နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းရာ သေနတ်အတိုနှင့် တံဆိပ်တုံးများ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် သတိပဋ္ဌာန်ရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်လှိုင်ဝင်း(ခ)ကုလားကြီးအား ဒီဇင်ဘာ ၇ရက်နေ့ ညနေ ၅နာရီတွင် ဗိုလ်ကျောက်ခဲ ဦးဆောင်သော မြို့ပြပြောက်ကျားအဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ် ခတ်ရှင်းလင်းခဲ့သည်။
အဆိုပါ စစ်ဆင်ရေးတွင် အောင်လှိုင်ဝင်း(ခ)ကုလားကြီးအား သေနတ်ဖြင့် လေးချက် ပစ်ခတ်ခဲ့ရာ နေရာ၌ပင် သေဆုံးသွားခဲ့သည်။
“ကျွန်တော်တို့ တိုင်းဖေ့ဘုတ်စာမျက်နှာကို ဆက်သွယ်ပြီးတိုင်တဲ့ ပြည်သူတွေရှိသလို၊ သူနဲ့ ပတ်သက်တဲ့ အချက်အလက်ကို ကျွန်တော်တို့ အ သေးစိတ် စုံစမ်းတယ်။ စုံစမ်းပြီးတော့ ကျွန်တော်တို့က သက်ဆိုင်ရာ စစ်ရေး ကွပ်ကဲမှု အဆင့်ဆင့်ကနေပြီးတော့ အတည်ပြုချက်ရယူပြီးတော့ သုတ်သင် ရှင်းလင်းဖို့ သင့်တယ်။ သုတ်သင် ရမယ့် လူဖြစ်တယ်ဆိုတဲ့ အခြေအနေကြောင့် အခုလို လုပ်ဆောင်တာဖြစ်တယ်”လို့ ပဲခူး တိုင်း၊ တိုင်းသတင်းပြန်ကြားရေးတာဝန်ခံ ကပြောသည်။
၎င်းသေဆုံးသူ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးထံမှ လက်လုပ်သေနတ်အတို တစ်လက်၊ တံဆိပ်တုံးများ၊ မှတ်ပုံတင်နှင့် အခြားစာရွက်စာတမ်းများ သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်များမှာ စစ်ဆင်ရေးကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။
“ပြည်သူတွေအနေနဲ့ လက်ရှိအချိန်မှာ စစ်ကောင်စီ ဒေါက်တိုင်တွေနဲ့ အနီးကပ်နေခြင်းသော်လည်းကောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ အ နီးကပ် သွားလာတာတွေ၊ ဒါတွေ အားလုံးကို ရှောင်ရှားစေချင်ပါတယ်”လို့ ပဲခူးတိုင်း တိုင်းသတင်းပြန်ကြားရေးတာဝန်ခံက မေတ္တာရပ်ခံထားသည်။
လက်ရှိမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တိုင်းဟာ စစ်ရေးပစ်မှတ်တွေဖြစ်တာကြောင့် စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ထွေအုပ်တွေအနေနဲ့လည်း အမြန်ဆုံးနုတ်ထွက်သင့်တယ်လို့ သူကဆက်လက် ပြောသည်။
ပဲခူးတိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ရှိ ကာကွယ်ရေးတပ်ဖွဲ့များသာရှိပြီး၊ ခရိုင် လေးခရိုင်ရှိကာ ခရိုင်တစ်ခုကို အနည်းဆုံး တပ်ရင်း နှစ်ခုရှိသည်။mizzima