်ခိုးထုတ်မှု အလွန်မြင့်တက်နေသည်ဟု ဒေသခံတို့က ဆိုသည်။

“လူတိုင်းလို လွတ်လွတ်ကြီးဖြစ်သွားတော့ သစ်ရောင်းချင်တဲ့သူတွေကလည်း ခုတ်၊ တခြားသူတွေကလည်း ခုတ်။ ဒီနားဝန်းကျင် ၁၀ ရွာလောက်က တက်ပြီးတော့ ခုတ်ကြတာ” ဟု အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းအဝင်ရှိ ကပိုင်ရွာမှ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။​

“လမ်းဘေးဝဲယာကတော့ မရှိသလောက်နီးပါးပေါ့။ ကျွန်းတို့၊ တမလန်းတို့၊ ပိတောက်တို့ ကုန်သလောက်နီးပါး ဖြစ်သွားတာ။ တောင်ပေါ်တက်တဲ့ လမ်းဘေးဝဲယာက တော်တော်အခြေအနေဆိုးသွားတာ”

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင်လည်း သစ်ခိုးထုတ်မှုများ မြင့်တက်နေသည်ဟု သိရသည်။ စစ်ကောင်စီလက်ထက်တွင် အကျင့်ပျက်ခြစားမှုနှင့်အတူ တရားမဝင်သစ်ခိုးထုတ်မှု မြင့်တက်နေရာ သစ်တောပြုန်းတီးမှုအန္တရာယ်မှာ စိုးရိမ်ဖွယ်ရာဖြစ်နေသည်။ 

အမေရိကန်သစ်ကုန်သည်များသည် စစ်ကောင်စီ၏ သစ်တောဝန်ကြီးထံမှ ထောက်ခံချက်ပင်ယူနေကြောင်း EIA အစီရင်ခံစာတွင် ဖော်ပြ သည်။ မြန်မာ့ကျွန်းသစ်များ ဆက်လက်ဝယ်ယူနေခြင်းသည် အမေရိကန်အစိုးရက ပြဋ္ဌာန်းထားသည့် လေစီဥပဒေ (The Lacey Act) ကို ချိုးဖောက်ရာရောက်သည်ဟုလည်း ဆိုသည်။​

ယခင်က သစ်လေလံအောင်မြင်သည့် ကုမ္ပဏီများကို မြန်မာ့သစ်လုပ်ငန်းက ထုတ်ပြန်ကြေညာလေ့ရှိသော်လည်း အာဏာသိမ်းပြီးနောက် မည်သည့်ကုမ္ပဏီက လေလံအောင်မြင်ကြောင်း မသိရတော့ပေ။ သို့သော် လာမည့်နှစ်တွင်လည်း သစ်လေလံပွဲများ ဆက်ကျင်းပသွားမည်ဟု ကြေညာထားသည်။​

စစ်ကောင်စီထိန်းချုပ် မြန်မာ့သစ်လုပ်ငန်း၏ သစ်လေလံအောင်သူများမှာ စစ်တပ်အဆက်အနွှယ်များသာ ဖြစ်မည်ဟု Justice For Myanmar က ဆိုသည်။ myanmar now

မှတ်ပုံတင်ပြမှ အဝေးပြေးကားလက်မှတ်ဝယ် ယူခွင့်ပြုသဖြင့် ခရီးသည်များ အခက်ကြုံ

ရန်ကုန်၊ မင်္ဂလာဒုံ အောင်မင်္ဂလာအဝေးပြေးကားဝင်းနဲ့ လှိုင်သာယာ ဒဂုံဧရာ အဝေးပြေးကားဝင်းတို့မှာ မှတ်ပုံတင်ကိုင်ဆောင်ပြနိုင်မှ ကားလက်မှတ်ဝယ်ယူခွင့်ရှိတဲ့ ညွှန်ကြားချက်တွေကြောင့် ခရီးသည်တွေ သွားလာဖို့နဲ့ ကားဂိတ်‌တွေ လက်မှတ်ရောင်းချဖို့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ ညွှန်ကြားချက်ကို ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က နိုဝင်ဘာ ၂၈ ရက်မှာ အဝေးပြေးကား ဂိတ်တွေကို ညွှန်ကြားခဲ့တာဖြစ်ပြီး “နိုင်ငံသားစိစစ်ရေးကတ်မပါလျှင် စီးနင်းခွင့်မပြု” ဆိုတဲ့ စ‌တစ်ကာတွေ ဖြန့်ဝေခဲ့တာလို့ သိရပါတယ်။

“ရန်ကုန်နဲ့ ပုသိမ်က တလ လေးငါးခေါက်လောက် သွားနေတာ၊ လိုတာရှိ ရန်ကုန်တက်ဝယ်၊ ဒီမှာ ဆွေမျိုးတွေလည်းရှိ‌တော့ လှိုင်သာယာကပဲ အသွားအပြန်လုပ်နေတာ၊ နိုဝင်ဘာထဲတောင် မှတ်ပုံတင်မပါဘဲ ရပ်ကွက်ထောက်ခံစာရယ်၊ ကြံ့ခိုင်ရေးကတ်ရယ်နဲ့ သွားလို့လာလို့ ရသေးတယ်၊ အခုပြန်မှ လက်မှတ်က ဝယ်မရပြုမရ၊ ဂိတ်ကလည်း မရောင်းရဲဘူးတဲ့၊ အရင်ဂိတ်က ကားလက်မှတ်က ၉,၀၀၀ တည်း၊ အဲ့ဟာမရတော့ တက္ကစီစီးလာတာ ၄၀,၀၀၀ ပေးခဲ့ရတယ်” လို့ ခရီးသည်တဦးက ပြောပါတယ်။

ကိုဗစ်ကာလမှာ ကားပေါ်က ခုံတွေက နှစ်ခုံကို တခုံဈေးနဲ့ လက်မှတ်ရောင်းချခဲ့ပြီး အခုချိန်မှာ ခုံအပြည့်တင်ပြီး ကားလက်မှတ် ဈေးလျေှာ့ရောင်းပေမဲ့ စီးနင်းသူမှာ မှတ်ပုံတင်မပါရင် ရောင်းချခွင့်မပြုထားလို့ ကားလိုင်းတွေမှာ လူမပါဘဲ ပြေးဆွဲနေရတယ်လို့ သိရပါတယ်။

“ညီမတို့က မှတ်ပုံတင်မပါရင် အသက်မပြည့်တဲ့သူပဲ ရောင်းပေးတယ်။ အခုကျတော့ မှတ်ပုံတင်ပါမှဆိုတော့ အရင်က ကားတစီးကို အယောက် ၂၀ ကျော်လောက် ရောင်းရရင်တောင်မှ အခုကျ‌တော့ အဲ့လောက် မရောင်းရတော့ဘူးလေ။ ပါတဲ့ခရီးသည်ပဲ ရောင်းရ‌တော့ အရင်က အယောက် ၂၀ ပါတဲ့နေရာမှာ ၁၀ ယောက် ၁၅ ယောက် ထံကုန် အဲ့လောက်ပဲပါတယ်။ မနှစ်ကနဲ့တောင် မတူဘူး။ ဒီနှစ်က လူပိုကျသွားတာပေါ့။ ဒီ မှတ်ပုံတင်ပါမှ စီးရမယ် မထုတ်ခင်ကနဲ့‌တောင် မတူဘူး။ အဲ့စာတွေထုတ်လိုက်မှ ခရီးသည်က သိသိသာသာကို ပါးတာ” လို့ ယာဉ်လိုင်းတခုက ပြောပါတယ်။

YRTC ဘက်က ဂိတ်တွေဆီကနေ ခရီးသည်အချက်အလက်တွေ အပတ်စဉ် လာယူနေတယ်လို့ သိရပြီး ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်ကို ယာဉ်လိုင်းဘက်က ဖောက်ဖျက်ပါက အရေးယူမှာဖြစ်ကာ သူတို့စစ်ဆေးတဲ့အချိန်မှာ ခရီးသည်က မှတ်ပုံတင်မပါဘဲ စီးနင်းနေတာကို တွေ့ရှိပါကလည်း ယာဉ်မောင်းရော၊ ဂိတ်ကိုရော အရေးယူမှာဖြစ်တယ်လို့ ပြောထားကြောင်း သိရပါတယ်။

ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်၊ ဝန်ထမ်းကတ် စတဲ့ကတ်တွေနဲ့လည်း ဝယ်ယူခွင့်မပေးဖို့ ညွှန်ကြားထားပြီး ကားဂိတ်တွေအနေနဲ့ မှတ် ပုံတင်မပါသူကို လက်မှတ်ရောင်းချတာကို စစ်ဆေးတွေ့ရှိပါက ပထမအကြိမ် ခေါ်ယူသတိပေးမှာဖြစ်ပြီး ဒုတိယအကြိမ်အဖြစ် ယာဉ်လိုင်းကို ၃ လ၊ ၆ လ ရပ်နားမှာဖြစ်ကာ တတိယအကြိမ် ဖောက်ဖျက်ပါက ယာဉ်လိုင်းပိတ်သိမ်းတဲ့အထိ ‌အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။DVB

ပခုက္ကူတွင် စစ်ကောင်စီမော်တော်ယာဉ်ကို တော်လှန်ရေးအဖွဲ့က မိုင်းဆွဲ၊ မီးရှို့

နိုင်ငံအလယ်ပိုင်း မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းတွင် အရပ်သုံး ကားတစ်စီး၊ ဆိုင်ကယ် ခြောက်စီးပါ စစ်ကောင်စီတပ်ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ပြီး မော်တော်ယာဉ်ကို မီးရှို့လိုက်သည်။

ဒီဇင်ဘာ ၅ နံနက် ၁၀ နာရီခန့်က ဧရာဝတီမြစ် အနောက်ဘက်ကမ်း မြစ်ခြေမှ မြောက်ဘက် ၁၀ မိုင်ကျော်အကွာ မင်းတပ်-ပခုက္ကူလမ်းပေါ်ရှိ ကမ္မဘက်သို့ လာသည့် ထိုယာဉ်တန်းကို လမ်းတစ်ဝက်ရှိ ကျပ်တိုးရွာ ရဲစခန်းအနီးတွင် တိုက်ခိုက်ခြင်းဖြစ်သည်။

အရပ်ဝတ်ဖြင့် အင်အား ၁၅ ဦးဝန်းကျင်ပါသည့် ထိုယာဉ်တန်းမှ ၂ ဦးသေ၊ ၄ ဦး ဒဏ်ရာရသည်ဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သူတို့ယာဉ်တန်းရောက်လာတော့ ကျွန်တော်တို့ ကားရော ဆိုင်ကယ်တွေပါ မိုင်းဆွဲတယ်။ အတွင်းသတင်းအရတော့ အရာရှိ ၂ ဦး သေဆုံးတယ် လို့ သိရပါတယ်။ ..ကားကျန်ခဲ့တယ် ကျွန်တော်တို့ မီးရှို့ပစ်လိုက်တယ်” ဟု ၎င်းက ဆိုသည်။

ယာဉ်တန်းပါ အဖွဲ့မှာ အဖြူရောင် အိမ်စီးကား မော်တော်ယာဉ်ကို ချန်ထားခဲ့ပြီး ထွက်ပြေးသွားကြောင်း ထိုသူ့ထံမှ သိရသည်။

ယာဉ်တန်းတွင် ပြည်သူ့စစ် ခေါ် ပျူစောထီး၊ စစ်သား၊ ရဲတပ်ဖွဲ့တို့မှ အင်အား မည်မျှစီ ပါဝင်သည်၊ မည်သို့ ထိခိုက်သွားသည်ဟူသော အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးပေ။

ထိုတိုက်ခိုက်မှုကို မြစ်ခြေ ကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MCKCDF) နှင့် ပူးပေါင်းလုပ်ဆောင်သည်ဟု PPDF ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

မိုင်းဖြင့် တိုက်ခိုက်ခံရပြီး နာရီပိုင်းအကြာတွင် အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကမ္မ-မြစ်ခြေ လမ်းတစ်လျှောက် ပြေးဆွဲသော လိုင်း ကားများနှင့် လိုက်လာကာ အခင်းဖြစ်ရော နေရာတစ်ဝိုက်ကို ရမ်းသန်းပစ်ခတ်ကြသည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် ထိုနေ့ညပိုင်းတွင် ကျပ်ထိုးကျေးရွာအုပ်စုအတွင်းရှိ အနောက်ကုန်းကျေးရွာကို စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ဝင် အင်အား ၂၅ ဦးခန့်က မီးဝင်ရှို့သွားရာ အိမ်ခြေ ၁၁ လုံး မီးလောင်ဆုံးရှုံးခဲ့သည်ဟု ဒေသခံ တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

အရှေ့ဘက်တွင် ဧရာဝတီမြစ်၊ အနောက်ဘက်တွင် ယောမြစ်ရှိပြီး နိုင်ငံအထက်ပိုင်း၊ အနောက်ပိုင်း၊ အလယ်ပိုင်းနှင့် အလယ်ပိုင်း ချိတ်ဆက်မှုတွင် ကုန်းလမ်း၊ ရေလမ်းအရ အရေးပါသည့် ပခုက္ကူမြို့နယ်တွင်း နိုဝင်ဘာ ၂၄ မှစ၍ နံနက် ၈ နာရီမှ ည ၆ နာရီအထိသာ ဆိုင်ကယ်စီးခွင့်ပြုမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီး နှစ်နှစ်နီးပါး ကြာချိန်အထိ နိုင်ငံအနှံ့ ခုခံမှုများ မြင့်တက်နေဆဲဖြစ်သည့် ဒေသများထဲတွင် မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းမှ ပခုက္ကူ၊ ရေစကြို၊ ဆိတ်ဖြူ၊ မြိုင်၊ ပေါက်မြို့နယ်များလည်း ပါဝင်သည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသေးပေ။myanmar now

အလုပ်သမားသမဂ္ဂခေါင်းဆောင် ကိုသက်နှင်းမောင်ကို ခြွင်းချက်မရှိလွှတ်ပေးရန် ILO တောင်းဆို

မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsf) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ဒီဇင်ဘာ ၉ ရက်နေ့မှာ ထပ်မံတောင်းဆိုလိုက်ပါတယ်။

အလုပ်သမားအရေးဆောင်ရွက်သူ ကိုသက်နှင်းအောင်ဟာ မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇/၁ နဲ့ မွန်ပြည်နယ်၊ ပေါင်မြို့နယ် အထူးတ ရားရုံးက ဒီဇင်ဘာ ၅ ရက်မှာ ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် ချမှတ်ခံထားရတာပါ။

ILO ညွှန်ကြားရေးမှူး ဟောင်ဘိုက “ကိုသက်နှင်းအောင်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ အာဏာပိုင်တွေကို တိုက်တွန်းပါတယ်။ အလုပ် သမားအဖွဲ့အစည်း၊ အလုပ်ရှင် အဖွဲ့အစည်းတွေရဲ့ ရပိုင်ခွင့်တွေကို ကျင့်သုံးဖို့ဆိုတာ အဲဒီအဖွဲ့အစည်းခေါင်းဆောင်၊ အဖွဲ့ဝင်တွေအပေါ် မည်သည့်အကြမ်းဖက်မှု၊ ဖိအားပေးမှု၊ ခြိမ်းခြောက်မှုမှမရှိတဲ့ ဝန်းကျင်မှာပဲ ကျင့်သုံးလို့ရနိုင်ပါတယ်။ နိုင်ငံရေးဆန့်ကျင်သူတွေအပေါ် ဖိနှိပ်တာ၊ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်တာ၊ လူ့အခွင့်အရေးတွေကို မသိကျိုးကျွံပြုနေတာတွေကို ရပ်တန့်ရပါမယ်” လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်သမားအရေး လှုပ်ရှားသူတွေကို စစ်ကောင်စီက ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး ကိုသက်နှင်းအောင်ကို ၂၀၂၁ ခုနှစ်၊ နှစ်လယ်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။DVB

စစ်ကောင်စီ၏ မင်းပြားစစ်သင်တန်းကျောင်းတွင် လက်နက်ကြီးပစ်လေ့ကျင့်နေ

ရက္ခိုင့်တပ်တော် (AA) နှင့် အပစ်ရပ်စဲထားသော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားမြို့ရှိ စစ်သင်တန်းကျောင်းတွင် လက်နက်ကြီးများ ပစ်ခတ်လေ့ကျင်နေသည်ဟု မြို့ခံများထံမှ သိရသည်။​

ယမန်နေ့ (ဒီဇင်ဘာ ၈) နံနက်ပိုင်းတွင် မင်းပြားအခြေစိုက် အမှတ် (၉) လေ့ကျင့်ရေးစစ်သင်တန်းကျောင်းအတွင်းမှ ပစ်ခတ်သံများကြားရကြောင်း အနီးအနားတွင် နေထိုင်သည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။​

“တိုက်ပွဲဖြစ်တဲ့ပုံစံမျိုးတော့ မဟုတ်ဘူး။ လက်နက်ကြီးပစ်ခတ် လေ့ကျင့်တဲ့ပုံစံပါ။ ပစ်သံပဲ ကြားရတယ်။ ကျကွဲသံကို မကြားရဘူး” 

ထိုစစ်သင်တန်းကျောင်းမှ လက်နက်ကြီးပစ်သံ မကြားရသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်ကာ ယခုလအတွင်း AA နှင့် အပစ်ရပ်ပြီးနောက် ပထမဆုံးအကြိမ် ပြန်ကြားရခြင်းဖြစ်သည်ဟုလည်း အထက်ပါ မင်းပြားမြို့ခံက ဆိုသည်။​

“အခု အပစ်အခတ်ရပ်ပြီးတဲ့နောက်ပိုင်း ကြားရတာ ဒါပထမဆုံးပါ။ ပစ်ခတ်သံ အချက်ပေါင်း ၁၀ ကျော်လောက် ကြားလိုက်ရတယ်” 

လက်နက်ကြီးပစ် လေ့ကျင့်နေသည်ဆိုသော ထိုသင်တန်းကျောင်းမှာ မင်းပြားနှင့် မြေပုံမြို့နယ်အကြား စစ်တွေ – ရန်ကုန်ကားလမ်းဘေးရှိပြီး အနီးဝန်းကျင်တွင် ကမ်းနီ၊ အိုးပုံတောင်၊ မေလွန်း၊ ချဲရွာ စသည့် ကျေးရွာများရှိသည်ဟု သိရသည်။

လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မည့်အကြောင်း အနီးဝန်းကျင် ကျေးရွာများကို စစ်ကောင်စီက အသိပေးခြင်း မရှိကြောင်းလည်း ဒေသခံတို့က ဆိုသည်။

၂၀၁၈ နှစ်ကုန်ပိုင်းမှ ၂၀၂၀ နိုဝင်ဘာအထိ စစ်တပ်နှင့် AA တို့အကြား ပထမအကြိမ် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့စဉ်က ထိုစစ်သင်တန်းကျောင်းကို ရခိုင်လက်နက်ကိုင်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသည်။​

အာဏာသိမ်းပြီးနောက် တစ်ကျော့ပြန်တိုက်ပွဲဖြစ်နေခဲ့ရာ ပြီးခဲ့သည့်လကုန်ပိုင်းမှစ၍ စစ်ကောင်စီနှင့် အလွတ်သဘော အပစ်အခတ်ရပ်စဲလိုက်ကြောင်း AA တာဝန်ရှိသူက ထုတ်ဖော်ပြောဆိုထားသည်။

အပစ်ရပ်သော်လည်း စစ်ကောင်စီဘက်က AA နှင့် ပတ်သက်သည်ဆိုသော သံသယဖြင့် ဒေသခံများကို ဆက်တိုက်ဖမ်းဆီးနေဆဲဖြစ်ကာ ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝရှိ ၎င်း၏ တပ်ခန်းများကို ရိက္ခာဖြည့်တင်းမှုများ ပြုလုပ်နေသည်။ အထူးသဖြင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားရှိ တပ်စခန်းများကို ရိက္ခာဖြည့်နေသည်ဟု သိရသည်။ 

စစ်ကောင်စီနှင့် အလွတ်သဘော အပစ်ရပ်ထားခြင်းသာဖြစ်ပြီး အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သည်ဟု AA ဘက်က ထုတ်ဖော်ပြောဆိုထားရာ တိုက်ပွဲပြန်ဖြစ်မည်ကို ဒေသခံများ စိုးရိမ်နေသည်။ 

ယမန်နေ့ နံနက်က ရသေ့တောင်မြို့နယ်မြောက်ပိုင်း မညင်းတောင်ရွာအနီး တောင်ကုန်းပေါ်ရှိ စစ်တပ်စခန်းအတွင်း ပေါက်ကွဲဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဘယ်လိုဖြစ်တယ် ဆိုတာကိုတော့ မသိရဘူး။ သူတို့တပ်စွဲထားတဲ့ ဧရိယာအတွင်းမှာ ဖြစ်တာ။ ဒေသခံတွေက အနီးအနားကိုတောင် မကပ်ရဘူး” 

စစ်တပ်ဧရိယာအတွင်း ချထားသည့်မိုင်းကို အသစ်ရောက်လာသည့် စစ်သားက မတော်တဆနင်းမိရာမှ ပေါက်ကွဲဖြစ်သည်ဟု ထင်ကြောင်းနှင့် ထိခိုက်မှုရှိကြောင်း အခြားရွာသားတစ်ဦးက ဆိုသော်လည်း အသေးစိတ် မသိရပေ။ myanmar now

ဒီပဲယင်းနယ်မြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာ ၆ရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာ ခြောက်ရွာမှ ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၉ ရက် နံနက်ပိုင်းမှ စတင်ကာ အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်သည် ညောင်လှရွာ နှင့် နမျှားကျေးရွာအပါအဝင် ကျေး ရွာခြောက်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု S&C မှ တာဝန်ရှိသူက ဆိုသည်။

“အဝေးကပဲလှမ်းကြည့် ခန့်မှန်းနေရတယ်။ ဘယ်သူမှ သွားမကြည့်ရဲဘူး။ S&C စစ်ဘေးသင့်စခန်းမှာပဲအားလုံး အဝေးကကြည့်ပြီး ဘယ်ရွာမီးရှို့နေတယ်ဆိုပြီး မီးခိုးတက်လာတဲ့နေရာ ခန့်မှန်းကြည့်နေရတယ်။အခြေအနေ ကတော့အရမ်းဆိုးတာပေါ့” ဟု S&C မီးဘေးစစ်ဘေးပ ညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုစိုးမိုးအောင်က မဇ္ဈိမကိုပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နမျှားရွာတွင် ရွာလုံးကျွတ် မီးလောင်ပြာကျသွားပြီး ညောင်လှရွာမှ လူနေအိမ် ၆၅ လုံးအ ပြင် ဘုန်းကြီးကျောင်းတစ်ကျောင်းပါ မီးထဲပါသွားကြောင်းနှင့် တခြားရွာများမှ မီးလောင်ဆုံးရှုံးမှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ် ကြောင်းလည်း သိရသည်။

ထို့အပြင် စစ်ဘေးရှောင်နှင့် မီးဘေးသင့်ပြည်သူများအတွက် အစားအစာ၊ အဝတ်ထည်နှင့် ခြုံစောင်များ အရေးပေါ်လိုအပ်လျှက်ရှိသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁ရက်မှစတင်ကာ ယနေ့အထိ ဒီပဲယင်းမြို့နယ်အတွင်း ဘုန်းကြီးကျောင်း သုံးကျောင်းနှင့် ကျေးရွာ ၁၄ ရွာထက်မနည်း မီးရှို့ဖျက်ဆီးထားပြီး ဖမ်းဆီးသတ်ဖြတ်ခံရသူများလည်းရှိကြောင်း ဆိုသည်။ mizzima

ရေစကြိုတွင် လူငယ် ၂၀ ခန့်ကို စစ်ကောင်စီတပ် ဖမ်းဆီး

မကွေးတိုင်း၊ ရေစကြိုမြို့ အမှတ် ၈၊ သုခဝတီရပ်ကွက်က ခြင်းခတ်နေတဲ့ လူငယ် အယောက် ၂၀ လောက်ကို ဒီဇင်ဘာ ၈ ရက် ညနေမှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ ရေစကြိုမြို့ ဒေသခံတယောက်က ပြောပါတယ်။

အဲဒီလူငယ်တွေအား ရေစကြိုမြို့မရဲစခန်း စစ်ကြောရေးကို ခေါ်ဆောင်သွားပြီး ဒီနေ့အထိ ပြန်မလွှတ်ပေးသေးတာကြောင့် မိသားစုဝင်တွ် စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

“စစ်(…)တွေက သူတို့လက်ထဲရောက်သွားရင် PDF လို့ စွပ်စွဲပြီး ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်တော့မှာဗျ။ ဘာမှအပြစ်မရှိဘဲနဲ့ လူငယ်ပိုင်းတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးတာဟာ သူတို့ရဲ့ လွတ်လပ်မှု၊ အနာဂတ်တွေကို ရိုက်ချိုးဖျက်ဆီးနေတာပဲ” လို့ ဒေသခံက ပြောပါတယ်။

ရေစကြိုမြို့ လမ်းဆုံ၊ လမ်းခွတွေနဲ့ မြို့ဝင်မြို့ထွက်ဂိတ်တွေမှာလည်း လုံခြုံရေး တင်းကျပ်ကာ ခရီးသွားပြည်သူတွေရဲ့ လက်ကိုင်ဖုန်းတွေကိုလည်း စစ်ဆေးပြီး PDF နဲ့ ပတ်သက်တဲ့ အချက်လက်တွေတွေ့တာနဲ့ ဖမ်းဆီးအမှုဖွင့်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၈ ရက်အထိ နိုင်ငံတဝန်း မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၃,၀၆၈ ယောက်ရှိပြီး အဲဒီထဲက ၁,၆၉၇ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ DVB

မင်းအောင်လှိုင် လက်ကိုင်တုတ် အောင်လင်းဒွေးနဲ့ မိသားစုအလိုက် ရာထူးတိုး ကြီးပွား ချမ်းသာ လာမှုများ

အကြမ်းဖက်စစ်ကောင်စီအတွင်းရေးမှူးအောင်လင်းဒွေးရဲ့ သားသမီ ၃ ဦးနဲ့ ဆွေမျိုး တစ်သိုက်ဟာ တပ်နဲ့ဝန်ကြီး ဌာန တင်ဒါအခွင့်ထူးခံ အပါအဝင် စီးပွား ရေး အခွင့်အလမ်းတွေ သိမ်းကျုံးရယူထားတာကြောင့် ခရိုနီလက်သစ် တွေ အဖြစ် အကြီးအကျယ် ချမ်းသာလာကြပါတယ်။

အောင်လင်းဒွေးရဲ့ သားသမီးတွေဖြစ်တဲ့ လှိုင်ဘွားအောင်၊ ဖြိုးအာကာအောင် နှင့် သမီး ရွှေရည်ဖူးအောင်တို့ဟာ ကုမ္ပဏီအသီးသီးတည်ထောင်ပြီး တင်ဒါ လုပ်ငန်းတွေ လုပ်ပိုင်ခွင့် တွေရနေကြတာပါ။ အောင်လင်းဒွေး မိသားစု တည် ထောင် ထားတဲ့ ကုမ္ပဏီတွေကတော့-

၁-ရွှေရည်ဖြိုးပြည့် ကုမ္ပဏီ (Shwe Yee Phyo Pyae Co., Ltd)

၂- အောင်မြင့်မိုရ်လင်း ကုမ္ပဏီ (Aung Myintmo Lin Co., Ltd)

၃- မင်္ဂလာအောင်မြေ ကုမ္ပဏီ (Mingalar Aung Myay Co., Ltd) တို့ပဲ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့တင်ဒါတွေရဖို့ စီးပွားရေးသမားတွေဟာ အောင်လင်းဒွေးရဲ့ မိသား စု ကုမ္ပဏီတွေဆီကပ်ကြရသလို ပွဲစားတွေကနေတဆင့် အောင်လင်းဒွေး ဆီကိုလည်း လာဘ်ထိုးရတာပါ။

“တချို့တင်ဒါတွေကို သူတို့ဆီကနေ တစ်ဆင့် ကန်ထရိုက်ပြန်ယူရတယ်။ တင် ဒါ က အောင်လင်းဒွေးသားသမီးတွေနာမည်နဲ့ကျတယ်။ သူတို့က ကျနော် တို့ကို တစ်ဆင့် တင်ဒါလုပ်ငန်းပြန်ချပေးတယ်။ ဆပ်ကန်ထရိုက်သဘောပေါ့။ အဲဒီ တော့ သူတို့နဲ့ချိတ်ဆက်လုပ်ရတယ်။ အဓိက လမ်းဖောက်လုပ်ရေး လုပ်ငန်း တွေမှာ သူတို့နဲ့ တွဲလုပ်ရတယ်” လို့ ရန်ကုန်လမ်းကန်ထရိုက်တာ တစ်ဦးက ဆိုပါတယ်။

ငွေကျပ်သန်း ၅၀၀ အထက် တန်ဖိုးရှိ ဝန်ကြီးဌာနတင်ဒါများကို ပုဂ္ဂလိက ကုမ္ပဏီ တွေ မရရှိကြဘဲ မင်းအောင်လှိုင်နဲ့ အောင်လင်းဒွေးတို့ရဲ့ သားသမီး ပိုင် ကုမ္ပဏီတွေသာရကြပါတယ်။ လက်ရှိမှာ အောင်လင်းဒွေးသား အငယ် ကောင် ဖြိုးအာကာအောင်ရဲ့ အောင်မြင့်မိုရ်လင်းကုမ္ပဏီဟာ ကျောက်မီးသွေး တူး ဖော်ခွင့်ရရှိထားပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံတစ်ဝန်း လမ်းဖောက်လုပ်ရေး၊ ရုံး၊ ကျောင်းနဲ့ ဝန်ကြီး ဌာန ဆိုင်ရာ အဆောက်အအုံတွေ ဆောက်လုပ်ရေး လုပ်ငန်း တွေမှာ ဝန်ကြီးဌာန တင်ဒါတွေကို အောင်လင်းဒွေးသားသမီး ၃ ဦးက ဆက်တိုက် ရရှိနေကြပါတယ်။

အောင်မြင့်မိုရ်လင်း ကုမ္ပဏီကပဲ လာမယ့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းတွေမှာ ဘောပင်နဲ့ခဲတံ တင်သွင်းခွင့် တင်ဒါတွေကို ဈေးကွက်ပေါက် ဈေး ထက် ပိုတင်ထားတဲ့ နှုန်းနဲ့ ရရှိထားတာပါ။ အဲဒီတင်ဒါကတင်ပဲ ငွေကျပ် သိန်းသောင်းချီ အမြတ်ရရှိပါတယ်။ ဒါဟာ စျေးကွက်ပေါက်စျေးထက် ဘောပင် နဲ့ခဲတံ စျေးနှုန်းတွေကို နှစ်ဆ တင်ပြီး ဝန်ကြီးဌာနနဲ့ အောင်မြင့်မိုရ်လင်း ကုမ္ပဏီ အကြား ဝေစားမျှစား လက်ဝါးရိုက်လုပ်စား နေကြတာဖြစ်ပါတယ်။

အာဏာမသိမ်းခင်က မန္တလေးဆေးရုံအုပ်အဖြစ်သာရှိနေတဲ့ အောင်လင်း ဒွေး ညီမ စုစုဒွေးဟာ ရာထူးခုန်တက်ပြီး တိုင်းရင်းဆေးဌာန ညွှန် ကြားရေးမှူးချုပ် ဖြစ် လာပါတယ်။

မင်းအောင်လှိုင်၊ အောင်လင်းဒွေးစတဲ့ စစ်အုပ်စုခေါင်းဆောင်တွေက နိုင်ငံ့ ဘဏ္ဍာ နဲ့သံယံဇာတတွေကို သားစဉ် မြေးဆက် သုံးမကုန်အောင် စိတ်ကြိုက် ခြယ် လှယ်ဖို့ နဲ့ စစ်တပ်အကျိုးစီးပွား ကာကွယ်ဖို့ တိုင်းပြည်အာဏာလုယူခဲ့တဲ့ သက်သေတွေလည်းဖြစ်ပါတယ်။khit thit

မုံရွာမြို့အဝင် စစ်ဆေးရေးဂိတ် ဗုံးချတိုက်ခိုက်ခံရ၊ စကစ တပ်သား သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ – မန္တလေးလမ်းပိုင်း မုံရွာမြို့အဝင် နတ်လူ့ထိပ္ပန်ရပ်ကွက် ဘိုးဘွား ရိပ်သာအနီး ရေးဆန်ဆိုင်ရှေ့တွင် တပ်စွဲထားသည့် စစ်ဆေးရေးဂိတ် ဗုံးချတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးကြောင်း သိရသည်။

အဆိုပါဂိတ်ကို ဒုတိယအကြိမ်အဖြစ် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်သားတစ်ဦး သေဆုံးသည့်အပြင် ခြောက်ဦးဒဏ်ရာရရှိသွားကြောင်း GYZ တပ်ခွဲ (၁)၊ ဗန္ဓုလနှင့်အဖွဲ့သားများ တာဝန်ရှိသူက ဆိုသည်။

ဒီဇင်ဘာလ ၇ ရက် ညနေ ၄ နာရီခွဲခန့်တွင် လမ်းသွား၊ လမ်းလာများကိုစစ်ဆေးပြီး ရမ်းသန်းပစ်ခတ်နေကြသည့် စစ်ကောင်စီတပ်သားများကို အချိန်ယူစောင့်ဆိုင်းပြီး အီနာဂါဗုံးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ ကျနော်တို့ ဒရုန်းမချခင်မှာ ဆိုင်ကယ် နှစ်ယောက်စီးလာတာကို လက်နက်ငယ် နဲ့လိုက်ပစ်တာ အနီးနားရှိ ကလေးတစ်ယောက် ဒဏ်ရာရသွားတယ် ” ဟု ဗန္ဓုလနှင့်အဖွဲ့သားများ တာဝန်ရှိသူက ပြောသည်။

လမ်းသွားလမ်းလာများနှင့် စစ်ဆေးခံပြည်သူများ မရှိချိန်ကို စောင့်ပြီး ဗုံးချခဲ့ခြင်းဖြစ်သော်လည်း မလှမ်းမကမ်းတွင်ရှိ ပြည်သူတစ်ဦးမှာ ဗုံးအသံကြောင့် လန့်ပြီး ခေတ္တခဏသတိလစ်မှုဖြစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ဗုံးချတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ၆၀ မမ တစ်လုံး ၊ ၄၀ မမ နှစ်လုံးအပြင် လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်းသိရသည်။

ယင်းစစ်ဆင်ရေးကို KUG တပ်ရင်း GYZ နှင့် GYZတပ်ခွဲ(၁)_ဗန္ဓုလနှင့်အဖွဲ့သားများ ၊ Democratic Guerrilla Force(DGF)၊ နှင့် Sun King Envoy MONYWA (LPDF) အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဒီဇင်ဘာလ ၆ ရက် ညနေ ၆နာရီ ၂၅ မိနစ်အချိန်ကလည်း GYZ တပ်ခွဲ(၁)_ ဗန္ဓုလနှင့်အဖွဲ့သားများ မဟာမိတ်တပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေပြီး သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

ထို့အပြင် ဒီဇင်ဘာလ ၅ ရက်နေ့က အဆိုပါစစ်ဆေးရေးဂိတ်အား ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့များက အလစ်အငိုက်ဝင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးခဲ့ပြီး အရပ်သားပြည်သူနှင့် ကာကွယ်ရေးတပ်ဖွဲ့ များလည်း အကျဆုံးရှိခဲ့သည်။

အဆိုပါဂိတ်တိုက်ခိုက်ခံရသည့်အတွက် အထိနာနေသော စစ်ကောင်စီတပ်သည် ၎င်းတို့ထပ်မံတိုက်ခိုက်ခံရပါက ရပ်ကွက်ကို မီးရှို့မည်ဟု ခြိမ်းခြောက်၍ အနီးနားရှိရပ်ကွက်များမှ ဒေသခံ ပြည်သူဦးရေ ၁,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ mizzima

« Older Entries